Monday, December 7, 2009

ရှာရှာဖွေဖွေ အမေရိကန် သမိုင်းတကွေ့









ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား

အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင် ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင် ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေးဆုံးရှုံးခဲ့ရသည်။

သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။
သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။






ပို ၍ ထူးခြားတာက..
လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး
ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။
သူတို့နှစ်ဦးလုံးကိုတောင်ပိုင်းသားများကလုပ်ကြံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။








လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။
ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉
တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။

ဆက်လက်လေ့လာကြပါစို့.....


လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိ ကားပေါ်တွင် လုပ်ကြံခံရသည်။
သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၄င်းကို လုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ ပြေးပုန်းခဲ့သည်။
သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီး လုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။
သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံး မရင်ဆိုင်ရမှီ လုပ်ကြံ သတ်ဖြတ်ခြင်းခံရသည်

မပြီးသေးပါဘူး......


လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။




ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။






ဒီကိစ္စတွေဘယ်သူရှင်းနိုင်ပါသလဲ????
နောက်တစ်ခုဆက်ကြည့်ကြရအောင်
၁။ ဒေါ်လာ ၂၀ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ

၂။ နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။












၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။








၎။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ

တိုက်ဆိုင်လိုက်တာနော်.... သင်ဘဲဆုံးဖြတ်လိုက်ပါတော့
မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်
ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ

ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦ:

ဆက်ကြည့်ပါအုံး......

လူအများအပြားသေဆုံးမှု.....ပင်တဂွန်စစ်ဌာနချုပ်
လူအများအပြားသေဆုံးမှု..... မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး
လူအများအပြားသေဆုံးမှု...... Osama???
ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20
ဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်ဖြစ်စဉ်ကို သင်ရဲ့မိတ်ဆွေတွေဆီမျှဝေလိုက်ပါဗျာ...

with the best wishes,


zaw zzaw aung


ref ....... Forwarded message

Monday, October 5, 2009

ဆိုကရေးတီး ရဲ့ အဆိပ်

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၄ )


