Sunday, July 12, 2009

လေးဆယ့်ရှစ်က သတင်းတွေ

ကလေးငယ်တဦးကို ဆိုင်ကယ်ကတိုက်
လေးဆယ့်ရှစ်ကျေးရွာ လားဟူစုတွင်နေထိုင်သည့် ကိုစိုး - မတင်မာရီတို့၏ သားဖြစ်သူ အသက် (၈) နှစ် အရွယ် မောင်နိုင်လင်းစိုးအား ယနေ့နံနက်ပိုင်း ၉း ၃၀ နာရီခန့်၌ ဆိုင်ကယ်တိုက်ခဲ့သဖြင့် ပေါင်တဖက်သွင်သွင်ကြိုးသွားကြောင်း သိရှိရသည်။
မောင်နိုင်လင်းစိုးသည် ဆံပင်ညှပ်ရန်အတွက် နေအိမ်မှ ထွက်ခွာလာစဉ် ၄၈ ကီလိုကျေးရွာ ၂ - လမ်းထိပ်တွင် ထိုင်းနိုင်ငံသား မုန်းလူမျိုး တဦးစိးနင်းလာသည့်ဆိုင်ကယ်မှ အရှိန်ဖြင့် ၀င်ရောက် တိုက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မောင်နိုင်လင်းစိုးအား မဲဆောက်ဆေးရုံကြီးတွင် အရေးပေါ်တင်ထားရပြီး ဆိုင်ကယ်သမားနှင့် ဆိုင်ကယ်အား ကျေးရွာရဲဌာနမှ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။
(၁၂ - ၀၆ - ၀၉)

၄၈ မှာ အလုပ်သမား လက်မှတ်များ စတင်ပြုလုပ်
မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်နေသူများအတွက် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တရားဝင်နေထိုင်ခွင့် လက်မှတ်များကို ၄၈ ကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သမားများအား စတင်ပြလုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါလက်မှတ်အား ကိုင်ဆောင်မည့် ၄၈ ကီလိုကျေးရွာမှ အလုပ်သမားများသည် ဖုတ်ဖတ်မြို့အတွင်းတွင်သာ သွားလာခွင့်ရှိမည်ဟုသိရှိရပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များအဖြစ် တိုးချဲ့လုပ်ကိုင်ပေးမည်ဟုလည်း သိရှိရသည်။ အဆိုပါ နေထိုင်ခွင့်လက်မှတ်ပြုလုပ်မည့် ဗမာပြည်သားများသည် မြန်မာနိုင်ငံ နိုင်ငံသားမှတ်ပုံတင် ရှိသူများသာ ဖြစ်ရမည်ဟု သိရှိရပြီး ၃၆၀ ဘတ် ကုန်ကျသည်ဟုသိရှိရသည်။
အဆိုပါ နေထိုင်ခွင့်လက်မှတ်သည် မြန်မာနိုင်ငံ နိုင်ငံသားမှတ်ပုံတင်ရှိသူများကိုသာ ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် တရားမ၀င်ဲမြန်မာအပါအ၀င် တောင်ပေါ်သားတိုင်းရင်းသားများ အခက်အခဲများရှိနေကြောင်း သတင်းရရှိပါသည်။
(၁၁ - ၀၆ - ၀၉)

ချဲပေါက်ပြန်သော်လည်း
မဲဆောက်မြို့နယ် ကျေဒီခို့ ကျေးရွာတွင် လွန်ခဲ့သည့် ဇူလိုင် ၁ ရက်နေတွင် ထွက်ရှိခဲ့သည် သုံးလုံးတိုက်ထီ (ချဲထီ) ပေါက်သူ အတော်များခဲ့ပြီး ချဲဒိုင်မှ ပေးလျော်ရမည့် လျှော်ကြေးအား ထိုင်းလူမျီုး ချဲပေါက်သူများကိုသာ ပေးလျော်ခဲ့ပြီး ချဲပေါက်သူ မြန်မာပြည်သားများအား လုံးဝပေးလျော်မှုမရှိခဲ့ကြောင်းသိရသည်။
ချဲပေါက်သူမြန်မာပြည်သားများအား ပေးလျော်ရမည့် ငွေပမာဏစုစုပေါင်း ဘတ်တသိန်းကျော် ကြောင်း သတင်းရရှိပါသည်။
(၁၁ - ၀၆ - ၀၉)

No comments:

Post a Comment