Saturday, July 25, 2009

ယာတောရဲ့အလည် ငါပြောမယ် ရွှေရင်ဘုရင်ရဲ့ နင်ဆင်ခြင်ဥိး

ယနေ့ နံနက် ၃း ၀၀ ခန့်က

၄၄ ကီလို ကျေးရွာနေ အစိန်း ခြံဝင်းအတွင်း နေထိုင်သည့်

ဗမာပြည်အလုပ်သမားများ၏ နေအိမ်များအား

ထိုင်းအာဏာပိုင်များက မီးရှို့ လူများအား ဖမ်းဆီးသွား


၄၄ ကီလိုမှာ လူတွေဖမ်း အိမ်တွေကိုမီးနဲ့တိုက်

၂၆ - ၀၇ - ၀၉
ယနေ့နံက် ၃ နာရီ အချိန်ခန့်က ဖုတ်ဖတ်မြို့နယ်၊ ၄၄ ကီလို ကျေးရွာမှ မျှော့လူမျိုး အစိန်း ၏ခြံဝင်းတွင် နေထိုင်ကြသော ဗမာပြည်သား အလုပ်သ္မားများကို ထိုင်းအာဏာပိုင် များက ဝင်ရောက်စီးနင်း ဖမ်းဆီးပြီး နေအိမ် များကို မီးတိုက်သွားကြောင်း သတင်းရရှိပါသည်။
ဖုတ်ဖတ်မြို့နယ်၊ ၄၄ ကီလို ကျေးရွာတွင် နေထိုင်သည့် မျော့လူမျိုး အစိန်းသည် ယာခင်းပိုင်ရှင်ဖြစ်ပြီး ရာသီ အလိုက် သီးနှံများ စိုက်ပျိုးသူဖြစ်ကာ ၎င်းနေထိုင်သည့် အိမ်ခြံဝင်းအတွင်းတွင် တောင်ယာလုပ်ငန်းခွင် လိုအပ်ချက်အရ ဗမာပြည်သားအလုပ်သမား ၁၀၀ ကျော်ခန့် တဲအိမ်များထိုးကာ နေထိုင်ခဲ့သည်။ ယခုကာလသည် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားဌာနနှင့် ထိုင်းပြည်ထဲရေးဌာနတို့မှ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လက်မှတ်များ လုပ်ပေးနေသည့်ကာလဖြစ်သည်။ အစိန်းဝင်းအတွင်း နေထိုင်သည့် ဗမာပြည်သားအလုပ်သမားများသည် အဆိုပါ နေထိုင်ခွင့်လက်မှတ်အား တရားဝင် လုပ်ကိုင် ခဲ့ပြီးဖြစ်သော်လည်း နေထိုင်ခွင့်လက်မှတ်အား ခြံပိုင်ရှင်ဖြစ်သူ အစိန်းမှ မထုတ်ပေးသေးသည့်အတွက် လက်မှတ်မဲ့ တရားမ၀င်နေထိုင်သူများအဖြစ် ထိုင်းအာဏာပိုင်များက ယူဆကာ ယခုကဲ့သို့ ကိုင်တွယ်ဖြေရှင်း ခဲ့ခြင်းဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဗမာပြည်သားအလုပ်သမားများ ကား ၂ စီးစာ ဖမ်းဆီးခံခဲ့ရပြီး အစိန်းဝင်းအတွင်း ဆောက်လုပ်ထားသော နေအိမ်အားလုံးနီးပါးအား မီးတိုက်ဖျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ စီးနင်းမှုအား ကိုင်တွယ်သူများသည် ကျေးရွာအာဏာပိုင်များနှင့်အတူ ထိုင်းနိုင်ငံ တပ်မတော်သားများလည်း ပါဝင်ခဲ့ကြောင်း ပြောကြားသည်။
အဆိုပါ စီးနင်းမှုသည် ၄၄ ကီလိုကျေးရွာတွင် ယခု တလအတွင်း ၃ ကြိမ်မြောက်စီးနင်းမှုဖြစ်ပြီး မီးတိုက်အကြမ်းဖက်မှုမှာ ပထမအကြိမ်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ဒေသအတွင်း မီးတိုက် အကြမ်းဖက်မှု အားဖြင့် ယခုလအတွင်း တတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ် မီးတိုက်ဖျက်ဆီးမှုများမှာ ဇူလိုင်လ ဒုတိယအပတ်တွင်ဖြစ်ပွားခဲ့ပြီး ဘန့်နူကျေးရွာနှင့် ဘန့်ကျက်ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

48 – News (26 – 7 – 09)



1 comment:

  1. ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ထိုင်းလူ့အခွင့်အရေးဌာန များသို့ တိုင်တန်းသင့်ကြောင်း အကြံပေးပါတယ်.... ဒီကောင်တွေက ခွေးတွေဗျ.. အရမ်းအနိုင်ကျင့်တာပဲ...

    ReplyDelete