ဘ ကိုကြီးရေးသည်

အိမ်နားရောက်လေ ရင်မှာ ဖိစီးမှု တခုဖြစ်လာသလို ခံစားရသည်။ ထိုခံစားမှုက ဘာရယ် အသေချာ မသိသော်လည်း အပြစ်မကင်းသော ကိုယ့်ကိုကိုယ် သိသည့်စိတ်က နိုးဆော်ထားမှန်းလည်း သိနေမိပြန်သည်။ သုံးနှစ်ကျော်မျှ မိသားစုနှင့် ခွဲခွာခဲ့ချိန် အတွင်း သာကြောင်းမာကြောင်း ကလေးမျှ စာတစောင် ပေတဖွဲ့ မရေးမိ အကြောင်းမကြား ဖြစ်ခဲ့သော ကိုယ့်လိုအပ်ချက်တွေကို နောင်တရနေမိသည်။ အိမ်နားအရောက်မှာတော့ အိမ်ရှေ့ကိုထွက်ကြိုနေသော ကြီးဒေါ်ကြီးကိုတွေ့ရသည်။
- ဟယ် မောင်လွင်ရယ် အကြောင်းမကြား ဘာမကြား သေမှန်းမသိ နေမှန်းမသိ၊ နေနိုင်လိုက်တာဟယ်၊
- ဘာပူစရာလဲ အကြီးရာ အကြီးတူ သံမဏိဘဲဟာ၊ အချိန်တန် အိမ်ပြန်လာမှာပေါ့၊
- အေးလေ ပြန်ရောက်ခါမှ ရောက်ပေါ့၊ တကထဲဟယ် .. နေနိုင်ထာ၊ တနှစ်နေလို့ သာကြောင်းမာကြောင်းလေး စာတစောင်လောက် ရောက်ဆို ဟုတ် ဟုတ်သေးတော့၊ မဟုတ်ဘူးလား မောင်ဝင်းသိန်းရဲ့၊
- ဟုတ်တယ် အကြီးရ ဒီကောင် အတော်နေနိုင်တာဘဲ၊ လာတုန်းဆူထားမှ၊
- ဝက်မ အကြီးကိုထောင်ပေးမနေနဲ့၊ အဖေရှိနေလား အကြီး၊
- ရောက်နေပြီ၊ အမြင့်လည်း အစောလေးကတင် ကျောင်းကပြန်ရောက်လာတာ၊
အဖေ့ကို မွေးချင်းများနှင့် ဆွေမျိုးတသိုက်လုံးက နာမည်အဖျားစွတ်ပြီး အမြင့်၊ အမြင့် ခေါ်ကြသည်။ ငယ်စဉ်ကတော့ အဖေ့ကို မိန်းကလေး နာမည်တွေခေါ်သလို ခေါ်နေတာ လုံးဝ မနှစ်ချိုက်ခဲ့၊ အရွယ်လေးနဲနဲရ နယ်ဝေးမှာ မိသားစု ဆွေမျိုးနဲ့ခွဲခဲ့ချိန်မှသာ မိသားစု မေတ္တာတွေကို နားလည်လာရသည်။ အဖေက မွေးခြင်းထဲတွင်ကော တဝမ်းကွဲမွေးချင်း များတွင်ပါ အငယ်ဆုံး ဖြစ်လေသည်မို့ ချစ်စနိုးခေါ်ကြလေမှန်း သိလာရသည်။
- ငါလည်းပြန်တော့မယ် ဝင်းလွင်၊ ညဘယ်အချိန် လာခဲ့ရမလဲ၊
- ဟဲ့ ပြန်မှာလား၊ မင်းတို့မလဲ မောင်လွင်ပြန်လာမှ မျက်နှာတွေ့ရတော့တာ ဘဲကိုး၊
- ပြန်ရမယ်အကြီး၊ ဈေးကြိုပေးရဦးမှာ၊
- အေး ည ၇ နာရီခွဲလောက် ထွက်လာမယ်၊ ကျန်တဲ့ကောင်တွေပါ ခေါ်လာကွ နော..
- အေး ပါကွာ ခုလောက်ဆို ဟိုကောင်တွေလဲ မင်းပြန်ရောက်တာ သိလောက်ရောပေါ့ ၊
အိမ်ပေါ်မှာတော့ အဖေ ရေနွေးကြမ်းတအိုးနှင့် ထိုင်နေသည်ကိုတွေ့ရသည်။ ဘုရား ဝတ်ဖြည့်ပြီး အကြီးနှင့် အဖေ့ကို ဦးချ ကန်တော့လိုက်သည်။ ဒါလည်း ခရီးဝေးပြန်ရောက်တိုင်း ပြုနေကျ ပင်။
- ခွင့်ဘယ်လောက်ရလာလည်း၊
- ခွင့်မဟုတ်ဘူး အဖေ၊ ခုက ဒေးဆော့ နားရက် တလ ရလာတာ၊
- ဒါဆို မင့်း အရင်နှစ်တွေကကော၊
- လစာမပျက် နားရက်က ပါမစ်နစ် ဖြစ်မှ ရတာအဖေ၊ အရင်က နေ့စားလရှင်းဘဲ၊
- ဟ၊ ဟန်ကျသားကွ မင့်းအလုပ်က၊ ဘယ်တွေမှာရောက်ခဲ့လဲ၊ ခုက ဘယ်ကနေပြန်ခဲ့တာလဲ၊
- ရောက်တာတော့ အစုံဘဲ အဖေ၊ ရွှေပြည်သာ၊ နိဗ္ဗာန်၊ ပြည်၊ အခုက ချောက်ကနေ ပြန်လာခဲ့တာ၊ ရော့ ဒီမှာ အကြီး ၊
- ဟဲ့ ဘာအိပ်တုံး ..
- ပိုက်ဆံဘဲ အကြီး ၂၅၀၀၊ ဟိုကလေးတွေ ဘယ်ရောက်နေလဲ အကြီး တယ်ငြိမ်နေပါလား၊
- ဟဲ့ ဌေးလာတာပေါ့လေ၊ မင်းညီတွေတော့ ကျောင်ကပြန်လာပြီး ရေသွားချိုးနေကြတာ၊ သိတာနဲ့ ပြေးလာကြမှာပါ၊ ခေါက်ဆွဲများ ဝယ်လာသေးတယ် ထ္မင်းစားချိန်ကြီးမှန်း သိသားနဲ့ အပိုကုန်အောင် လုပ်တယ်နော်၊
