Showing posts with label ကာလပေါ်သတင်း. Show all posts
Showing posts with label ကာလပေါ်သတင်း. Show all posts

Sunday, October 4, 2009

အိန္ဒိယမှာ ဒိုင်နိုဆောဥတွေ တွေ့ပြီ


အိန္ဒိယ တောင်ပိုင်းမှာ နှစ် ၆၅ သန်း သက်တန်းမျှ ရှိပြီဖြစ်တဲ့ ဒိုင်နိုဆောဥ ရာနဲ့ချီတွေ့ရှိပြီလို့ ဘူမိဗေဒ သိပ္ပံ ပညာရှင်များက ကြေညာပါတယ်။
ရုပ်ကြွင်းတွေ့ရှိမှု သမိုင်းကို ပြောင်းလဲစေတဲ့ ဒီတွေ့ရှိမှုကို ဒေါက်တာ အမ်၊ယူ ရာမ်ကူးမား ဦးဆောင်တဲ့ အိန္ဒိယ သိပ္ပံပညာရှင်များက အိန္ဒိယ တောင်ပိုင်း တမီလ်း နာဒူး ပြည်နယ် မှာရှိတဲ့ ရှေးဟောင်း မြေအောက်မြစ်ကြောင်းကို တူးဖေါ်စဉ်တွေ့ခဲ့ ကြရတာဖြစ်ပါတယ်။ တူးဖေါ်ရေးသမားတွေဟာ ပုတ်သင်ဥနဲ့တူတဲ့ ဥတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဓါတ်ပုံတွေနဲ့ နမူနာအထောက်အထားတွေကို တက္ကသိုလ်တွေဆီ ပေးပို့စစ်ဆေးစေခဲ့ရာမှာ ဒီဥတွေဟာ ဒိုင်နိုဆောဥတွေဘဲလို့ အတည်ပြုပေးခဲ့ကြပါတယ်။
ဥတွေဟာ ဘောလုံးတလုံးရဲ့ အရွယ်ပမာဏ ၁၃ - ၂၃ စင်တီမီတာဆိုဒ် ဘဲဥပုံရှိပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရာမ်ကူးမားက ဘီဘီစီကို ခုလိုပြောပြပါတယ် …
အရေးပါတဲ့ တွေ့ရှိချက်ကတော့ မတူကွဲပြားတဲ့ ဒိုင်နိုဆောတွေဟာ ဒီနေရာမှာ နှစ်အစဉ်အဆက် (သို့) ခေတ်အလိုက် လာပြီး ဥ ဥချထားတဲ့ပုံရပါတယ်။
နောက်အရေးကြီးတဲ့တချက်က ဒီဥတွေမှာ မီးတောင်ချော်သင့် လက္ခဏာတွေနဲ့ မီးတောင်ပေါက်ကွဲမှု လက္ခဏာတွေတွေ့ရှိတာပါ၊ “ဒီဥတွေဟာ မကွဲအက်ဘဲ ပုံမပျက်တည်ရှိနေပါတယ်” ဘာကြောင့် ပုံမပျက်တည်နေနီုင်တာလဲ၊ ကျွန်တော်တို့ ဒီတွေ့ရှိမှုကနေ ဆက်လက် လေ့လာခြင်ပါတယ် ။
ပညာရှင်များကတော့ ဒီဥတွေဟာ သီးနှံစားတဲ့ ဆောရိုပေါ့ မျိုးစိတ် ဒိုင်နိုဆောဥတွေဘဲလို့ ယုံကြည်ယူဆကြပါတယ်။

Ref.
BBC News, Delhi .. By Jyotsna Singh

Saturday, September 26, 2009

န၀ရတ်က ၃၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သန်လျင်တွင် အလှူလုပ်


(ဓာတ်ပုံ-အလင်းတန်းဂျာနယ်)
စက်တင်ဘာ ၂၇
သရုပ်ဆောင် န၀ရတ်က ယခုလ ၆ ရက်နေ့က ကျရောက်သည့် သူ၏ မွေးနေ့တွင် ဗုဒ္ဓဘာသာ ကလေး ၂၀ ခန့် သင်္ကန်းဆီးနိုင်ရန် ကူညီခဲ့သည်ဟု အလင်းတန်းဂျာနယ် အမှတ် ၅၇၁ တွင် ရေးထားသည်။

ကလေးများမှာ ရန်ကုန်တိုင်း၊ သံလျင်မြို့ ကညင်ပင် ဘုန်းကြီးကျောင်းဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်ဟု ဆိုသည်။

