Saturday, July 25, 2009

၂၅ - ၇ - ၀၉




ပြည်တွင်းသတင်း

သံဃာတော်များ ပ၀ါရဏာ ကံဆောင်ရန် သာသနာ့ဥသျှောင်အဖွဲ့ တိုက်တွန်း click
မြန်မာစစ်အစိုးရကို အရေးယူသည့် သက်တမ်းတိုးမြှင့်ရေး အမေရိကန်လွှတ်တော် အတည်ပြု click
အပြီးသတ်လျှောက်လဲရက် ထပ်မံရွှေ့ဆိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် မကျေနပ်ဟုဆို click
ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Mairead Maguire ရဲ့အမြင် click
ဝီလျံယက်တော၏ ရှေ့နေ လျှောက်လှဲချက်ပေးမည် click
ထိုင်းရောက် မြန်မာတဦး ၀က်တုပ်ကွေးကြောင့် ဆေးရုံတက်ရ click
ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သားများ အဖမ်းခံရပြီးနောက် ၄င်းတို့ဂိတ်အချို့ ရုတ်သိမ်း click
ဘိုကလေးဆေးရုံ ကုသစရိတ် ကြီးမြင့် click
ပဌာန်းရွတ်ဆုတောင်းပွဲကို အာဏာပိုင်များ နှောင့်ယှက် click
အွန်လိုင်းငွေပေးချေရေးစနစ် မြန်မာပြည်တွင် စတင်စမ်းသပ် click
ရန်ကုန်မြို့က သခင်ကိုယ်တော်မှိုင်း အမှတ်တရပွဲ (ဓာတ်ပုံသတင်း) click
နိုင်ငံတကာသတင်း
အီရန်ဆန္ဒပြမှု ကမ္ဘာအနှံ့ဖြစ်ပွား click
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မြောက်ကိုရီးယား မတက်ရောက်တော့ click
ပါလက်စတိုင်းကို အမေရိကန် ငွေကြေးထောက်ပံ့ click
မြောက်ကိုရီးယားမဟာမိတ်တွေ နျူကလီးယားစမ်းသပ်မှု ဆန့်ကျင်ကန့်ကွက်ရာမှာ ပူးပေါင်းပါဝင် click
အီရန် ဒု-သမ္မတ ရာထူးမှ နုတ်ထွက် click

လေးဆယ့်ရှစ်ဆိုတာ …. အပိုင်း (၄)

