Saturday, September 26, 2009

န၀ရတ်က ၃၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သန်လျင်တွင် အလှူလုပ်


(ဓာတ်ပုံ-အလင်းတန်းဂျာနယ်)
စက်တင်ဘာ ၂၇
သရုပ်ဆောင် န၀ရတ်က ယခုလ ၆ ရက်နေ့က ကျရောက်သည့် သူ၏ မွေးနေ့တွင် ဗုဒ္ဓဘာသာ ကလေး ၂၀ ခန့် သင်္ကန်းဆီးနိုင်ရန် ကူညီခဲ့သည်ဟု အလင်းတန်းဂျာနယ် အမှတ် ၅၇၁ တွင် ရေးထားသည်။

ကလေးများမှာ ရန်ကုန်တိုင်း၊ သံလျင်မြို့ ကညင်ပင် ဘုန်းကြီးကျောင်းဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်ဟု ဆိုသည်။

“သန်လျင်က ကလေး နှစ်ဆယ်လောက်ကို အစ်မရဲ့ အစ်မက ကျောင်းထားပေးထားတာ ရှိတော့ အဲဒီလို နွမ်းပါးတဲ့ ကလေးတွေကို ကိုရင်ဝတ်ပေးချင်တယ် ဆိုတဲ့ စိတ်လေး ဖြစ်လာတယ်။ အဲဒါနဲ့ မွေးနေ့ မတိုင်ခင် ညနေပိုင်းမှာ သွားပြောလိုက်တာ မွေးနေ့မှာ နွမ်းပါးတဲ့ ကလေး နှစ်ဆယ်လောက်ကို ကိုရင်ဝတ်ပေးနိုင်ခဲ့တယ်” ဟု မင်းသမီး န၀ရတ်က အလင်းတန်းသို့ ပြောပြသည်။

ထိုသို့ အလှူလုပ်ရာတွင် ဒေသခံ အရပ်သားများကို ဒံပေါက်ထမင်းဖြင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။

န၀ရတ်၏ အမည်ရင်းမှာ စပယ်ကိုကို ဖြစ်ပြီး ၁၉၇၇ ခုနှစ်ဖွား ဖြစ်သည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ဖူးသည်။
Ref ... မိုးမခအထောက်တော် အမှတ် ၀၀၆

ကိုင်း... ဘယ့်နှယ့် ရှိစ

၂၆ - ၀၉ - ၀၉



ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အကြံပြုစာပေးပို့ click
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ လူငယ်ထုက တောင်းဆို click
နိုင်ငံလုံးဆိုင်ရာ စည်းဝေးပွဲ ခေါ်ယူဖို့ နယ် NLD အဖွဲ့အချို့ တိုက်တွန်း click
သံဃာတော်တွေ သွေးမြေကျ နှစ်ပတ်လည် အနီရောင်လှုပ်ရှားမှု click
ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဆန္ဒပြ click
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် (အိန္ဒိယနိုင်ငံ) click
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် (ထိုင်းနိုင်ငံ) click
ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး click
(၅၀၀၀) ကျပ်တန် သတင်းနှင့်အတူ ငွေတန်ဖိုးကျဆင်း၊ ဈေးနှုန်းအချို့ မြင့်တက် click
သရက်ထောင်မှ ကေအဲန်ယူအကျဉ်းသားတဦး ကျန်းမာရေးဆိုးရွား click
ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စိုးရိမ်မကင်းဖြစ် click
အထိန်းသိမ်းခံ နိုင်ငံသားကို နှိပ်စက်သဖြင့် ကန်သံရုံးက ကန့်ကွက် click
ANC တွင် ရဟန်းတော်တပါး ဥက္ကဌအဖြစ် တင်မြှောက်ခံရ click
ဂျီ (၂၀) အစည်းအဝေးနဲ့ မြန်မာ့အရေးဆန္ဒပြပွဲ (ဓာတ်ပုံသတင်း) click
ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဂျပန်) click
ကမ္ဘာ့သတင်း
ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ပြောင်းလဲဖွယ်ရှိ click
နျူကလီးယားရည်မှန်းချက် အီရန်နိုင်ငံ မစွန့်လွှတ် click
အာဖဂန်ရွေးကောက်ပွဲ နောက်ဆက်တွဲ အကြမ်းဖက်မှု အလားအလာ ကုလသတိပေး click
အီရန်က စက်ရုံသစ်ကို ၀င်ကြည့်ခွင့်ပြုမှာကို အမေရိကန်ကြိုဆို click

