Tuesday, September 15, 2009

၁၄ - ၉ - ၀၉



ပြည်တွင်းသတင်း

မြန်မာ့အရေး တရုတ်နှင့် အနောက်နိုင်ငံတို့ ညှိနှိုင်းချဉ်းကပ်သင့်ဟု ICG ပြော click
မြန်မာအပေါ် တရုတ်သြဇာ ICG လျှော့တွက် click
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ ကြားနာပွဲ ကိုယ်တိုင်တက်ရောက်ခွင့် ငြင်းပယ်ခံရ click
နိုင်ငံရေးအကျဉ်းသူနှစ်ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေး click
မော်လမြိုင်ထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ click
ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် ကြေညာချက် click
၈၈ မျိုးဆက်နှင့် ဗကသကျောင်းသားများအဖွဲ့က သံဃာများအား ထောက်ခံ click
တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး စစ်အစိုးရသတင်းစာ ဖော်ပြ click
နအဖတပ်နှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်ပွား click
ဦးဝင်းတင် ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် သဘောထား ထင်ဟပ်ဟုဆို click
ဦးသုဝေနှင့် ဦးဝင်းနိုင် ၂၀၁၀ ရွေးကောက်ပွဲကြို click
၂၀၁၀ ရွေးကောက်ပွဲအကြို နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ICG ပြော click
တခြားတိုင်းရင်းသားအဖွဲ့များလည်း အတိုက်ခံရမည်ဟု ဖုန်ကြားရှင် သတိပေး click
ဗိုလ်ချုပ်ရဲမြင့်နှင့် ဆွေးနွေးနေစဉ် ကေအိုင်အို အမြောက်ကြီး ပစ်ခတ် click
နိုင်ငံရေးအကျဉ်းသူနှစ်ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေး click
ချင်းမိုင်ရှိ မြန်မာ့အရေးလှုပ်ရှားသူတချို့ ဖမ်းဆီးခံရ click
ဘက်ပြောင်း ကရင်တပ်မတော် ဗိုလ်ကြီးဟောင်း ခြုံခိုတိုက်ခိုက်ခံရ၍ သေဆုံး click

အာဏာ (၄၀) ရာခိုင်နှုန်း ခွဲပေးရန် စစ်အစိုးရကို တကျော့ပြန် ဦးဝင်းနိုင် အဆိုပြု click
ကမ္ဘာ့သတင်း
ငွေကြေးအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေး အိုဘားမား တိုက်တွန်း click
ဇင်ဘာဘွေဝန်ကြီးချုပ်က မူဂါဘီကို သတိပေး click

Sunday, September 13, 2009

မိုးခါးရေ သောက်လိုသူ


မိုးခါးရေ သောက်ခြင်တယ်
ခေတ်နဲ့ လျှော်ညီစွာ
ရော် … ခက် ခက်လှချည့်ရဲ့
ယောယိမ်းလိုက် ဘသားယိမ်းလိုက်
ဒီ တေးသွားတွေသာ
တိမ်ထုဖွဲ့ တည်
အရည်မှုန်ဖြစ် စု ဖွဲ့
ရွာချနေတုန်း …. ။

မိုးခါးရေ သောက်ခြင်တယ်
ရာဇဥမ္မတ္တက မိုးကြိုးထစ်
လျှပ်စစ် ချုန့် ချိန်း
မိုးခါးရေ
မြေပြင်လူသား ဆွဲချမယ်
ကြံရွယ်နေတုန်း …. ။

မိုးခါးရေ သောက်ခြင်တယ်
လူထုအာဏာ
ဂလိုဘယ်လိုက်ဇေးရှင်း
တရွေ့ရွေ့တိုးတက်ရေးလက္ခဏာ
ဘယ်ဟာက
မိုးခါးရေ ဖြစ်မယ်
ခွဲ ခြား စိပ် ဖြာ
ရေ ရေ ရေ ရှာနေတုန်း …. ။

