Tuesday, July 14, 2009

လေးဆယ့်ရှစ်က သတင်းတွေ

ဝင်ရောက်စီးနင်းခံခဲ့ရသည့် ၄၄ ကီလို ထွန်းလုံရှိန်ဝင်း
ကလေးတွေပါ ဖမ်းကုန်ပြီ

ဖုတ်ဖတ်မြို့နယ် ၄၄ ကီလို ကျေးရွာ၌ ယမန်နေ့ ည ၁၀း ၀၀ နာရီခန့်က ဗမာပြည်အလုပ်သမားများ နေထိုင်ရာ ထွန်းလုံရှိန် ၀င်း အတွင်းသို့ ထိုင်းအာဏာပိုင်များမှ ၀င်ရောက်စီးနင်းဖမ်းဆီးမှုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီးနင်းဖမ်းဆီးမှုတွင် ဗမာပြည်အလုပ်သမား ၆၀ ကျော် အဖမ်းအဆီးခံခဲ့ရသည်။ ထိုဖမ်းဆီးခံ လူ ၆၀ ကျော်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ် ၁၂ ဦးပါဝင်ခဲ့သည်။ ထိုကလေးသူငယ်များသည် ထိုင်းအာဏာပိုင်များ ၀င်ရောက်စီးနင်းစဉ် လူကြီးမိဘများထွက်ပြေးသဖြင့် အိမ်တွင်ကျန်ခဲ့သည့် ကလေးများဖြစ်ပြီး ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား မိဘများကိုယ်စားဖမ်းဆီးသည့် လူပြန်ပေးဖမ်းဆီးမှုသည် ဤဒေသတွင်သာ ဖြစ်လေ့ရှိသည့် ဖြစ်ရပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။
၁၅ - ၇ - ၀၉

No comments:

Post a Comment