၁၉၈၈ - ကနေ ၁၉၉၉ အထိ ကာလတွေဟာ လေးဆယ့်ရှစ်ရဲ့ ဗမာဆံဆံ နှစ်များလို့ဆိုရပါမယ်။ ရွာထိပ်က စဝင်လာတာနဲ့ ဗမာသီချင်းတွေကိုစပြီးကြားရမှာ ဖြစ်ပါတယ်။ ဗမာ လူငယ်ထုရဲ့ ရင်ခုံသံဖြစ်တဲ့ လ္ဘက်ရည်ဆိုင် ယဉ်ကျေးမှုဟာ ဒီရွာကလေးမှာ အမြင့်မားဆုံး အောင်လံစိုက်ခဲ့ဘူးတယ်လို့ ပြောရမှာပါဘဲ။ တခုတော့ပြောစရာ ရှိတာပေါ့ လ္ဘက်ရည်ဆိုင်မှာ ယမကာပါ တွဲပြီးရောင်းတာလေးတော့ ရှိသပေါ့လေ။ ရွာထိပ်က စဝင်လိုက်တာနဲ့ ဦးအောင်မြင့်ရဲ့ လ္ဘက်ရည်ဆိုင်၊ ဒေါ်မွှေးလ္ဘက်ရည်ဆိုင်၊ မဲ့ဆော့တ်က ထိုင်းတယောက် လာဖွင့်ခဲ့တဲ့ ကာဖီဆိုင်၊ ကိုစောထူးဒေး လ္ဘက်ရည်ဆိုင်၊ တရုပ်လ္ဘက်ရည်ဆိုင်နဲ့ ဦးဆိုင်ဖုံး လ္ဘက်ရည်ဆိုင်တွေ ရှိခဲ့ဘူးတယ်။ ခုတော့ဖြင့် လ္ဘက်ရည်ဆိုင် သုံးဆိုင်သာ အောင်လံထူနိုင်ပါတော့တယ်။ ဟိုတချိန်ကတော့ အသေးစား စက်မှုလုပ်ငန်းနဲ့ ဗမာတွေရဲ့ လုပ်အားကို ပေါင်းစပ်ပြီး ရွာကလေးက ရှင်သန် ထမြောက် လာစေခဲ့တာပါ။ အော်တော်မိတစ် မီးသီးတွဲတွေ တတ်ဆင်တဲ့ စက်ရုံငယ် ၂ ခုနဲ့ ရွာကလေးမှာ ဗမာအလုပ်သ္မားတွေ စည်ပင်ခဲ့ဖူးတယ်လေ။ ထ္မင်းစားဖို့ဆိုရင် လပေးနဲ့ဖြစ်ဖြစ် နပ်ကောက်ဘဲဖြစ်ဖြစ် စားလို့ရတဲ့ ဒေါ်မြင့်ထ္မင်းဆိုင်၊ ဖွားကတုံးထ္မင်းဆိုင်၊ မီးသီးစက်ရုံထဲမှာ ဖွင့်ထားတဲ့ ထ္မင်းဆိုင်တွေမှာ အစဉ်ပြေပြေ စားလို့ရတာပေါ့။ လဘက်ရည်ဆိုင်က အစ ကုန်စုံဆိုင်အဆုံး တူညီတာတခုတော့ ရှိပေသပေါ့၊ ဘယ်သူဖွင့်ထားတဲ့ ဘာဆိုင်ဘဲဖြစ်ဖြစ် အသေးဆုံး ၁၀ လက္မ ဆောင်းဘောက်နဲ့ ထီးဆိုင်၊ ကျော်ဟိန်း၊ ခိုင်ထူး၊ ကိုင်ဇာ၊ ဒီလိုဗမာသီချင်းတွေကို အသံကုန် အပြိုင် ဖွင့်ထားကြတာပါဘဲ။ မြင်သာအောင် ပမာတင်ပြီး ပြောရမယ် ဆိုရင်တော့ ဗမာပြည်က ရွာဘုရားပွဲ ဈေးခင်းထဲ ရောက်သွား သလိုမျိုးပေါ့။
ဒီလို ဗမာအလုပ်သ္မားတွေနဲ့ စည်ကား ဖွံ့ဖြိုးခဲ့တဲ့ ကာလ ကဘဲ ရွာဦး ဗမာ ဘုန်းတော်ကြီးကျောင်းမှာ စေတီတဆူ တည်ထားကိုးကွယ်ခဲ့ကြတာပါ။ဘုန်းတော်ကြီး ကျောင်းတည်ရှိရာ မြေဟာ ထိုင်းသာသနာမြေ မဟုတ်ပါဘူး။ ရွာတည်ခဲ့သူ ဝဏ္ဏဆွန်ချိုင်းရဲ့ ပုဂ္ဂလိက ကောင်းမှု ဖြစ်ပါတယ်။ အဝန်းအဝိုင်း သုံးဧကခွဲလောက်ရှိပါတယ်။ ဗမာဘုန်းတော်ကြီးကျောင်းဟာ ရွာကလေးရဲ့ အရှေ့တောင် ယွန်းယွန်းမှာရှိနေပါတယ်။ ဗမာဘုန်းတော်ကြီးကျောင်းနဲ့ ထိုင်းစာသင်ကျောင်းဟာ ရွာကလေးရဲ့ထိပ် မှာရှိနေပြီး မဲ့ဆောတ် အုန်းဖန် အဝေးပြေး ကားလမ်းမကြီးက စည်းခြားထားပါတယ်။ ရွာကလေးကနေ တဖြည်းဖြည်းနိမ့် လာခဲ့တဲ့ မြေပြင်စောင်း အနိမ့်ပိုင်းမှာ ဗမာဘုန်းတော်ကြီး ကျောင်းရှိနေတာတယ်။ ရွာကလေးရဲ့ အစည်ကားဆုံးကာလတွေမှာ စေတိတဆူ တည်ထား ကိုးကွယ်ဖြစ်ခဲ့သလို အဲဒီကာလတွေ မှာဘဲ ဗမာကလေးငယ်တွေရဲ့ ပညာရေးအတွက် စာသင်ကျောင်းကလေး အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ ဒီရွာကလေးကို စတင်တည်ခဲ့ချိန်ကလည်း ထူးခြားတဲ့ နိုင်ငံရေး အခင်းအကျင်းတွေရှိခဲ့သလို ဇိနစက္ကမာန်အောင် လို့ အမည်ရတဲ့ ရွာဦးစေတီကို တည်ထားကိုးကွယ်ရာမှာလည်း ထူးခြားတဲ့ ဝိသေသတွေ ရှိခဲ့ပါတယ်။ သာမည ဆရာတော်ကြီး၊ မြိုင်ကြီးငူ ဆရာတော်နဲ့ လွတ်မြောက် နယ်မြေရောက် တော်လှန်ရေး သမားတွေရဲ့ မတူကွဲပြားတဲ့ အခြေအနေ၊ အတူဆုံတဲ့ ကောင်းမှုရေစက်တွေဟာ ဒီစေတီတည် ခဲ့တဲ့ အချိန်မှာ ပေါင်းစုခဲ့ဘူးတယ်လို့ ဆိုပါတယ်။ အခု လက်ရှိ ကာလမှာ ကော့မူးရာမြို့နယ်ရဲ့ ( KYO ) ကရင်လူငယ် အစည်းအရုံး ဥက္ကဌ ဖြစ်သူ ဦးစောထူးဒေးဟာ ရွာဦးစေတီတည်ထား ကိုးကွယ်ရာမှာ မတည် ဒါယကာတဦးပါဘဲ။ စေတီတည်ထားကိုးကွယ်စဉ်က မြင်ကွင်းတွေနဲ့ အခင်းအကျင်းတွေကို ပြည့်ပြည့်စုံစုံ ပြောပြနိုင်ဖို့ ကိုလည်း စီစဉ်နေပါတယ်။
ကာလ တွေပြောင်းလွဲလာခဲ့ပြီး အရင်က တည်ရှိခဲ့တဲ့ မြေနီလမ်းတွေနေရာမှာ နိုင်လွန် ကတ္တရာလမ်းတွေ ကွန်ကရစ်လမ်းတွေနဲ့ အစားထိုးကာ ရွာကလေးကတော့ အပြိုင်းအရိုင်းထလို့ တိုးတက် လာခဲ့ပါတယ်။ ဒါပေမဲ့လို့ ရွာကလေးမှာ ခိုလှုံခဲ့ကြတဲ့ ဗမာအလုပ်သ္မားတွေရဲ့ ဘဝကကော ဘယ်လိုများပြောင်းလဲခဲ့ပါသလဲ။ အရင်က ဗမာလုပ်သား ၅၀၀ လောက်ကို အလုပ်ကိုင် အခွင့်အလမ်းတွေ ပေးခဲ့တဲ့ မီးသီးရုံ ၂ ရုံကတော့ ၁၉၉၅ ခုနှစ်လောက်မှာ လုပ်ငန်းကျဆင်း ခဲ့ပြီး ၁၉၉၈ မှာတော့ လုံးဝ လုပ်ငန်းရပ်ဆိုင်း သွားပါတယ်။ ဒီလို မီးသီးရုံတွေရဲ့ လုပ်ငန်း ကျဆင်းခဲ့ရတာဟာ ၁၉၉၃ ခုနှစ်က ရွာခေါင်းဆောင် ဝဏ္ဏ စွန်ချိုင်း ကွယ်လွန် ပြီးချိန်ကစခဲ့တာပါ။ ဒီမီးသီးစက်ရုံ ၂ ရုံလုံးဟာ ဦးစွန်ချိုင်း ပိုင်ဆိုင်တာပါ။ သူကွယ်လွန်ပြီးတော့ သူ့ဇနီး ဒေါ်ကျူရီ က ဆက်လက် တာဝန်ယူခဲ့ပေမဲ့လို့ လုပ်ငန်းအောင်မြင်ဖို့ မစွမ်းနိုင်တော့တဲ့ အချိန်မှာ စက်ရုံတွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ မီးသီးရုံတွေ ပိတ်ခဲ့ပေမဲ့ အခြား အခြေခံ အလုပ်တွေဖြစ်တဲ့ တောင်ယာ လုပ်ငန်းတွေက အလုပ်သ္မားအများစုကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးထားသေးတာမို့ အခြေအနေ ဆိုးလှတယ်လို့တော့ မဆိုနိုင်သေးပါဘူး။
၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံ ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒများအရ ပြုလုပ်ခဲ့တဲ့ ဗမာအလုပ်သမား အတင်းအဓမ္မ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကြောင့် ရွာကလေးမှာ ထင်သာမြင်သာ နေလာခဲ့ကြတဲ့ ဗမာအလုပ်သ္မားတွေ တကွဲအပြားဆီ ပြေးကြရတော့တာပါဘဲ။ ၆ လတာ ကာလ အတွင်း ထိုင်းနီုင်ငံ အနှံအပြားက ဗမာ အလုပ်သ္မား ၄ သိန်းကျော်ကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့တဲ့ ဒီစီမံချက်ကို ရွာကလေးမှာ မှီခိုခဲ့တဲ့ ဗမာတွေလဲ ခံခဲ့ရတာပါဘဲ။ ချစ်သူတွေလည်း ဝေးရတယ်၊ မုန်းသူတွေလည်း ဝေးရတယ်၊ ခင်သူတွေလည်း ခွဲခွာရတော့တာပါဘဲ။ တနှစ်ထက်တနှစ် ပိုမိုတင်းကြပ် လာတဲ့ ထိုင်းလူဝင်မှုဥပဒေ၊ အလုပ်သ္မား ဥပဒေ တွေကြောင့် အရင်က ထင်သာမြင်သာ နေခဲ့တဲ့ ဗမာ အလုပ်သ္မားတွေဟာ ခုဆိုရင် ရွာရဲ့ လမ်းဆွယ် လမ်းကြားတွေမှာသာ နေခွင့်ရပါတော့တယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ ထိုင်းလူဝင်မှု ဥပဒေအကြောင်းရယ် ရွာခေါင်းဆောင် ဝဏ္ဏစွန်ချိုင်း ကွယ်လွန်သွားတာကြောင့်ရယ်လို့ဆိုကြပါတယ်။ သူရှိစဉ်က ဒီရွာကလေး နဲ့ ဒီဒေသ အဝိုက်မှာ သူသြဇာက ကြီးမားပါတယ်၊ ဒီရွာကလေးကို ထိုင်းရဲ ဝင်ရောက်ဖမ်းဆီးမှုတွေ ဝင်လုပ်လို့မရပါဘူး၊ အုပ်ချုပ်မှု အဝဝကို သူ့လက်ထဲမှာ ကိုင်ထားတာပါ။ ရွာမှာနေထိုင်နေတဲ့ ဗမာတွေကို သူက ကြောထောက်နောက်ခံ လုပ်ပေးထားတာလို့ ပြောလို့ရပါတယ်။
သူမရှိတော့တဲ့ နောက်ပိုင်း ပြောင်းလဲတက်လာခဲ့တဲ့ သူကြီးတွေဟာလည်း ဗမာပြည်ကနေ ဒီမှာ အချေချ ခဲ့သူတွေပါဘဲ။ ဒါပေမဲ့လို့ နောက်ပိုင်း သူကြီးတွေကတော့ ဗမာအလုပ်သ္မားတွေကို ထိုင်းစစ်စစ်တွေထက်တောင် ပိုမိုခါးသီးပြပြီး ထိုင်းနိုင်ငံသား စစ်စစ်ဖြစ်ကြောင်း ပြလိုကြတဲ့အတွက် ခုတော့ဖြင့် ဒီရွာကလေးရဲ့ လမ်းမကြီး ဘေး ၂ ဖက်မှာ ဗမာဈေးဆိုင်တွေ ဖွင့်ခွင့်မပေးတော့ပါဘူး။ ၂၀၀၉ ဖေဖေါ်ဝါရီလ လောက်က ထုပ်ခဲ့တဲ့အမိန့်ထဲမှာ ဒီရွာမှာ အလုပ်သ္မားလက်မှတ် လုပ်ထားသူကိုသာ ရွာခံတွေရဲ့ ခြံဝန်းအတွင်း ငှါးရမ်းနေထိုင်ခွင့်ပေးရမယ်။ ယောက်ျားမှာ လက်မှတ်ရှိပြီး ဇနီးနဲ့ ကလေးတွေမှာ လက်မှတ်မရှိရင် မထားရဘူးလို့ ရွာဥပဒေထုပ်ခဲ့တာမို့ အိမ်ငှားတဲ့ ရွာခံတွေလဲနစ်နာ ငှါးရမ်းနေထိုင်သူ ဗမာအလုပ်သ္မားတွေလဲ ဟိုပြေးဒီပြေး ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ရွာခံအများရဲ့ အတိုက်အခံ လုပ်မှုကြောင့် ဗမာအလုပ်သ္မားတွေ တစတစပြန်ဝင်လာကြပေမဲ့ အရင်လိုတော့ စည်စည်ကားကား ပြန်ဖြစ်မလာတော့ပါဘူး။ ခုတော့ဖြင့် အဲသလို အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ဒီရွာကလေးမှာ ဗမာပြည်သား အလုပ်သ္မားတွေ နောက်တန်း အောက်တန်း ကျလာလိုက်တာ တခြားရွာကလေးတွေမှာ အလုပ်လုပ်နေကြတဲ့ ဗမာ အလုပ်သ္မား တွေနဲ့တောင် မယှဉ်နိုင်အောင် ဖြစ်လာပါတော့တယ်။ ဘယ်လို အခက်အခဲ ကန့်သပ်ချက်တွေ ရှိနေသော်လည်းဘဲ ဗမာအလုပ်သ္မားများကတော့ ဒီရွာကလေးမှာ ဝင်လာလိုက် ထွက်ခွာလိုက်နှင့် အဝမ်းတခါး အတွက် ရုန်းကန်နေဆဲ ကြိုးစားတည်ဆောက် နေကြဆဲပင်ဖြစ်ပါတယ်။

