Saturday, July 18, 2009

လေးဆယ့်ရှစ်က သတင်းတွေ

လေးဆယ့်ရှစ် ရွာသူတဦး မဲ့ဆောတ်တွင်ဆေးရွက်ကြီးနှင့် အဖမ်းခံရ

ယနေ့နံနက် ၁း ၀၀ နာရီခန့် အချိန်တွင် မြ၀တီမှ ဈေးဝယ်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာသူ လေးဆယ့်ရှစ်ရွာသူ အသက်(၆၈)နှစ်ရှိ ဒေါ်မြခိုင်အား မြန်မာ ကွမ်းစားဆေးရွက်ကြီး ၃ ပိဿာအား ထိုင်းနိုင်ငံ ယစ်မျိုးရဲအရာရှိများမှ ရှာဖွေတွေ့ရှိ အရေးယူခံခဲ့ရကြောင်း သတင်းရရှိသည်။

ဒေါ်မြခိုင်သည် မြန်မာပြည်ဘက်ကမ်း မြ၀တီဈေးမှ သံသေတ္တာ (၄) လုံး၊ ကွမ်းရွက် (၃) ခြင်း၊ ဘုရားပုံတော် ကားချပ် (၅၀) နှင့်အတူ တားမြစ်ကုန်စည်ဖြစ်သည့် မြန်မာကွမ်းစားဆေးရွက်ကြီး ၃ ပိဿာ သည်ဆောင်လာစဉ် မြ၀တီတဖက်ကမ်း မဲဆောက်မြို့နယ်၊ မယ်တောင်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ယစ်မျိုးရဲအရာရှိ (စမစ်အရာရှိ) များမှ ရှောင်တခင် စစ်ဆေးရာမှ အဆိုပါ မြန်မာဆေးရွက်ကြီး ၃ ပိဿာအား ရှာဖွေတွေ့ရှိ အရေးယူခံရခြင်းဖြစ်သည်။ မြန်မာဆေးရွက်ကြီးအပါအ၀င် ဒေါ်မြခိုင်သယ်ဆောင်လာသည့် ကုန်စည်အားလုံးအား ထိုင်းယစ်မျိုးအရာရှိများမှ သိမ်းယူလိုက်ပြီး ဒဏ်ငွေ (၅၀၀) ဘတ် ပြစ်ဒဏ်ချမှတ်လိုက်သည်။ အဆိုပါ သိမ်းယူသည့် ကုန်စည်များ၏ တန်ဖိုးစုစုပေါင်းမှာ ထိုင်း ဘတ်ငွေ ၄၂၀၀ တန်ဖိုးရှိကြောင်းသိရှိရသည်။

၁၈ - ၇ - ၀၉

No comments:

Post a Comment