မင်းဟံသာ

၁၃ - ၉ - ၀၉



ပြည်တွင်းသတင်း

ရွေးကောက်ပွဲမ၀င်ရေး NLD မဆုံးဖြတ်သေး၊ စစ်အစိုးရဘက်က အစိုးရသစ်၊ ပါတီသစ် ကြေညာနိုင် click
အပစ်ရပ် သူပုန်အဖွဲ့များကို စစ်အစိုးရ ချီးကျူးရေးသား click
အိပ်ခ်ျအိုင်ဗွီအဖွဲ့အစည်းများ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းရမည် click
စိတ်ကြွဆေးပြား နှစ်သိန်းကျော် ဖမ်းဆီးရမိ click
ကေအဲန်ယူ ဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြီးစီး click
ကိုးကန့်နဲ့ မြန်မာတပ် တိုက်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအခြေအနေ click
မြန်မာမှ ပိုင်ဆိုင်ကြောင်းပြောဆိုသော ရေပြင်ပိုင်နက်ကို ဘင်္ဂလားက ကုလသမဂ္ဂတွင် ကန့်ကွက် click
တရုတ်နယ်စပ် မငြိမ်သက်မှု ဘင်္ဂလား-မြန်မာနယ်စပ် ဆံပင်ဈေးကွက်ကို ထိခိုက် click
ရခိုင်ရိုးမတကျောက ကမ္ဘာ့ရှားပါးလိပ် click
ကမ္ဘာ့သတင်း
တိုက်ပွဲအတွင်း တာလီဘန် (၅၀) သေဆုံး၊ အာဖဂန် ကြေညာ click
ဇင်ဘာဘွေအပေါ် အီးယူဒဏ်ခတ်မှု ရုတ်သိမ်းဦးမည်မဟုတ် click

အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အမေရိကန် တွန်းအားပေး click
အီရန်နဲ့ နျူကလီးယားကိစ္စ အမေရိကန် အာရုံစိုက် ဆွေးနွေးမည် click
ဖခင်ဖြစ်သူ၏ အကြွေးငွေ (၄၀၀၀) အတွက် အသက် (၁၃) အရွယ် အမျိုးသမီးငယ်တဦး (၇၅) နှစ်အရွယ်ရှိ အဖိုးကြီးတဦးကို လက်ထပ်ရ click

လူထု သစ္စာဖေါက်များသို့ ဆုတော်လာဘ်တော်

ကိုဇင် (ခါသိုအွန် )

Saturday, September 12, 2009

၁၂ - ၉ - ၀၉



ပြည်တွင်းသတင်း

ဦးဝင်းတင် ပြန်လွတ်လာပြီ click
၇၄ အခြေခံဥပဒေ မရှိကြောင်း လျှောက်လဲမည် click
ဦးဝင်းတင်ကို ရဲက ခေါ်ယူစစ်ဆေး click
ဗကသများအဖွဲ့ချုပ်အနေနဲ့ လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေ click
ရတနာစီမံကိန်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် ရေနံကုမ္ပဏီတွေ လက်မခံ click
လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် လွှတ်တော်ကြားနာပွဲ ပြုလုပ်ရန် ပြင်ဆင်နေ click
တိုင်းရင်းသားအရေး လုံခြုံရေးကောင်စီ ၀င်ရောက်ထိန်းရန် အမျိုးသားကောင်စီတောင်းဆို click
ကိုးကန့်အရေး ဖြေရှင်းနေရတဲ့ မြန်မာစစ်အစိုးရ click
စက်တင်ဘာ (၁၁) အကြမ်းဖက်တိုက်ခိုက်မှု (၈) နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ click
ERI အစီရင်ခံစာကို ရေနံကုမ္ပဏီတွေနဲ့ ဘဏ်တွေက တုန့်ပြန် click
ကမ္ဘာ့သတင်း
ဆွန်ဒီးကို အာမခံနဲ့ လွှတ် click
ရဲချုပ် ဗိုလ်ချုပ်ကြီး Patcharawat ကို ပြောင်းရွှေ့ click