အကြီးကိုတော့ ဘာမှပြန်မပြောဖြစ်တော့၊ ဒီလိုပြောလေဦးမည်ဟု သိပြီးသားမို့ အသာငြိမ်နေတာက ပိုပြီး ကောင်းလေမည်၊ သို့မဟုတ်လျှင် အပြစ်တင်စကားတွေ အမျှင်ဆက်လာချေဦးမည်ပင်။ စကားလက်စ မသတ်ခင်မှာပင် ကလေးတသိုက်၏ စီစီလောင်လောင် အသံတွေ ကြားနေရသည်။ အဖေကတော့ ခတ်ပြုံးပြုံးပင် ကြည့်နေလေသည်။
- ဟော ဟော ပြောရင်းနဲ့ လာကြပါပြီ စီလောင်မာကြွက်တို့ တတွေ၊ ဟဲ့ နင်တို့ အကိုကြီးပြန်ရောက် နေပြီဟဲ့၊
- ကိုကြီးရေ.. ကိုကြီးရေ
အော်ရင်းဟစ်ရင်း အိမ်ပေါ်ကို အပြေးတက်လာကြသော ညီတွေညီမတွေ၊
- ဟဲ့ ဟဲ့ ရေစိုတွေသွားလဲကြဦး တကထဲတော် …
- ဟာ … ရေတွေဘယ်လောက် ငုပ်လာလည်းကွာ မျက်စိတွေလည်း နီနေကုန်ပြီ၊ အငယ်မကတော့ ခုထိ ပုတုံး သေးတုံးဘဲ နော်၊ မင်းကတော့ ကိုကြီးကိုတောင် မှီနေပါရောလားဟ၊
- ကိုကြီး ဘာတွေဝယ်လာလဲ၊ စားစရာဘာဝယ်လာလည်း၊
- ပါတာပေါ့ အကြီးလုပ်ပေးလိမ့်မယ်။
- အင်းလေ .. ဘာတွေလဲလို့ဆို ၊
- ဟယ် .. ပြောနေရင်းနဲ့တောင် အမေးထူနေသေးတယ်၊ စကားဖေါမနေကြနဲ့ အဝတ်မြန်မြန်လဲ၊ ထမင်းစားဖို့ပြင်ရမယ်၊ မောင်လွင်လဲ ရေချိုးလိုက်ဦး၊ ဒီမှာဘဲချိုးလိုက်တော့ ကမ်းနားကို မဆင်းနေနဲ့တော့၊
အကြီးရဲ့ ဒီလိုလေသံတွေလဲ မကြားရတာ ကြာတောင့်ကြာလှနေပြီ၊ ရေမိုးချိုးပြီး ခဏနေတော့ မိသားစု ထမင်းဝိုင်း ဖွဲ့ကြတော့သည်။ ဒီလို မိသားစု စုံစုံလင်လင် ဝိုင်းဖွဲ့ မစားရတာ အတော်ကြာခဲ့ပြီမို့ စိတ်ထဲမှာ ရွှင်လန်းနေမိတော့သည်။ မိသားစုတခုလုံး စုံစုံညီညီ နှင့် လက်ရေတပြင်စီး နေခဲ့သော ကာလတွေကို ထားရစ်ခဲ့ပြီး ကိုယ်စိတ်ကိုယ့်ကိုယ် နေလာခဲ့စဉ်ကတော့ ဒီလို အခြေအနေတွေကို တခါမျှ ပြန်လည် လွမ်းဆွတ်ခဲ့ခြင်း မရှိခဲ့ပါဘဲလျှက် ခုလိုအခြေအနေကို ပြန်လည် မဖဲခွါ လိုတော့သလိုပင် ဖြစ်နေရသည်။
ညနေခင်းမှာ မြို့ငယ်ကလေးက တိတ်ဆိပ် ညိမ်သက်နေသည်။ တလျှောက်လုံး တာဝန်ကျခဲ့ရာ အညာမြေနှင့် မြေလတ်ဒေသများဆီ မှာတော့ ကားသံ တဝီဝီ လူသံတစီစီ နှင့် လှုပ်ရှားနေလေမည်။ ကိုယ့်မြို့ ကလေးကတော့ အေးချမ်းသည် ခေါ်ရလေမလား သက်ဝင်လှုပ်ရှားမှု မရှိဘူး ပြောရလေမလား၊ မည်သို့ပင် ဆိုစေ အေးချမ်း ဆိပ်ငြိမ်နေတာတော့ အမှန်ပင်။ မြို့ကလေး၏ အသက်ဝင် လှုပ်ရှားနေရာ အပိုင်းကတော့ သင်္ဘောဆိပ် တဝိုက်မျှသာ ဖြစ်လေသည်။ ဈေးနှင့် သင်္ဘောဆိပ် အပိုင်းမှလွဲလျှင် ကျန်ရပ်ကွက်များကို မြို့ပြ အခင်းအကျင်းဟု ပြောလို့ ရစရာ အကြောင်းမမြင်သော မြို့ကလေးပင်။
ကလေးတွေ မေးသမျှဖြေ ၊ အဖေတို့ အကြီးတို့နှင့် စကားစမည်ပြောရင်း ညနေခင်း အချိန်တွေကို ကျော်လွန်စေပြီး သူငယ်ချင်းတွေ လာခေါ်ချိန်ကို စောင့်နေလိုက်သည်။ ဒီညတော့ မြို့ကလေးရဲ့ လ္ဘက်ရည်ဆိုင် ရင်ခွင်တွေဆီ ပြန်လည် ခိုဝင်ဖြစ်လေဦးမည်။ မြို့ကလေးမှာ ကျောင်းသားဘဝက ထိုင်ခဲ့သော ဆိုင်တွေ ရှိနေလေဦးမည်လား၊ တွေးနေမိသေးသည်။ မြို့ကလေးရဲ့ အနေအထားကတော့ ပိုမို အိုဟောင်းလာတာ အပြင် အသစ်၊ အသစ်သော ပြောင်းလွဲတာတွေတော့ ထင်သာမြင်သာ မရှိပေ။