Wednesday, September 16, 2009

၂၀၁၀ မှာ

သန်းရွှေ ပါးစပ်ကျယ်တာမဟုတ် ဗမာပြည်က သေးနေတာ

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ

Wednesday, 16 September 2009 15:42 လွင်ကို
နာမည်ကျော် ရုပ်ရှင်အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက် တရားဟောပြောမှုများ ပြုလုပ်နေရာ မကြာသေးခင်က ပိတ်ပင် ခံထားရကြောင်း သိရသည်။
ဦးကိတ္တိသာရသည် ပဲခူးမြို့ရှိ ဦးကိတ္ထိပရဟိတ ကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟော ပြောနေခြင်းကို ပဲခူးမြို့ သံဃမဟာနယက အဖွဲ့ မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူတဦးက ပြောသည်။

ပဲခူးမြို့ခံ ဆရာတော် တပါးကလည်း “သူက တရားဟောတာ မဟုတ်ဘူး၊ စိတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတယ် ပြောတယ်၊ သူအဲဒီလို လုပ်တာနဲ့ ပတ်သတ်ပြီး ဆရာတော်ကြီးတွေက မကြိုက်ဘူး”ဟု မိန့်သည်။

ဦးကိတ္တိသာရ အနေဖြင့် တရားဟောပြောရာတွင် အဘိဓမ္မာ၊ ဝိနည်း တို့နှင့် ပတ်သတ်သည့် အကြောင်းအရာ တခုမှ ပါဝင်ခြင်းမရှိဘဲ ၎င်းရုပ်ရှင် သရုပ်ဆောင် သက်တမ်း တလျှောက် လုပ်ဆောင်ခဲ့သော အတွေ့အကြုံ များကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ တရားပွဲ သွားရောက်ခဲ့သူ တဦးက ပြောသည်။

“သူဟောနေတာတွေက ဘုရားအဆို အဆုံးအမတွေ တခုမှမပါဘူး၊ လူပြိန်းတော့ ကြိုက်တာ ပေါ့နော်၊ နားလည်တဲ့ သူတွေက မကြိုက်ဘူး၊ သူပါတဲ့ပွဲဆို နာမည်ကြီး ဆရာတော်တွေက ငြင်းကြတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ဦးပဉ္ဇင်း ဦးကိတ္တိသာရ လူဝတ်လဲသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သော ကြောင့် ဦးပဉ္ဇင်းကြီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ဖူးသည်။

ဦးပဉ္ဇင်းကြီး ဦးကိတ္တိသာရက “ဦးပဉ္ဇင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုအချိန်ကတည်းကပင် ၎င်း ဦးပဉ္ဇင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။

ထိုကဲ့သို့တရားပွဲများတွင် တရားနာကြားခြင်းထက် ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို မမြင်ဘူး၍လာရောက် ကြည့်ရှုသူများရှိ ကြောင်းလည်း သိရသည်။

ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်းသည် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်ဟုအမည်ပေးကာ၂၀၀၇ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့သေးသည်။

ဦးကျော်ဟိန်းသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်၍ အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ref; Irrawady