အိုဘယ့် … တမာန်တော်



၁ -
ဟော့ဒီ တ၀ါးဝါးအော်နေတဲ့ အမှောင်ထဲ
မြွေတကောင်ရဲ့ တွန်သံတွေလို
ကြယ်တွေကို ကလူ၊ ကောင်းကင်ကိုဖြတ်
အိမ်မက် သစ်ပင်ပေါ် ခပ်ဖွဖွခြေသံ
ငါ့အမက်မောဆုံး မှိုင်းတိုက်ခံရခြင်းအတွက်
ခေတ္တနားဆင်ပါ …
အို.. ညရဲ့ဂုတ်ပေါ် ခွစီးထားတဲ့ လေချွန်သံပွဲတော်။

၂ -
မည်းနက်နက် ညဝတ်ရုံပေါ် ရှပ်တိုက်ပြေးနေတဲ့
အိုဘဲ့ ခရီးသည် …. ၊
သူမရဲ့တဖက်မှာ ငါ့ပျိုးပင်တွေ ခါးကိုင်းနေလေရဲ့
ငါ့မြို့လယ်ကွက်ထဲ ၊ ပတ်ကြားအက် နှုတ်ခမ်းတစုံဟာ
ခပ်ရိုင်းရိုင်း သက်ပြင်းထဲ ပျိုးကြဲရင်း
ဒရွတ်တိုက်ဆွဲ၊ အသေကောင် ဖြစ်မဲ့အကြောင်း
ပြောပြပါကွဲ့ ... … ။

သွတ်ချာပါဒ ငါ့ဇာတိက အတွက်
နုံချာချာ အိတ်တလုံးနဲ့ တိမ်ဖုံးခြင်းကိုဖေါက်
လမ်းပျောက်နေတဲ့ ရေစီးကြောင်းကိုလဲ
သီချင်းဟောင်းတပိုဒ် ဆိုပြပါ၊
ငါ့ဝတ္တုကို ကျောပေါ်တင်ရင်း
သင့်ရှေ့
ကုန်ကြမ်းထုပ်၊ ကုန်သည်လက်
မင်းအဆက်ဆက် အမွေပေးပုံ
ပြန့်ကျဲနေတဲ့ ငါ့ဆံရိုင်းနဲ့ ဒုန်းစိုင်းပါလှည့် … …။

သင့်ရဲ့အောက်က အအိပ်မက်မြစ်ရဲ့
ပခုံးသားကိုရိုက်ပါ၊ သူလဲ ငါ့ဇက်ကြိုးကိုကိုင်သူပေါ့၊
အစွယ်ဖွေးဖွေးနဲ့ ဟိန်းဟောက်တတ်တဲ့ ညနာရီတွေ
ရူးသွတ်သော အသေကောင်တွေအပေါ်
ခတ်ဖွဖွ ခြေလှမ်းနဲ့၊ ခပ်ကိုင်းကိုင်းမိုးကုပ်အစ၊
အရိုးထုပ်နေတဲ့ လွင်ပြင်ဘဝမှာ
သရဖူကိုဆောင်း အကြမ်းဆုံးသော စကားဆို
ဗျတ်စောင်းအိုရဲ့ နောက်ပိုင်းတေးနဲ့
ကြယ်တွေကိုလဲ ခူးယူပါကွဲ့ … …။

၃ -
ပါးရေတွန့် ပင်လယ်ရဲ့ သောင်ပေါ်မေးတင်
မြွေတကောင်ရဲ့ မျက်ခုံးမွှေးစပ်မှာ
မြေမြုတ်နေတဲ့ ငါ့ချစ်သူပေါ့၊
မင်း သတင်းစာတွေရဲ့ အဆုံးသပ်ခြင်း
ငါ့နှုပ်ခမ်းနဲ့ နမ်းထားတဲ့ ပေးစာဆိုပါတော့၊
အန်ချပါကွဲ့ အို ….. ခရီးသည် …
လက်ပြတတ်တဲ့ သင်္ဘောတစင်းရဲ့ ခြေဖနောင့်နားက
လေဘာလျှောက် သက်ပြင်းတို့ နံရံ ပွင့်တဲ့အကြောင်း၊
နာရီစင်ပေါ်က ခြေစုံရဲ့ လေပေါ်အနမ်း
အလင်းတိုင် မျက်နှာဝရဲ့ ပြောင်းပြန်ကျမျက်ရည်ပေါ်
ကိုယ်လုံးတီးဦးနှောက်ရဲ့ ကျဆုံးသော ပျိုးပင်၊
အရိုးစင်ပေါ်တင်ထားတဲ့ “ချစ်ခြင်း”
အဆိပ်မိ တွဲလွဲခို စို့နင့်ခြင်း သရဖူ
ရင်ဘတ်ဟောင်းလောင်းရဲ့ ချစ်သူလှိုင်းပုပ်အရပ် ….။