အခန်း ( ၅ )
- ငါ မော်လမြိုင် သွားမယ်၊ ဘယ်သူ လိုက်မလဲ၊
- လိုက်တော့ လိုက်ခြင်သားကွာ၊ ဟိုမှာ ဘာသွားလုပ်မှာလည်း၊ အလုပ်ရှိနေပြီလား။
- ဘာမှတော့ သေချာ မသိသေးဘူး ဟိုမှာ ဘော်ဒါတယောက်ရှိနေတယ်၊ ဟိုရောက်မှ အခြေအနေကြည့်လုပ်ရမှာဘဲ။
- တို့နဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ၊ ဒီမှာလဲ အလုပ်တွေရှိနေတာ။
- ဝင်းသိန်း .. ဝက်မကြီး မင်းလိုက်မလား၊
- ငါတော့ မလိုက်ပါဘူး၊ လိုက်သွားလို့လဲ ဖြစ်မယ် မထင်ဘူးကွာ။
- ဘာလို့လဲဟ၊
- အေး .. သူ့ အဖေက ကျန်းမာရေး မကောင်းတော့ဘူး၊ ဒီကြားထဲ သူ့ညီက မိန်းမခိုးလာခဲ့ပြီး အိမ်ပေါ်မှာ။ တောက လယ်ထောက်ခတွေရယ်၊ သူ့လုပ်စာရယ်ဘဲ ရှိနေတော့တာ။
- ဒါဆို မင်းကကော …
- ဟားဟားဟား ….. မင်းက ဘာမှ မသိသေးဘဲ ခေါ်ခြင်နေတာကိုးကွ၊
- ဘာဖြစ်လဲဟ
- ဒီကောင် မိန်းမယူတော့မလို့ကွ၊
- ဟာ ဟုတ်လား ဟေ့ ယောင်၊
- မဟုတ်သေးပါဘူးကွာ၊
- မဟုတ်သေးပါဘူးဆိုတာ၊ နောက်ဟုတ်တော့မှာ လို့ပြောတာ၊ ခုတော့မဟုတ်သေးဘူးပေါ့၊
- မဟုတ်ပါဘူးကွာ၊ ငါ လ္ဘက်ရည်ဆိုင်ဖွင့်မလို့ကွ၊
- မင်းက ဘယ်မှာဖွင့်မှာလည်း၊ ဆိုင်ခန်းငှားမှာလား၊
- မဟုတ်ပါဘူးကွာ၊ ဆိုင်ခန်းမငှားနိုင်ပါဘူး၊ အိမ်မှာဘဲ ရှေ့ချမ်းကို ပြင်ပြီး ဆိုင်ဖွင့်မှာ၊
- ဒါဆို ငါဘယ်သူ့ခေါ်သွားရပါ့မလဲ၊ ဟို တကောင်ကလဲ မလာသေးဘူးဟ၊
- အေး ဟုတ်တယ်၊ အဲဒီကောင်ကိုခေါ်သွား၊ ဒီကောင် လိုက်ယောင်နေတာကွ၊ ဘာမှ ဟုတ်တိပတ်တိ ဘာမှ လုပ်နေတာမရှိဘူး။
- ဘယ်သူလဲဟ၊ ကျော်သေးကို ပြောနေတာလား၊
- အေး ဟုတ်တယ်။
- အေး ဒီကောင် ဘာတွေလုပ်နေလဲ၊
- မင်း ပါလေရာကြီးကို သိတယ်မဟုတ်လား၊
- အင်းသိတယ်၊ ကြက်ခြေနီလိုက်၊ မီးသတ်လိုက် လုပ်နေတာလေ။
- အေးအခု လမ်းစဉ်လူငယ် ခေါင်းဆောင် သင်တန်းက ပြန်လာပြီး လမ်းစဉ်လူငယ် တီးဝိုင်းခေါင်းဆောင်ဖြစ်နေတာကွ၊
- ဟန် .. ပလွေတောင် အသံထွက်အောင် မမှုတ်တတ်ဘဲနဲ့များကွာ၊
- ဟား ဟား ဟား ဟား ၊ ဟုတ်တယ်လေ၊ ဘာဖြစ်ဖြစ် ခု တီးဝိုင်းခေါင်းဆောင်ကွ၊ မနှစ်က ဘောလုံးကွင်ထဲမှာ ကွင်းဖွင့်ပွဲလုပ်တော့ မင်းကိုမြင်စေခြင်လိုက်တာကွာ၊
- ဘာလို့လဲကွ၊
- ဘင်ခရာဝိုင်းရှေ့ကနေ ကားယားကားယားနဲ့ တုတ်တချောင်း လှည့်လိုက် မြှောက်လိုက် ဖမ်းလိုက် လုပ်နေတာ၊ ကွင်းကို လှည့်ရင်းတို့နားရောက်လာတော့ ညာဘယ် ညာဘယ် ဝိုင်းအော် ပေးလိုက်တာ မင်းကောင် တုတ်လွတ်ကျပြီး အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်တာပေါ့ကွ။
- ဟား ဟား ဟား တွေ့ခြင်လိုက်တာကွာ၊ အဲဒါ ကျော်သေးနဲ့ ဘာဆိုင်လဲကွ၊
- မင့်း ကောင်က အဲဒီမှာ ဂစ်တာလိုက်တီးနေတာ၊ ပါလေရာကြီး တပည့်ပေါ့ကွ၊
- ဟေ တို့နဲ့ တဲ့တာမှ မဟုတ်ဘဲနဲ့ ဒီကောင်ဘာလုပ်တာလဲဟ၊
- အေး မနှစ်ကဘဲ ရံပုံငွေ တီးဝိုင်း ထောင်မယ် ဆိုပြီး ဂစ်တာတွေ ဘာတွေ ပါလာတော့ ပါလေရာကြီးက ကျော်သေးကို ခေါ်သုံးတာဘဲကွ၊ ကိုယ့် ရပ်ကွက်သား အချင်ချင်း ဘဲ ဘာညာပေါ့ကွာ၊ ဒီလိုနဲ့ ဂစ်တာလိုက်တီးဖြစ်တာ။
- အဲဒါ ကျော်သေးက ဝက်ပိန်ရယ် အပုလေးရယ် တရုတ်မရယ်ကိုပါ ဆွဲထည့်လိုက်ပြန်ရော။
- ဟာ ဒီကောင်တွေကွာ၊ သူတို့ဝိုင်းက တီးရော တီးရလို့လား၊
- ဒီမှာတော့ ဆွမ်းပတ်တွေမှာ အလကားလိုက်တီးတာတောင် အလောင်ခံရလို့ မတီးရပါဘူး။ တောက ဥက္ကဌတွေ အတွင်းရေးမှူးတွေရဲ့ သား သမီးတွေ မင်္ဂလာဆောင်တုန်းကတော့ လိုက်တီးရသေးတယ်။
- ဟေ့ယောင်တွေ ဟိုမှာ လာနေပါပြီဗျာ ကိုကျော်သေး။
- ဟေ့ယောင် ကျော်သေး ဒီကိုလာကွ၊ ညီလေးရေ ပေါ့ကျ ဝမ်း လုပ်ဦးဟေ့၊
- ဟာကွာ မင်းတို့က ငါ့ကိုတောင် မစောင့်နေကြဘူး။
- လာပါ လာပါ ဂီတမှူးကြီး၊ ပါလေရာကြီးရဲ့ ဒဘဲ့၊