“သန်လျင်က ကလေး နှစ်ဆယ်လောက်ကို အစ်မရဲ့ အစ်မက ကျောင်းထားပေးထားတာ ရှိတော့ အဲဒီလို နွမ်းပါးတဲ့ ကလေးတွေကို ကိုရင်ဝတ်ပေးချင်တယ် ဆိုတဲ့ စိတ်လေး ဖြစ်လာတယ်။ အဲဒါနဲ့ မွေးနေ့ မတိုင်ခင် ညနေပိုင်းမှာ သွားပြောလိုက်တာ မွေးနေ့မှာ နွမ်းပါးတဲ့ ကလေး နှစ်ဆယ်လောက်ကို ကိုရင်ဝတ်ပေးနိုင်ခဲ့တယ်” ဟု မင်းသမီး န၀ရတ်က အလင်းတန်းသို့ ပြောပြသည်။

ထိုသို့ အလှူလုပ်ရာတွင် ဒေသခံ အရပ်သားများကို ဒံပေါက်ထမင်းဖြင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။

န၀ရတ်၏ အမည်ရင်းမှာ စပယ်ကိုကို ဖြစ်ပြီး ၁၉၇၇ ခုနှစ်ဖွား ဖြစ်သည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ဖူးသည်။
Ref ... မိုးမခအထောက်တော် အမှတ် ၀၀၆

Wednesday, September 16, 2009

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ

Wednesday, 16 September 2009 15:42 လွင်ကို
နာမည်ကျော် ရုပ်ရှင်အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက် တရားဟောပြောမှုများ ပြုလုပ်နေရာ မကြာသေးခင်က ပိတ်ပင် ခံထားရကြောင်း သိရသည်။
ဦးကိတ္တိသာရသည် ပဲခူးမြို့ရှိ ဦးကိတ္ထိပရဟိတ ကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟော ပြောနေခြင်းကို ပဲခူးမြို့ သံဃမဟာနယက အဖွဲ့ မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူတဦးက ပြောသည်။

ပဲခူးမြို့ခံ ဆရာတော် တပါးကလည်း “သူက တရားဟောတာ မဟုတ်ဘူး၊ စိတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတယ် ပြောတယ်၊ သူအဲဒီလို လုပ်တာနဲ့ ပတ်သတ်ပြီး ဆရာတော်ကြီးတွေက မကြိုက်ဘူး”ဟု မိန့်သည်။

ဦးကိတ္တိသာရ အနေဖြင့် တရားဟောပြောရာတွင် အဘိဓမ္မာ၊ ဝိနည်း တို့နှင့် ပတ်သတ်သည့် အကြောင်းအရာ တခုမှ ပါဝင်ခြင်းမရှိဘဲ ၎င်းရုပ်ရှင် သရုပ်ဆောင် သက်တမ်း တလျှောက် လုပ်ဆောင်ခဲ့သော အတွေ့အကြုံ များကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ တရားပွဲ သွားရောက်ခဲ့သူ တဦးက ပြောသည်။

“သူဟောနေတာတွေက ဘုရားအဆို အဆုံးအမတွေ တခုမှမပါဘူး၊ လူပြိန်းတော့ ကြိုက်တာ ပေါ့နော်၊ နားလည်တဲ့ သူတွေက မကြိုက်ဘူး၊ သူပါတဲ့ပွဲဆို နာမည်ကြီး ဆရာတော်တွေက ငြင်းကြတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ဦးပဉ္ဇင်း ဦးကိတ္တိသာရ လူဝတ်လဲသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သော ကြောင့် ဦးပဉ္ဇင်းကြီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ဖူးသည်။

ဦးပဉ္ဇင်းကြီး ဦးကိတ္တိသာရက “ဦးပဉ္ဇင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုအချိန်ကတည်းကပင် ၎င်း ဦးပဉ္ဇင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။

ထိုကဲ့သို့တရားပွဲများတွင် တရားနာကြားခြင်းထက် ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို မမြင်ဘူး၍လာရောက် ကြည့်ရှုသူများရှိ ကြောင်းလည်း သိရသည်။

ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်းသည် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်ဟုအမည်ပေးကာ၂၀၀၇ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့သေးသည်။

ဦးကျော်ဟိန်းသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်၍ အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ref; Irrawady

Wednesday, September 9, 2009

(မောင်မစ္စက) ပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာ ကျင်းပ


(မောင်မစ္စက) မယ် ပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာ ကျင်းပခဲ့


မြန်မာနိုင်ငံအနှံ့မှ အလှဖန်တီးရှင်များ၏ အလှမယ်ပြိုင်ပွဲကို ပြီးခဲ့သည့် လကုန်ရက်က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ကောက်ခံရရှိတဲ့ အလှူငွေ ကျပ် သိန်း ၁၀၀ ကျော်ကို အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲ ကျင်းပခွင့်ကို လျှောက်ထားရာမှ ရှေးဦးစွာ သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုခဲ့လို့ နိုင်ငံတော် သူဌေးကြီး ဦးတေဇရဲ့ မရီးတော်သူ ဒေါ်ယုဇော်က လျှောက်ပေးမှ ခွင့်ပြုချက်ရရှိခဲ့တယ်လို့ သိရပါတယ်။