အို …. သေချာကြည့်လိုက်ပါ
ခရုကောင်တွေ ထုပ်ပိုးထားတဲ့ အနှစ်သက်ဆုံး
မျက်ရည်လှောင်တမံ၊ ကုန်းထဖို့ပြင်နေတဲ့ စကားထွက် အရပ်
ငါ ပျိုးကြဲခဲ့၊ အနမ်းလယ်နှစ်ဧက
ပင်လယ်ကိုပစ်ပေါက်မဲ့ သတင်းလွှင့်ရေဒီယိုနဲ့
ငါ့ကို လိမ်လည်ထားတဲ့ သားကောင်တွေအကြောင်း စလုံးပေါင်းရင်း၊
ခပ်ဝေးဝေးက
တယောတလက်
ကျောက်ဆောင်
မှန်တချပ်နဲ့
မုန်းတိုင်းဆင်ပါကွဲ့ ….။

၎ -
ပင်လယ်ကို သွေးထိုးစမ်းမယ့် ငါ့တမာန်တော်
ငါ့မွေးနေ့ပေါ်က လက်မှတ်တခုနဲ့
သူ့မွေးနေ့ရဲ့ လက်ပြ ခြေတစုံထဲက
တယောထိုးခြင်း အတတ်တွေကို သင်ပြကွဲ့၊
စတ်လစ်စလစ်မြို့ရဲ့ အန်းမဲ့ ကပ်ဆိုက်ခြင်း
နံရံကပ် ဦးနှောက် ပိုစတာထူပွဲတွေမှာ
စလုံးမပေါင်းတတ်သေးတဲ့ ပေါင်းကူးတံတားအတွက်
အိမ်မက်တွေ မ တင်မယ့်ညကို သရဏဂုံတင်ခိုင်းပါ။

ရှုံးနိမ့်လဲကျ ရွှံရောင်သရဖူရပ်ဝန်းရဲ့
အလေးပြု ကုန်းထမဲ့၊ ရေပန်း
ဆာလောင်သောကလေးရဲ့ တွန်းလှန်အလံဖြူ
ရဲဝံ့မဲ့ ပစ်ကွင်းတခုပေါ်က မြားနှစ်စင်း
အသိဥာဏ်ကို ခွစီးမဲ့ မျိုးစေံ ပိရမစ်၊ ဒါဟာ
မြက်ပင်နဲ့ မိုးကုပ်အစပ်ကြားမှာ ခုံးထလာမယ့်
သံစဉ် ၇ မျိုး ရှာဖို့လိုကြောင်း သွေးထိုးစမ်းပါကွဲ့ …။

၅ -
တာဝန်ကျေစွာ ကျောပိုးအိတ်ကို ဖြည်ချတဲ့
အိုဘဲ့ … ငါ့ရဲ့ တမာန်တော် …
ကျေးဇူးတင်စွာ ငါတုန့်ပြန်၏၊
ငါဆိုတာကိုလဲ ငါရုပ်သိမ်းရဲ၏၊
အဓိပ္ပါယ်ရှိတဲ့ ငါ့အလံကို ပင်လယ်ပေါ်ဖြန့်ရင်း
တထပ်တည်းကျ ခြေရာတစုံ ဖြစ်ခဲ့ရင်
သက်ပြင်းတို့ရဲ့ တံခါးဖွင့်ပွဲ အရက်သောက်ခြင်း
စနေ ပေါ် ကျထားတဲ့ မျက်ရည်၏ အရောင်ပြောင်းလဲခြင်း
ငါ့မြေကြီးတို့နဲ့ ဖွဲ့စည်းထားတဲ့ နှုတ်ခမ်းတခု
…….. ဒါဆို
ကျေးဇူးတင်စွာ ငါ တုန့်ပြန်၏
ငါ ဆိုတာကိုလည်း ငါ ရုပ်သိမ်း၏။