- တော်စမ်း ဟိုကောင်တွေ ဘာ ချွန်ထားလဲ။ မင်းတို့ ကောင်တွေ ဘာမှလဲ မသိဘဲနဲ့ ငါက ပါလေရာကြီးကို အသုံးချနေတာကွ၊
- အမ်မာ … ကြီးကြီးကျယ်ကျယ် ဘာတွေများ အသုံးချနေပါလိမ့်နော်၊
- ဒီလိုကွ၊
သူငယ်ချင်းတွေထဲမှာတော့ ကျော်အေးက အကောင်အသေးဆုံး၊ ဒါကြောင့်မို့ ကျော်အေး နာမည်ပျောက်ပြီး ကျော်သေးလို့သာခေါ်ကြသည်။ သူက စပ်စပ်ဆော့ဆော့လည်း နိုင်သေးသည်၊ ဘာလေးဖြစ်ဖြစ် ဝင်လုပ်လိုက်ရမှ ကျေနပ်သူ၊ နဲနဲလည်း ကြီးကြီး ကျယ်ကျယ်ပြောတတ်သူ၊
- ညီလေးရေ ရေနွေးထည့်ပေးဦးကွ၊ မင်းတို့ကလည်းကွာ ရေနွေးမရှိတော့တာမထည့်ခိုင်းဘူး ..
- အေးပါ၊ လုပ်စမ်းပါဦး မင့်း အသုံးချပုံကိစ္စ ၊
- ဒလိုကွ ၊ သူတို့ တီးဝိုင်းက ဘာမှတီးရတာမဟုတ်ဘူးလေ၊ ပစ္စည်းတွေကရှိနေတာမဟုတ်လား၊ ဒီတော့ ငါက ဟိုကောင်တွေကိုပါ ဒီရံပုံငွေ တီးဝိုင်းမှာဝင်ခိုင်းလိုက်တော့ တို့ခြေ တို့လက်ဖြစ်တာပေါ့ မဟုတ်ဘူးလား၊ မင်းတို့က ဘာသိလဲ … အခု တို့ အငြိမ့်ထဲမှာလိုက်ပြီး ဂစ်တာတီးတာ ပါလေရာ ကြီးတို့ဆီက ဂစ်တာတွေပေါ့ကွ ဟဲ ဟဲ ဟဲ
- အေးကွ ဒါလည်းပိုင်ပြန်တာဘဲဟ
- ဒလို ကျတော့လဲ တို့ကောင်က ဘယ်ညံ့မလဲ၊
- ဒါပေါ့ကွ မင်းတို့က ဘာမှမသိဘဲနဲ့၊ နေဦး ဟေ့ယောင် ဝင်းလွင်၊ မင်းက ဘယ်ကနေ ကိုယ်ယောင်လာပြတာလဲ၊ မင်းကသွားလိုက်ရင် တမေ့တမောဘဲ၊
- အေးလေ မင်းတို့ကို လွမ်းလွန်လွန်းလို့ ပြန်လာတာပေါ့ကွာ ဟဲဟဲ ဟဲ
- တော်လိုက်တော့၊ မင်းက သတင်းမကြား ဘာမကြားနဲ့ ငါဆို အကြီးကို ရှောင်နေရတယ်၊ တွေ့တာနဲ့ မေးတော့တာဘဲ၊ မင်းတို့ဆီ မှာ မောင်လွင်အကြောင်း သတင်းမရဘူးလား ဘာညာ မေးတော့တာကွာ၊ မင်းကလဲ အတော်နေနိုင်တာကိုးကွ၊
သူငယ်ချင်းတွေက အိမ်မှာ ဝင်ထွက် နေနေကျပင်၊ ကိုယ်ကလဲ ကိုယ်ပင်၊ ထွက်ပြီဆို နောက်ပြန်လှည့်မကြည့်တတ်တဲ့ အကျင့်ဆိုးကလဲရှိနေသေးသည်မို့ ပြောသမျှ ငြိမ်ခံနေလိုက်ရုံသာ ရှိတော့သည်။
- မင်းက ပြန်သွားဦးမှာလား၊ ဒီမှာပြန်မနေတော့ဘူးလားကွ၊
- အဲဒါပြောမလို့ဘဲ၊ ပြန်သွားဦးမှာ၊
- အေးပေါ့၊ အလုပ်ရှိနေတာဆိုတော့ပြန်သွားရမှာပေါ့၊ ပါမစ်နစ် ဖြစ်ပြီဆိုတော့ ထောတာပေါ့ကွ၊
- မဟုတ်ဘူးကွ ဒီကောင်ပြောတာက ဒီတခါ အလုပ်ထဲပြန်သွားမှာမဟုတ်ဘူးတဲ့၊
- ဒါဆိုဘယ်သွားဦးမှာမို့လဲ၊ အလုပ်ပြန်မဝင်တော့ဘူးလား၊
- အေး၊ ငါက မင်းကိုပါ ခေါ်သွားမလားစဉ်းစားနေတာ၊ မော်လမြိုင်ဖက် သွားမလို့လေ၊
- မလိုက်ဘူး ဟေ့ယောင်၊ လုံးဝ မလိုက်ဘူး၊ မင်းဟာက ဘယ်သွားသွား တပျောက်ဘဲ၊
အသည်းအသန် ငြင်းလိုက်သော ကျော်လေးကြောင့် သူငယ်ချင်းတသိုက် ဝိုင်းရယ်ကြရသေးသည်။
- ရီမနေကြနဲ့ ငါတကယ်ပြောတာ၊ လုံးဝဘဲ၊
- မင်းကလဲကွာ ငါနဲ့ လိုက်ရမှာ သူရဲသဘက်နဲ့ လိုက်ရမဲ့အတိုင်းဘဲကိုးကွ၊
- အဲဒီထက်ဆိုးတယ်ကွ၊
- အပိုတွေပြောမနေနဲ့၊ လိုက်သာသွား၊ တို့တောင်လိုက်ခြင်တာ၊
- အေးလေ မင်းတို့လိုက်သွားလိုက်ပေါ့ကွ၊ ပြီးရောပေါ့၊
- တို့က မဖြစ်လို့ပေါ့ကွာ၊ ဒီမှာလဲအလုပ်တွေနဲ့လေ၊
- သြော် …… ငါကတော့ အလုပ်မရှိလို့ပေါ့လေ၊ မင်းတို့ပြောပုံက၊
- အေးလေ ဘာအလုပ်ဟုတ်လို့လဲ၊ မင်းဟာက ၊
- ခုက ဇါတ်ထဲမှာပါလိုက် တီးနေရပြီကွ၊ မင်းတို့က ..
- ကြားပါတယ်ကွာ မင်းဇါတ်ထဲမှာ ဂစ်တာလိုက်တီးတုန်းက အကြောင်းတွေ၊
- ဘာ ဖြစ်လဲကွ လုပ်စမ်းပါဦး၊
- ဒီကောင် အရှေ့ပိုင်းက ဇာတ်ထဲမှာ ဂစ်တာလိုက်တီးတုံးကကွာ …
- ဘာမှမဟုတ်ဘူးဟေ့ယောင် ဇါတ်ထဲကကောင်တွေ ငါ့ဘက်အိပ်ကို ပြဇာတ်ထွက်တော့ အိပ်သုံးစရာမရှိလို့ဆိုပြီးယူသုံးတာ၊ နောက် မနက်လင်းတော့ ရွာထဲက အရက်ဆိုင်မှာ လိုက်ရွေးလိုက်ရတာ၊ ဒီကောင်တွေ ဒါပြောမလို့၊ ငါသိသားဘဲ၊
ဆက်လက် ဖေါ်ပြပါမည် ...

