တပ်ချုပ်ကြီး ယကြာချေ မြစ်ဝကျွန်းပေါ်မှာ လေဆင်နှာမောင်းမွှေ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် ယခုတပတ်အတွင်း ၃ ရက်ဆက်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ ပန်းများဆင်ယင်ထားသော ဗုဒ္ဓရုပ်ပွားတော်များကို လာရောက် ပူဇော်နေကြောင်းသိရသည်။
အဆိုပါ ရုပ်ပွားတော်များကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်စောစောက ရွှေတိဂုံဘုရား၏ နေ့နံအလိုက် သတ်မှတ် ထားသော မွေးနေ့ ထောင့်တိုင်းတွင် ပူဇော်ထားရှိခြင်းဖြစ်ပြီး “နေကြာပန်း”များအား ထည့်သွင်း ပူဇော်ခြင်းသည် အနေကြာစေရန် ဟူသော အဓိပ္ပာယ်ဖြင့် အာဏာဆက်လက် တည်မြဲရေးနှင့် ကျန်းမာရေးကောင်းမွန်ရန်တို့ အတွက် ယတြာချေခြင်း ဖြစ်နိုင်သည်။
၎င်းနှင့်တဆက်တည်း သိရှိရသည်မှာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်ရှိ ကျေးရွာများတွင် လေဆင်နှာမောင်း မုန်တိုင်း တိုက်ခတ်မှုတခု ဖြစ်ပွားခြင်းကြောင့် အိမ်ခြေ ၃၀ ခန့်ပျက်စီးသွားကြောင်း သတင်းများထွက်ပေါ်လာသည်။
Ref; သတင်းဌာနများ

မင်းသားလွင်မိုး ရေခဲတောင် ခရီးသွားမှတ်တမ်း ရုပ်ရှင် ရိုက်လိမ့်မယ်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက လာမည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ် ပူတာအိုရှိ ရေခဲတောင်ဒေသသို့ မှတ်တမ်း သွားရောက် ရိုက်ကူးရန် ပြင်ဆင်နေသည်။
၎င်းသည် “လွင်မိုး ခရီးသွားနေသည်” ခေါင်းစဉ်ဖြင့် ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မြိတ် ခရီးစဉ်များ ရိုက်ကူးကာ မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသပြီးဖြစ်သည်။
Ref; ဧရာဝတီ

No comments:
Post a Comment