KN
Ref - nguyinpyin.net

Friday, September 11, 2009

အငဲ၏စီးရီးသစ် (၃) ရက်အတွင်း အချပ်ရေ (၁) သောင်းနီးပါး ရောင်းရ

ဝီရ / ၁၁ စက်တင်ဘာ ၂၀၀၉

၂၀၀၉ ခု (၉) လပိုင်း၊ (၉) ရက်နေ၊ မနက် (၉) နာရီတိတိတွင် နိုင်ငံအနှံ့ ဖြန့်ချိလိုက်သည့် အဆိုတော်အငဲ၏ “ကိုး” အမည်ရှိ တေးစီးရီးသစ်သည် လူငယ်များ၏ စိတ်ဝင်စားမှု ခံနေရပြီး ယနေ့ (၃) ရက်အတွင်း ပြည်တွင်း၌ အချပ်ပေါင်း (၁) သောင်းနီးပါး ရောင်းချခဲ့ရကြောင်း သိရသည်။
“သုံးရက်ပဲ ရှိသေးတယ် ဖြန့်တာ။ အချပ်ပေါင်း (၉) ထောင်ကျော် ကုန်သွားပြီဗျ။ ညနေအထိ စာရင်းမဟုတ်သေးဘူး။ နယ်မြို့ဘက်က အခွေမလောက်တာတွေ ရှိတယ်။ ထပ်မှာတဲ့မြို့တွေက ဒီမြန်မာပြည်အထက်ပိုင်းက များတယ်။ ဒီခွေက နာမည်ကြောင့် လူငယ်တွေ စိတ်ဝင်စားတာလို့တော့ ပြောလို့ရပါတယ်” ဟု အငဲ၏ “ကိုး” တေးစီးရီးအား ထုတ်လုပ်ဖြန့်ချိပေးသည့် Iron Cross Music Entertainment မှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
နာမည်ကြီး ရော့ခ်အဆိုတော် အငဲသည် တေးစီးရီး နာမည်ပေးရာတွင် ကိန်းဂဏန်းများကို ဦးစားပေး ရွေးချယ်တတ်ပြီး အခုထွက်ရှိသည့် ၎င်း၏ (၉) ခွေမြောက် တေးစီးရီးကိုလည်း အမှတ်တရ ဖြစ်စေလိုသည့် ဆန္ဒဖြင့် အငဲကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် တပတ်အတွင်း အရောင်းရဆုံး တေးစီးရီးတွင် ယခုအခွေသည် ရှေ့ဆုံးမှ ဦးဆောင်နေကြောင်း I.C. Music Entertainment မှ တာဝန်ရှိပုဂ္ဂိုလ်က ရှင်းပြသည်။ယခု တေးစီးရီးသည် အငဲ၏ ပထမဆုံးသော ကိုယ်ပိုင်သံစဉ် သီချင်းခွေဖြစ်ပြီး ဖိုးဇော်၊ မီဂျူးတို့နှင့်အတူ နာမည်ကြီး တေးရေး၊ တေးဆိုများဖြစ်သည့် မောင်မောင်ဇော်လတ်၊ လင်းလင်း၊ နောနော်တို့က ရေးစပ်သီကုံးထားသည်ကို Iron Cross တီးဝိုင်းက တီးခတ်ပေးထားသည်။အငဲ၏ “ကိုး”ဟူသော ခေါင်းစဉ်သည် အခွေထဲတွင် ပါသည့် သီချင်း (၁၂) ပုဒ်၏ ခေါင်းစဉ်တွင် မပါဝင်သည်သာမက စာသားတွင်လည်း ထည့်သွင်းထားခြင်း မရှိသည့်အတွက် တေးသီချင်း ဝေဖန်ရေး အသိုင်းအဝိုင်း၏ ဝေဖန်ထောက်ပြမှု ခံနေရသည်။ ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက “အရင်က