သီတင်း ကျွတ်ပြီ သဟာဆွေ





Sunday, October 4, 2009

အိန္ဒိယမှာ ဒိုင်နိုဆောဥတွေ တွေ့ပြီ


အိန္ဒိယ တောင်ပိုင်းမှာ နှစ် ၆၅ သန်း သက်တန်းမျှ ရှိပြီဖြစ်တဲ့ ဒိုင်နိုဆောဥ ရာနဲ့ချီတွေ့ရှိပြီလို့ ဘူမိဗေဒ သိပ္ပံ ပညာရှင်များက ကြေညာပါတယ်။
ရုပ်ကြွင်းတွေ့ရှိမှု သမိုင်းကို ပြောင်းလဲစေတဲ့ ဒီတွေ့ရှိမှုကို ဒေါက်တာ အမ်၊ယူ ရာမ်ကူးမား ဦးဆောင်တဲ့ အိန္ဒိယ သိပ္ပံပညာရှင်များက အိန္ဒိယ တောင်ပိုင်း တမီလ်း နာဒူး ပြည်နယ် မှာရှိတဲ့ ရှေးဟောင်း မြေအောက်မြစ်ကြောင်းကို တူးဖေါ်စဉ်တွေ့ခဲ့ ကြရတာဖြစ်ပါတယ်။ တူးဖေါ်ရေးသမားတွေဟာ ပုတ်သင်ဥနဲ့တူတဲ့ ဥတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဓါတ်ပုံတွေနဲ့ နမူနာအထောက်အထားတွေကို တက္ကသိုလ်တွေဆီ ပေးပို့စစ်ဆေးစေခဲ့ရာမှာ ဒီဥတွေဟာ ဒိုင်နိုဆောဥတွေဘဲလို့ အတည်ပြုပေးခဲ့ကြပါတယ်။
ဥတွေဟာ ဘောလုံးတလုံးရဲ့ အရွယ်ပမာဏ ၁၃ - ၂၃ စင်တီမီတာဆိုဒ် ဘဲဥပုံရှိပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရာမ်ကူးမားက ဘီဘီစီကို ခုလိုပြောပြပါတယ် …
အရေးပါတဲ့ တွေ့ရှိချက်ကတော့ မတူကွဲပြားတဲ့ ဒိုင်နိုဆောတွေဟာ ဒီနေရာမှာ နှစ်အစဉ်အဆက် (သို့) ခေတ်အလိုက် လာပြီး ဥ ဥချထားတဲ့ပုံရပါတယ်။
နောက်အရေးကြီးတဲ့တချက်က ဒီဥတွေမှာ မီးတောင်ချော်သင့် လက္ခဏာတွေနဲ့ မီးတောင်ပေါက်ကွဲမှု လက္ခဏာတွေတွေ့ရှိတာပါ၊ “ဒီဥတွေဟာ မကွဲအက်ဘဲ ပုံမပျက်တည်ရှိနေပါတယ်” ဘာကြောင့် ပုံမပျက်တည်နေနီုင်တာလဲ၊ ကျွန်တော်တို့ ဒီတွေ့ရှိမှုကနေ ဆက်လက် လေ့လာခြင်ပါတယ် ။
ပညာရှင်များကတော့ ဒီဥတွေဟာ သီးနှံစားတဲ့ ဆောရိုပေါ့ မျိုးစိတ် ဒိုင်နိုဆောဥတွေဘဲလို့ ယုံကြည်ယူဆကြပါတယ်။

Ref.
BBC News, Delhi .. By Jyotsna Singh

ခုတော့အိပ်ဦး

Sunday, September 27, 2009

၂၇ - ၀၉ - ၀၉



ပြည်တွင်းသတင်း

အဖွဲ့ချုပ် (၂၁) နှစ်ပြည့် အခမ်းအနားနဲ့ ပြည်တွင်းသတင်းများ click
စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောမည် click
ဥရောပမှာ မြန်မာ့အရေး ဆွေးနွေး click
အသျှင်ဦးဂမ္ဘီရနှင့် အသျှင်စန္ဒြာမုနိတို့အား ဦးဥတ္တမဆု ချီးမြှင့် click
နစက တပ်သားတဦး မိမိကိုယ်ကို အဆုံးစီရင် click
NLD ရဲ့ (၂၁) နှစ်ကြာ ဆောင်ရွက်ချက် ကျေနပ်စရာမရှိ click
ရွေးကောက်ပွဲဥပဒေအပေါ်တည်ပြီး NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်မည် click
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ NLD တောင်းဆို click
မြန်မာ့အရေး နိုင်ငံတကာကြိုးပမ်းမှုမှာ အာဆီယံက အရေးပါ click
မြန်မာစစ်အစိုးရကို ဖိအားပိုပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း click
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတချို့ စောင့်ကြည့်ခံနေရ click
အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက် click
လူငယ်အဖွဲ့များ စုပေါင်းဝတ်ပြုဆုတောင်း click
ဂျီ (၂၀) အစည်းအဝေးနဲ့ မြန်မာ့အရေးဆန္ဒပြပွဲ (ဓာတ်ပုံသတင်း) click
ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေအချို့ ပိတ်ထားရ click
ကမ္ဘာ့သတင်း
ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီ click
အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ် click
အာဖဂန်က တပ်ဖွဲ့ရုတ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ကြီး လက်မခံ click
ဖိလစ်ပိုင်မုန်တိုင်း (၇၀) ကျော် သေဆုံး click

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့်


သြစတေးလျနိုင်ငံ ပါသ်မြို့ရှိ မင်္ဂလသုခကျောင်းတွင် ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သစ္စာဓိဌာန်ပြု ဆုတောင်းပွဲကို ၂၇-၉-၂၀၀၉ ခုနှစ် နံက် ၉ နာရီမှ ၁၂ နာရီထိပြုလုပ်ကျင်းပကြပါသည်။