ဆက်လက်ဖေါ်ပြပါဦးမယ် .......

Friday, July 24, 2009

လားဟူ မိခင်

ဝါဆိုလဖွဲ့



ကိုးခွင်ငယ် မှို်င်းပါလို့၊ မြင်တိုင်းမှာတဲ့ မည်းညို
လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။

ဆင်တာရာငယ်၊ ရာသီကရကဋ်
နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ် နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို
မာလာမင်းက ၊ သင်းလှတယ်လေး။

(
မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

လေးဆယ့်ရှစ်က ဗမာကျောင်းကလေး





၂၄ - ၀၇ - ၀၉




ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် (၂၇) သို့ ဆက် click
ဒေါ်အောင်ဆန်းစုကြည်အမှု လျှောက်လှဲချက် မပြီးပြတ် click
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုပွဲများ နှောက်ယှက်ခံရ click
မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်လ်ဒီအဖွဲ့ဝင်များ ဆုတောင်းပွဲကျင်းပ click
ကလင်တန်၏ ကမ်းလှမ်းချက် အတိုက်အခံတို့ မနှစ်သက် click
ဒုံးပျံနည်းပညာကရိယာ မြန်မာပြည်သို့ ပို့သော ဂျပန်စီးပွားရေးသမားကို ဖမ်းဆီး click
ရုရှားပြန် စစ်အရာရှိ (၃) ဦး ပြည်ပကို ထွက်ပြေးတိမ်းရှောင် click
မြန်မာပြည်မှာ ၀က်တုပ်ကွေးရောဂါဖြစ်ပွားသူ (၆) ဦး ရှိသွားပြီ click
တရုတ်နယ်စပ်မှ အလည်ခရီးဧည့်သည်များကို မြန်မာဖက်မှ ပိတ်ပင် click
ကမ်းရိုးတန်းတိုင်းမှူးမှ မီးသွေးဖို ဖျက်ဆီးပြီးနောက် မီးသွေးအတွက် အခက်ကြုံ click
ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး click
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းနေ့ အားပေးသူများ စုစည်း၊ လုံထိန်းရဲများ အင်းစိန်ထောင်ပတ်ဝန်းကျင် အင် အားပြ click
ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက် click
မြန်မာကို အာဆီယံကထုတ်ရန် အကြောင်းမရှိဟု ထိုင်းဝန်ကြီးချုပ် ပြောကြား click
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရသတင်းစာက ရေးသား click
(၁၀) သိန်းလာဘ်ယူကာ ဒီဂျစ်တယ်ဖုန်းလိုင်းသစ်များ လုပ်ပေး click
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည့်ဆောင်းပါး မြန်မာ့အလင်းတွင် ဘာသာပြန်ပြီး ဖော်ပြ click
မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးရှာ ဒဏ်ရိုက်နေ click
အိန္ဒိယပါလီမန်အမတ်များအဖွဲ့က ဒေါ်အောင်ဆန်စုကြည်ကို လွှတ်ဖို့တောင်းဆို click
မြန်မာနိုင်ငံမှ စစ်သား (၃) ဦး ပျောက်ဆုံးနေ click
နာဂစ်ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြ click
မြန်မာနိုင်ငံသား မူဆလင် (၂၈) ဦး ဖမ်းဆီးခံရ click
ဝ တပ်ထွက်နှင့် ဗျူဟာမှူးပေါင်း၍ တာချီလိတ်လယ်သမား လယ်မြေများ အဓမ္မဈေးနှိမ်ဝယ် click
၂၀၁၀ ခုနှစ် ရွေးကောက်မတိုင်မီ ချမ်းသာရေး နအဖအာဏာပိုင်များ ကြိုးပမ်းအားထုတ် click