R ဇာနည် ဒီလထဲ ကလေးအဖေ ဖြစ်မည်
ဇူလိုင် ၁၄၊ ၂၀၀၉ မော်ဒယ် ၀မ်း နှင့် အဆိုတော် Rဇာနည်
Rဇာနည် ၏ ဇနီးဖြစ်သူ ၀မ်းက ယခုလအတွင်း ရင်သွေးငယ် မွေးဖွားမည်ဖြစ်သည်။ အိမ်ထောင်သက် ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးယူခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ဘက်မိဘများအတွက်လည်း မြေးဦးဖြစ်မည်ဟု ဆိုသည်။
မိခင်အသစ်စက်စက် နန္ဒလှိုင် နှင့် သမီး ကြော်ငြာများရိုက်ကူး
နန္ဒလှိုင်၊ ခင်ပွန်းဖြစ်သူ ကိုဇေသီဟ နှင့် သမီးငယ် ဇေ၀တီလှိုင်။
မိခင်အသစ်စက်စက် နန္ဒလှိုင် နှင့် သမီး ကြော်ငြာများရိုက်ကူး
ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသည့် နို့မှုန့်ကြော်ငြာများတွင် နန္ဒာလှိုင်တို့ မိသားစုတို့ကို တွေ့ရမည်ဖြစ်သည်။ သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်သည် လွန်ခဲ့သည့် ၂ လ ခန့်က မွေးဖွားခဲ့သည့် သမီးငယ်ကို အမည်ပေးရာတွင် သူနှင့် ခင်ပွန်းသည်တို့၏ အမည်များကို ထည့်သွင်းထားသည်။
Ref ; မိုးမခ
Ref ; မိုးမခ
No comments:
Post a Comment