48 News

Saturday, September 26, 2009

န၀ရတ်က ၃၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သန်လျင်တွင် အလှူလုပ်


(ဓာတ်ပုံ-အလင်းတန်းဂျာနယ်)
စက်တင်ဘာ ၂၇
သရုပ်ဆောင် န၀ရတ်က ယခုလ ၆ ရက်နေ့က ကျရောက်သည့် သူ၏ မွေးနေ့တွင် ဗုဒ္ဓဘာသာ ကလေး ၂၀ ခန့် သင်္ကန်းဆီးနိုင်ရန် ကူညီခဲ့သည်ဟု အလင်းတန်းဂျာနယ် အမှတ် ၅၇၁ တွင် ရေးထားသည်။

ကလေးများမှာ ရန်ကုန်တိုင်း၊ သံလျင်မြို့ ကညင်ပင် ဘုန်းကြီးကျောင်းဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်ဟု ဆိုသည်။

“သန်လျင်က ကလေး နှစ်ဆယ်လောက်ကို အစ်မရဲ့ အစ်မက ကျောင်းထားပေးထားတာ ရှိတော့ အဲဒီလို နွမ်းပါးတဲ့ ကလေးတွေကို ကိုရင်ဝတ်ပေးချင်တယ် ဆိုတဲ့ စိတ်လေး ဖြစ်လာတယ်။ အဲဒါနဲ့ မွေးနေ့ မတိုင်ခင် ညနေပိုင်းမှာ သွားပြောလိုက်တာ မွေးနေ့မှာ နွမ်းပါးတဲ့ ကလေး နှစ်ဆယ်လောက်ကို ကိုရင်ဝတ်ပေးနိုင်ခဲ့တယ်” ဟု မင်းသမီး န၀ရတ်က အလင်းတန်းသို့ ပြောပြသည်။

ထိုသို့ အလှူလုပ်ရာတွင် ဒေသခံ အရပ်သားများကို ဒံပေါက်ထမင်းဖြင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။

န၀ရတ်၏ အမည်ရင်းမှာ စပယ်ကိုကို ဖြစ်ပြီး ၁၉၇၇ ခုနှစ်ဖွား ဖြစ်သည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ဖူးသည်။
Ref ... မိုးမခအထောက်တော် အမှတ် ၀၀၆

ကိုင်း... ဘယ့်နှယ့် ရှိစ

၂၆ - ၀၉ - ၀၉



ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အကြံပြုစာပေးပို့ click
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ လူငယ်ထုက တောင်းဆို click
နိုင်ငံလုံးဆိုင်ရာ စည်းဝေးပွဲ ခေါ်ယူဖို့ နယ် NLD အဖွဲ့အချို့ တိုက်တွန်း click
သံဃာတော်တွေ သွေးမြေကျ နှစ်ပတ်လည် အနီရောင်လှုပ်ရှားမှု click
ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဆန္ဒပြ click
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် (အိန္ဒိယနိုင်ငံ) click
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် (ထိုင်းနိုင်ငံ) click
ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး click
(၅၀၀၀) ကျပ်တန် သတင်းနှင့်အတူ ငွေတန်ဖိုးကျဆင်း၊ ဈေးနှုန်းအချို့ မြင့်တက် click
သရက်ထောင်မှ ကေအဲန်ယူအကျဉ်းသားတဦး ကျန်းမာရေးဆိုးရွား click
ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စိုးရိမ်မကင်းဖြစ် click
အထိန်းသိမ်းခံ နိုင်ငံသားကို နှိပ်စက်သဖြင့် ကန်သံရုံးက ကန့်ကွက် click
ANC တွင် ရဟန်းတော်တပါး ဥက္ကဌအဖြစ် တင်မြှောက်ခံရ click
ဂျီ (၂၀) အစည်းအဝေးနဲ့ မြန်မာ့အရေးဆန္ဒပြပွဲ (ဓာတ်ပုံသတင်း) click
ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဂျပန်) click
ကမ္ဘာ့သတင်း
ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ပြောင်းလဲဖွယ်ရှိ click
နျူကလီးယားရည်မှန်းချက် အီရန်နိုင်ငံ မစွန့်လွှတ် click
အာဖဂန်ရွေးကောက်ပွဲ နောက်ဆက်တွဲ အကြမ်းဖက်မှု အလားအလာ ကုလသတိပေး click
အီရန်က စက်ရုံသစ်ကို ၀င်ကြည့်ခွင့်ပြုမှာကို အမေရိကန်ကြိုဆို click

Wednesday, September 16, 2009

၂၀၁၀ မှာ

သန်းရွှေ ပါးစပ်ကျယ်တာမဟုတ် ဗမာပြည်က သေးနေတာ

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ

Wednesday, 16 September 2009 15:42 လွင်ကို
နာမည်ကျော် ရုပ်ရှင်အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက် တရားဟောပြောမှုများ ပြုလုပ်နေရာ မကြာသေးခင်က ပိတ်ပင် ခံထားရကြောင်း သိရသည်။
ဦးကိတ္တိသာရသည် ပဲခူးမြို့ရှိ ဦးကိတ္ထိပရဟိတ ကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟော ပြောနေခြင်းကို ပဲခူးမြို့ သံဃမဟာနယက အဖွဲ့ မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူတဦးက ပြောသည်။

ပဲခူးမြို့ခံ ဆရာတော် တပါးကလည်း “သူက တရားဟောတာ မဟုတ်ဘူး၊ စိတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတယ် ပြောတယ်၊ သူအဲဒီလို လုပ်တာနဲ့ ပတ်သတ်ပြီး ဆရာတော်ကြီးတွေက မကြိုက်ဘူး”ဟု မိန့်သည်။

ဦးကိတ္တိသာရ အနေဖြင့် တရားဟောပြောရာတွင် အဘိဓမ္မာ၊ ဝိနည်း တို့နှင့် ပတ်သတ်သည့် အကြောင်းအရာ တခုမှ ပါဝင်ခြင်းမရှိဘဲ ၎င်းရုပ်ရှင် သရုပ်ဆောင် သက်တမ်း တလျှောက် လုပ်ဆောင်ခဲ့သော အတွေ့အကြုံ များကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ တရားပွဲ သွားရောက်ခဲ့သူ တဦးက ပြောသည်။

“သူဟောနေတာတွေက ဘုရားအဆို အဆုံးအမတွေ တခုမှမပါဘူး၊ လူပြိန်းတော့ ကြိုက်တာ ပေါ့နော်၊ နားလည်တဲ့ သူတွေက မကြိုက်ဘူး၊ သူပါတဲ့ပွဲဆို နာမည်ကြီး ဆရာတော်တွေက ငြင်းကြတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ဦးပဉ္ဇင်း ဦးကိတ္တိသာရ လူဝတ်လဲသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သော ကြောင့် ဦးပဉ္ဇင်းကြီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ဖူးသည်။

ဦးပဉ္ဇင်းကြီး ဦးကိတ္တိသာရက “ဦးပဉ္ဇင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုအချိန်ကတည်းကပင် ၎င်း ဦးပဉ္ဇင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။

ထိုကဲ့သို့တရားပွဲများတွင် တရားနာကြားခြင်းထက် ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို မမြင်ဘူး၍လာရောက် ကြည့်ရှုသူများရှိ ကြောင်းလည်း သိရသည်။

ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်းသည် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်ဟုအမည်ပေးကာ၂၀၀၇ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့သေးသည်။

ဦးကျော်ဟိန်းသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်၍ အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ref; Irrawady

၁၅ - ၉ - ၀၉



ပြည်တွင်းသတင်း

တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့်မရ click
စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက် ကမ္မဝါစာ ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော် click
အကျဉ်းသားသံဃာတော် ကျန်းမာရေး ဆိုးဝါးနေ click
တရုပ်အစိုးရ ဘယ်သူ့ဘက်ရပ်တည်သလဲ - အပစ်ရပ်များ မေးခွန်းထုတ် click
ပါတီမှ ခွဲထွက်အဖွဲ့ဝင်ကို မွန်ကာကွယ်ရေးတပ်မှ သေနတ်ဖြင့် လုပ်ကြံ click
မြန်မာစစ်တပ်အတွင်း ကလေးများကို အကြိုစစ်သားအဖြစ် စုဆောင်း click
ကလေးစစ်သားနှစ်ဦး အကျဉ်းကျခံရ click
မြန်မာပြည်အကြောင်း မြန်မာ့မိတ်ဆွေများအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည် click
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ချက်မှာ ဆွေးနွေး click
KNU နှင့် DKBA တိုက်ပွဲဖြစ်ပွား click
ဘုရားသုံးဆူမြို့တွင် ဗုံးတလုံး ထပ်မံပေါက်ကွဲ click
၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရအာဏာပိုင်များ ကွင်းဆင်းပြင်ဆင်နေ click
အောင်လံမြို့နယ် တရားရုံးမှာ လယ်သမား (၁၃) ဦး အမှုတွဲ ဆက်လက်စစ်ဆေး click
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်သစ်ကြောင့် HIV ကာကွယ်ရေးလုပ်ငန်းများ ထိခိုက်နိုင် click
လေဆင်နှာမောင်း ဖြတ်သွား၍ ဘိုကလေးလူထု ထိတ်လန့် click
နအဖနှင့် ကေအိုင်အိုကြား နယ်ခြားစောင့်တပ်ကိစ္စ (၇) ကြိမ်မြောက် ဆွေးနွေး click
အန်အယ်လ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ (၆၉) မြို့နယ်တွင် ပြီးစီးဟုဆို click

ဝန်ကြီးချုပ်ဟောင်းများ၏ သမီး (၃) ဦး ပါတီတခုဖွဲ့ရန် အသင့်ဖြစ်နေပြီ click
ကမ္ဘာ့သတင်း
ဖိနပ်နဲ့ပေါက်သူ သတင်းထောက် ပြန်လွတ်လာ click
ကျန်းမာရေးစောင့်ရှောက်မှု ပြောင်းလဲရေး သမ္မတအိုဘားမား ကွန်ဂရက်စ်ကို မိန့်ခွန်းပြောကြား click

Tuesday, September 15, 2009

ထိုင်း ဆရာတော် မြန်မာပြည်သားများအား ပစ္စည်းဝေငှ


( ၁၅ - ၉ - ၀၉ ) ဘန့် လောင်ကောက်
ထိုင်းနိုင်ငံ ဘန်ကောက်တွင် သီတင်းသုံးသော ဆရာတော် ဖရာ့တ်ခရူ ပရိယာချန်ထိုး သည် ဘန့်လောင်ကောက် ( လေးဆယ့်ရှစ်) ကျေးရွာရှိ သာသနာ့ဗိမ္မာန် မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အခြေပြု၍ ယနေ့ညနေ ပိုင်း ၂နာရီမှ ၆ နာရီအထိ ဆင်းရဲသား မြန်မာပြည်သား များအား စားစရာ၊ ကလေး ကစားစရာ၊ နှင့် အဝတ်အထည် ကားလေး တစီးစာ လာရောက်ဝေငှပေးကြောင်း သိရှိရပါသည်။
ဆရာတော်ထိုကဲ့သို့ လေးဆယ့်ရှစ်ကျေးရွာတွင် လာရောက်ဝေငှ ပေးခြင်းသည် ( ၈ ) ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ကျန်ခဲ့သည့် သြဂုတ်လ ကလည်း လာရောက်ဝေငှ ပေးခဲ့သေးကြောင်း သတင်းရရှိပါသည်။