Thursday, July 16, 2009

ပျဉ်းမငုတ်တို



ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် ၊ တစ်ပင်တည်း ။
ခွဆုံအကွေး ၊ သစ်ခေါင်ဆွေးလည်း
အဖေးတက်လာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ၊ ခြ အိမ်ပျက်။
ကုန်းမို့ကမ်းပါး ၊ မြေပပ်ကြားတွင်
စစ်သားခမောက် ၊ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း ၊ လက်ပြညွန်း ။
ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံ လည်းတိုက်
လေပြင်းခိုက်လျက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွတ်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျား ကောင်းတကား ။

တာရာမဂ္ဂဇင်း ( ၁၉၄၉ )

No comments:

Post a Comment