Saturday, July 11, 2009

၁၁ - ၇ - ၂၀၀၉

အထွေထွေသတင်း
- ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့ click
- MRP ခွဲထွက်အဖွဲ့ အစည်းအဝေးတက်ရန် နယ်စပ်တို့ တက်လာချိန်တွင် တိုက်ခိုက်ခံရ click
- ကေအန်ယူကို လက်နက်ကြီးဖြင့် ဒီကေဘီအေ ပစ်ခတ်ခြောက်လှန့် click
- စစ်ကားတိမ်းမှောက်၍ စစ်သား (၂) ဦးသေ၊ (၄) ဦး ဒဏ်ရာရ click
- ဖားကန့်မြေပြိုမှုနောက်ပိုင်း ရောဂါဘယဖြစ်မှာ စိုးရိမ်နေကြ click
- မစ္စတာဘန်ကီမွန်းခရီးစဉ် လုံခြုံရေးကောင်စီမှာ ရှင်းလင်းမည် click
- စပါးစိုက်တောင်သူများကို ကျေးရွာဥက္ကဋ္ဌ ငွေပိုကောက်ခံနေ click
- တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ click
- ကရင်ပြည်နယ်ရှိ မွန်ရွာတချို့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မား click
- မွန်ပြည်နယ်တွင် မျက်နှာဖုံးအုပ် ရောဂါကူးစက်ကာကွယ်မှု အလွန်နည်းပါး click
- မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါရှိသူ နောက်တဦးတွေ့ရှိ click
- ရတနာပုံကလပ် အွန်လိုင်းပေါ်ရောက် click
- ယူနိုက်တက်လေကြောင်းကို သီချင်းနဲ့တုန့်ပြန် click

နိုင်ငံတကာသတင်း
- အိုဘားမား အာဖရိက ပထမဆုံးခရီးစဉ်အဖြစ် ဂါနာနိုင်ငံရောက်ရှိ click
- အာဖရိက အရေးပါကြောင်း အိုဘားမား ပြော click
- အုပ်ချုပ်မှုကောင်းမှ ဖွံ့ဖြိုးမည်၊ အာဖရိကရောက် အိုဘားမား ပြော click
- ဟန်တရုတ်-၀ီဂါ အဓိကရုဏ်းနှိမ်နင်းမှု အမေရိကန်ရှုတ်ချဖို့ လွှတ်တော်မှာတိုက်တွန်း click
- ရှင်ဂျန်းမူဆလင် အိမ်ပြင်မထွက်ရဲ click
- တုပ်ကွေးကြောင့် ထိုင်းလူမျိုး (၁၂၀၀) လောက်ထိ သေဖို့များ၊ (၃) နှစ်ကျော်အတွင်းမှာ လူပေါင်း သန်း (၃၀) ဗိုင်းရပ်စ်ပိုး ကူးစက်နိုင် click

ဒေသတွင်း သတင်း
၄၈ မှာ အလုပ်သမား လက်မှတ်များ စတင်ပြုလုပ်
မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်နေသူများအတွက် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တရားဝင်နေထိုင်ခွင့် လက်မှတ်များကို ၄၈ ကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သမားများအား စတင်ပြလုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါလက်မှတ်အား ကိုင်ဆောင်မည့် ၄၈ ကီလိုကျေးရွာမှ အလုပ်သမားများသည် ဖုတ်ဖတ်မြို့အတွင်းတွင်သာ သွားလာခွင့်ရှိမည်ဟုသိရှိရပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များအဖြစ် တိုးချဲ့လုပ်ကိုင်ပေးမည်ဟုလည်း သိရှိရသည်။ အဆိုပါ နေထိုင်ခွင့်လက်မှတ်ပြုလုပ်မည့် ဗမာပြည်သားများသည် မြန်မာနိုင်ငံ နိုင်ငံသားမှတ်ပုံတင် ရှိသူများသာ ဖြစ်ရမည်ဟု သိရှိရပြီး ၃၆၀ ဘတ် ကုန်ကျသည်ဟုသိရှိရသည်။
အဆိုပါ နေထိုင်ခွင့်လက်မှတ်သည် မြန်မာနိုင်ငံ နိုင်ငံသားမှတ်ပုံတင်ရှိသူများကိုသာ ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် တရားမ၀င်ဲမြန်မာအပါအ၀င် တောင်ပေါ်သားတိုင်းရင်းသားများ အခက်အခဲများရှိနေကြောင်း သတင်းရရှိပါသည်။

ချဲပေါက်ပြန်သော်လည်း
မဲဆောက်မြို့နယ် ကျေဒီခို့ ကျေးရွာတွင် လွန်ခဲ့သည့် ဇူလိုင် ၁ ရက်နေတွင် ထွက်ရှိခဲ့သည် သုံးလုံးတိုက်ထီ (ချဲထီ) ပေါက်သူ အတော်များခဲ့ပြီး ချဲဒိုင်မှ ပေးလျော်ရမည့် လျှော်ကြေးအား ထိုင်းလူမျီုး ချဲပေါက်သူများကိုသာ ပေးလျော်ခဲ့ပြီး ချဲပေါက်သူ မြန်မာပြည်သားများအား လုံးဝပေးလျော်မှုမရှိခဲ့ကြောင်းသိရသည်။
ချဲပေါက်သူမြန်မာပြည်သားများအား ပေးလျော်ရမည့် ငွေပမာဏစုစုပေါင်း ဘတ်တသိန်းကျော် ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment