Sunday, July 26, 2009

ဗမာပြည်သား အလုပ်သမားများအား ရွာအာဏာပိုင်နှင့် ရွာခံထိုင်း ရဲတပ်ဖွဲ့တို့မှာ ရှောင်တိမ်းခိုင်း

ယမန်နေ့က မဲဆောက်မြို့နယ်အပိုင် ကျေဒီခို့ကျေးရွာတွင် နယ်ခြားစောင့်ပုလိပ်တပ်ဖွဲ့များ (တောချေရော) မှ နေထိုင်ခွင့် လက်မှတ်မရှိသော မြန်မာအလုပ်သမားများအာ ၀င်ရောက်ဖမ်းဆီးမည်ဖြစ်သဖြင့် ရွာခံပုလိပ် တပ်ဖွဲ့များနှင့် ကျေးရွာသူကြီးတို့မှ ဗမာပြည်သားအလုပ်သမားများအောင် ရှောင်တိမ်းခိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကျေဒီခို့ကျေးရွာအား နယ်ခြားစောင့်ပုလိပ်တပ်ဖွဲ့များမှ စီမံချက်ဖြင့် ဇူလိုင်လ ၂၆ - ၂၇ - ၂၈ ထို ၃ ရက်အတွင်း ၀င်ရောက်စီးနင်းဖမ်းဆီးမည်ကို ကြိုတင်သိရှိထားသော ရွာခံ ပုလိပ်တပ်ဖွဲ့နှင့် သူကြီးမတို့မှ ကျေးရွာအတွင်းနေထိုင်သည့် ဗမာပြည်သားအလုပ်သမားများအား အထူးတလည် သတိပေးအကြောင်းကြား ကာ ရှောင်တိမ်းခိုင်းထားကြောင်းသိရသည်။
ကျေဒီခို့ကျေးရွာ ပုလိပ်ဂိတ်သည် မဲဆောက်အသွား အပြန် လိုင်းကားတွင် စီးနင်းလာသော တရားမ၀င်ဗမာ ပြည်သားအလုပ်သမားများအား ဖမ်းဆီးရာတွင် နာမည်ကြီးသော ဂိတ်ဖြစ်သည်။

48 - News (26 - 7 - 09)

No comments:

Post a Comment