Copyright@ Moemaka


Sunday, July 26, 2009

အမေရိကန်ရောက် မြန်မာမဂ္ဂဇင်း

အမေရီကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့တွင် ရောက်ရှိ နေကြသော မြန်မာပြည်သားများ စုပေါင်း၍ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဖူးပွင့်ဝေ စာစုံမဂ္ဂဇင်း အမှတ် (၁) ကို ထုတ်ဝေ လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ မဂ္ဂဇင်းအား မောင်စွမ်းရည်၊ ညိုယဉ်၊ မာမာအေး တို့မှ နာယက အဖြစ် ဆောင်ရွက်ကြပြီး၊
အကြံပေးများအဖြစ် အောင်ဝေး၊ မောင်စိုးချိန်၊ ကိုရာဇာ၊ သီဟကြည် တို့ ဆောင်ရွက်ကြသည်။ အယ်ဒီတာအဖွဲ့ဝင်များမှာ ကျော်လင်းနိုင်၊ ဆောင်းယွန်းလ၊ မောင်ချမ်းမှိုင်းတို့ဖြစ်ကြပြီး တအုပ်လျင် ၃ ဒေါ်လာနှုန်းဖြင့် ရောင်းချဖြန့်ချီလျက်ရှိကြောင်းသိရသည်။
အဆိုပါ မဂ္ဂဇင်းသည် အမေရိကန်ရောက် ဗမာပြည်သားများ၏ စုပေါင်းထုတ်ဝေခြင်းများတွင် အကျယ်ဆုံး အင်အားစုစည်းနိုင်သည့် ပထမဆုံးမဂ္ဂဇင်းပင်ဖြစ်သည်။
48 - News (26 - 7 - 09 0

Sunday, July 19, 2009

ကာလပေါ်သတင်း

'BURUNDANGA' ကို သတိထားပါ
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။
ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအား ခေါင်းကိုက်လာပြီး အသက်ရှူလို့မရ ဖြစ်လာခဲ့တယ်။ သူမဟာ ကား ပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။
ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။
အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကို မောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။
လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန်နိုင်အောင် မသမာ သူတွေက 'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။ အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့ အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။
ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာဝေတာ၊ လက်ကမ်းကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ် လာနိုင်တာတွေ အများကြီး ရှိပါတယ်။

Thursday, July 16, 2009

ကာလပေါ်သတင်း

ခေါင်းနှစ်လုံးနဲ့ နွားကလေးမွေး

လေးဆယ့်ရှစ်ရွာကလေးနှင့် ကီလို မီတာ ၃၀ ကျော်ဝေးသော မဲ့ခေါင်နွဲ့ ကျေးရွာတွင် ဦးခေါင်း နှစ်လုံးနှင့် နွားထီးလေး တကောင် မွေးဖွားကြောင်း သိရှိ ရပါသည်။ ထိုင်းနိုင်ငံသား မုန်း လူမျိုး စံကျိုးအိစဲ့မာ ပိုင်ဆိုင်သော နွားမမှ မွေးဖွား ခဲ့ခြင်းဖြစ်ပြီး ကျမ်းမာ သန်စွမ်းကြောင်း သိရှိရသည်။

Tuesday, July 14, 2009

ကာလပေါ်သတင်း

R ဇာနည် ဒီလထဲ ကလေးအဖေ ဖြစ်မည်

ဇူလိုင် ၁၄၊ ၂၀၀၉ မော်ဒယ် ၀မ်း နှင့် အဆိုတော် Rဇာနည်

Rဇာနည် ၏ ဇနီးဖြစ်သူ ၀မ်းက ယခုလအတွင်း ရင်သွေးငယ် မွေးဖွားမည်ဖြစ်သည်။ အိမ်ထောင်သက် ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးယူခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ဘက်မိဘများအတွက်လည်း မြေးဦးဖြစ်မည်ဟု ဆိုသည်။


မိခင်အသစ်စက်စက် နန္ဒလှိုင် နှင့် သမီး ကြော်ငြာများရိုက်ကူး

နန္ဒလှိုင်၊ ခင်ပွန်းဖြစ်သူ ကိုဇေသီဟ နှင့် သမီးငယ် ဇေ၀တီလှိုင်။

ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသည့် နို့မှုန့်ကြော်ငြာများတွင် နန္ဒာလှိုင်တို့ မိသားစုတို့ကို တွေ့ရမည်ဖြစ်သည်။ သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်သည် လွန်ခဲ့သည့် ၂ လ ခန့်က မွေးဖွားခဲ့သည့် သမီးငယ်ကို အမည်ပေးရာတွင် သူနှင့် ခင်ပွန်းသည်တို့၏ အမည်များကို ထည့်သွင်းထားသည်။

Ref ; မိုးမခ