Sunday, October 4, 2009

အိန္ဒိယမှာ ဒိုင်နိုဆောဥတွေ တွေ့ပြီ


အိန္ဒိယ တောင်ပိုင်းမှာ နှစ် ၆၅ သန်း သက်တန်းမျှ ရှိပြီဖြစ်တဲ့ ဒိုင်နိုဆောဥ ရာနဲ့ချီတွေ့ရှိပြီလို့ ဘူမိဗေဒ သိပ္ပံ ပညာရှင်များက ကြေညာပါတယ်။
ရုပ်ကြွင်းတွေ့ရှိမှု သမိုင်းကို ပြောင်းလဲစေတဲ့ ဒီတွေ့ရှိမှုကို ဒေါက်တာ အမ်၊ယူ ရာမ်ကူးမား ဦးဆောင်တဲ့ အိန္ဒိယ သိပ္ပံပညာရှင်များက အိန္ဒိယ တောင်ပိုင်း တမီလ်း နာဒူး ပြည်နယ် မှာရှိတဲ့ ရှေးဟောင်း မြေအောက်မြစ်ကြောင်းကို တူးဖေါ်စဉ်တွေ့ခဲ့ ကြရတာဖြစ်ပါတယ်။ တူးဖေါ်ရေးသမားတွေဟာ ပုတ်သင်ဥနဲ့တူတဲ့ ဥတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဓါတ်ပုံတွေနဲ့ နမူနာအထောက်အထားတွေကို တက္ကသိုလ်တွေဆီ ပေးပို့စစ်ဆေးစေခဲ့ရာမှာ ဒီဥတွေဟာ ဒိုင်နိုဆောဥတွေဘဲလို့ အတည်ပြုပေးခဲ့ကြပါတယ်။
ဥတွေဟာ ဘောလုံးတလုံးရဲ့ အရွယ်ပမာဏ ၁၃ - ၂၃ စင်တီမီတာဆိုဒ် ဘဲဥပုံရှိပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရာမ်ကူးမားက ဘီဘီစီကို ခုလိုပြောပြပါတယ် …
အရေးပါတဲ့ တွေ့ရှိချက်ကတော့ မတူကွဲပြားတဲ့ ဒိုင်နိုဆောတွေဟာ ဒီနေရာမှာ နှစ်အစဉ်အဆက် (သို့) ခေတ်အလိုက် လာပြီး ဥ ဥချထားတဲ့ပုံရပါတယ်။
နောက်အရေးကြီးတဲ့တချက်က ဒီဥတွေမှာ မီးတောင်ချော်သင့် လက္ခဏာတွေနဲ့ မီးတောင်ပေါက်ကွဲမှု လက္ခဏာတွေတွေ့ရှိတာပါ၊ “ဒီဥတွေဟာ မကွဲအက်ဘဲ ပုံမပျက်တည်ရှိနေပါတယ်” ဘာကြောင့် ပုံမပျက်တည်နေနီုင်တာလဲ၊ ကျွန်တော်တို့ ဒီတွေ့ရှိမှုကနေ ဆက်လက် လေ့လာခြင်ပါတယ် ။
ပညာရှင်များကတော့ ဒီဥတွေဟာ သီးနှံစားတဲ့ ဆောရိုပေါ့ မျိုးစိတ် ဒိုင်နိုဆောဥတွေဘဲလို့ ယုံကြည်ယူဆကြပါတယ်။

Ref.
BBC News, Delhi .. By Jyotsna Singh

ခုတော့အိပ်ဦး

Sunday, September 27, 2009

၂၇ - ၀၉ - ၀၉



ပြည်တွင်းသတင်း

အဖွဲ့ချုပ် (၂၁) နှစ်ပြည့် အခမ်းအနားနဲ့ ပြည်တွင်းသတင်းများ click
စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောမည် click
ဥရောပမှာ မြန်မာ့အရေး ဆွေးနွေး click
အသျှင်ဦးဂမ္ဘီရနှင့် အသျှင်စန္ဒြာမုနိတို့အား ဦးဥတ္တမဆု ချီးမြှင့် click
နစက တပ်သားတဦး မိမိကိုယ်ကို အဆုံးစီရင် click
NLD ရဲ့ (၂၁) နှစ်ကြာ ဆောင်ရွက်ချက် ကျေနပ်စရာမရှိ click
ရွေးကောက်ပွဲဥပဒေအပေါ်တည်ပြီး NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်မည် click
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ NLD တောင်းဆို click
မြန်မာ့အရေး နိုင်ငံတကာကြိုးပမ်းမှုမှာ အာဆီယံက အရေးပါ click
မြန်မာစစ်အစိုးရကို ဖိအားပိုပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း click
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတချို့ စောင့်ကြည့်ခံနေရ click
အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက် click
လူငယ်အဖွဲ့များ စုပေါင်းဝတ်ပြုဆုတောင်း click
ဂျီ (၂၀) အစည်းအဝေးနဲ့ မြန်မာ့အရေးဆန္ဒပြပွဲ (ဓာတ်ပုံသတင်း) click
ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေအချို့ ပိတ်ထားရ click
ကမ္ဘာ့သတင်း
ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီ click
အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ် click
အာဖဂန်က တပ်ဖွဲ့ရုတ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ကြီး လက်မခံ click
ဖိလစ်ပိုင်မုန်တိုင်း (၇၀) ကျော် သေဆုံး click

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့်


သြစတေးလျနိုင်ငံ ပါသ်မြို့ရှိ မင်္ဂလသုခကျောင်းတွင် ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သစ္စာဓိဌာန်ပြု ဆုတောင်းပွဲကို ၂၇-၉-၂၀၀၉ ခုနှစ် နံက် ၉ နာရီမှ ၁၂ နာရီထိပြုလုပ်ကျင်းပကြပါသည်။



48 News