၁၅ - ၉ - ၀၉



ပြည်တွင်းသတင်း

တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့်မရ click
စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက် ကမ္မဝါစာ ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော် click
အကျဉ်းသားသံဃာတော် ကျန်းမာရေး ဆိုးဝါးနေ click
တရုပ်အစိုးရ ဘယ်သူ့ဘက်ရပ်တည်သလဲ - အပစ်ရပ်များ မေးခွန်းထုတ် click
ပါတီမှ ခွဲထွက်အဖွဲ့ဝင်ကို မွန်ကာကွယ်ရေးတပ်မှ သေနတ်ဖြင့် လုပ်ကြံ click
မြန်မာစစ်တပ်အတွင်း ကလေးများကို အကြိုစစ်သားအဖြစ် စုဆောင်း click
ကလေးစစ်သားနှစ်ဦး အကျဉ်းကျခံရ click
မြန်မာပြည်အကြောင်း မြန်မာ့မိတ်ဆွေများအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည် click
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ချက်မှာ ဆွေးနွေး click
KNU နှင့် DKBA တိုက်ပွဲဖြစ်ပွား click
ဘုရားသုံးဆူမြို့တွင် ဗုံးတလုံး ထပ်မံပေါက်ကွဲ click
၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရအာဏာပိုင်များ ကွင်းဆင်းပြင်ဆင်နေ click
အောင်လံမြို့နယ် တရားရုံးမှာ လယ်သမား (၁၃) ဦး အမှုတွဲ ဆက်လက်စစ်ဆေး click
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်သစ်ကြောင့် HIV ကာကွယ်ရေးလုပ်ငန်းများ ထိခိုက်နိုင် click
လေဆင်နှာမောင်း ဖြတ်သွား၍ ဘိုကလေးလူထု ထိတ်လန့် click
နအဖနှင့် ကေအိုင်အိုကြား နယ်ခြားစောင့်တပ်ကိစ္စ (၇) ကြိမ်မြောက် ဆွေးနွေး click
အန်အယ်လ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ (၆၉) မြို့နယ်တွင် ပြီးစီးဟုဆို click

ဝန်ကြီးချုပ်ဟောင်းများ၏ သမီး (၃) ဦး ပါတီတခုဖွဲ့ရန် အသင့်ဖြစ်နေပြီ click
ကမ္ဘာ့သတင်း
ဖိနပ်နဲ့ပေါက်သူ သတင်းထောက် ပြန်လွတ်လာ click
ကျန်းမာရေးစောင့်ရှောက်မှု ပြောင်းလဲရေး သမ္မတအိုဘားမား ကွန်ဂရက်စ်ကို မိန့်ခွန်းပြောကြား click

Tuesday, September 15, 2009

ထိုင်း ဆရာတော် မြန်မာပြည်သားများအား ပစ္စည်းဝေငှ


( ၁၅ - ၉ - ၀၉ ) ဘန့် လောင်ကောက်
ထိုင်းနိုင်ငံ ဘန်ကောက်တွင် သီတင်းသုံးသော ဆရာတော် ဖရာ့တ်ခရူ ပရိယာချန်ထိုး သည် ဘန့်လောင်ကောက် ( လေးဆယ့်ရှစ်) ကျေးရွာရှိ သာသနာ့ဗိမ္မာန် မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အခြေပြု၍ ယနေ့ညနေ ပိုင်း ၂နာရီမှ ၆ နာရီအထိ ဆင်းရဲသား မြန်မာပြည်သား များအား စားစရာ၊ ကလေး ကစားစရာ၊ နှင့် အဝတ်အထည် ကားလေး တစီးစာ လာရောက်ဝေငှပေးကြောင်း သိရှိရပါသည်။
ဆရာတော်ထိုကဲ့သို့ လေးဆယ့်ရှစ်ကျေးရွာတွင် လာရောက်ဝေငှ ပေးခြင်းသည် ( ၈ ) ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ကျန်ခဲ့သည့် သြဂုတ်လ ကလည်း လာရောက်ဝေငှ ပေးခဲ့သေးကြောင်း သတင်းရရှိပါသည်။