အငဲထုတ်တဲ့ (၆) ခွေမြောက်မှာ “ဆဌမအာရုံ” ဆိုပြီး စီးရီးနာမည်အနေနဲ့ ပေးခဲ့ဖူးတယ်။ (၇) ခွေမြောက်မှာလည်း “ခုနှစ်ထွေအက” ပေးခဲ့တယ်။ ဒါပေမယ့် အခုဝေဖန်နေတာက ဟိုတုန်းက စီးရီးနာမည် တွေက သီချင်းခေါင်းစဉ်တပုဒ်အနေနဲ့ ပါတယ်။ အခု စီးရီးနာမည်အနေနဲ့ပဲ ပါလာတာကို ဝေဖန်နေကြတာ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ သူ့စီးရီးနာမည်ကို သူကြိုက်သလို ပေးခွင့်တော့ ရှိတာပေါ့ မဟုတ်ဘူးလား” ဟု ပြောသည်။“ကိုး” ဂဏန်းသည် မြန်မာစစ်အစိုးရအဆက်ဆက် မကြိုက်မနှစ်သက်သည့် နံပါတ်တခု ဖြစ်နေသောကြောင့် ယင်းကဲ့သို့ လူအများ၏ စိတ်ဝင်စားမှုကို ခံနေရခြင်းသာဖြစ်ကြောင်း အဆိုပါသတင်းထောက်က ဆက်လက်ပြောကြားသည်။အငဲ၏ အစ်ကိုအရင်း နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူ၏ “ပါဝါ ၅၄” တေးစီးရီး ခေါင်းစဉ်အား မြန်မာအာဏာပိုင်တို့က “၅၄” နံပါတ်ကို ပြန်လည်ဖြုတ်ပေးရန် တောင်းဆိုခဲ့သဖြင့် နောက်ပိုင်းတွင် “ပါဝါ” ဟူသည့် နာမည်ဖြင့်သာ ပြန်လည် ဖြန့်ချိခဲ့ရသည်။
အငဲ၏ စီးရီးသစ်ကို ရန်ကုန်မြို့တွင် စီဒီတချပ် (၁,၅၀၀) ဝန်းကျင်ဖြင့် ရောင်းချနေသော်လည်း ထိုစီးရီး မလောက်ငသည့် မော်လမြိုင်မြို့တွင် ခိုးကူးခွေ တချပ် (၃၀၀) ကျပ် ရောင်းနေရာမှ အငဲအခွေအား တချပ်လျှင် ကျပ် (၅၀၀) ဖြင့် လမ်းဘေးဆိုင်များတွင် ရောင်းချနေကြောင်း စုံစမ်း သိရှိရသည်။ယခုထွက်ရှိသည့် အငဲ၏သီချင်းများတွင် သီချင်းတဝက်ကျော်တွင် အငဲ၏ ကိုယ်ပိုင်ဟန် ပျောက်နေကြောင်း၊ တေးသီချင်း အများစုမှာ တေးရေးသူများ၏ ဟန်များကိုသာ အငဲက လိုက်ဆိုထားသလို ပြန်ကြားရမည် ဖြစ်ကြောင်း တေးရေးဆရာက သုံးသပ်ပြသည်။
သီချင်းခေါင်းစဉ်များမှာ ငရဲတပိုင်း၊ မယုံနိုင်ဘူး၊ အမှတ်တရဒဏ်ရာ၊ ဗျူဟာ၊ မီးမရှို့နဲ့၊ အိပ်မက်ပုံပြင်၊ မုဆိုး၊ နောက်ဆုံးမိနစ်၊ ကြိုတင်ကြံစည်မှု၊ အိမ်၊ ငါ့စိတ်နဲ့ငါ၊ ငါသေနိုင်တယ်တို့ဖြစ်ပြီး ၎င်းတို့အနက် ပရိသတ်အလွယ်တကူ ကြိုက်စေမည့် သီချင်းမှာ “အိပ်မက်ပုံပြင်” ဖြစ်လိမ့်မည်ဟု နားထောင်သူများက ပြောသည်။ရောခ့်အဆိုတော် အငဲသည် “ဝိညာဉ်များနှင့် ကခုန်ခြင်း” စီးရီးဖြင့် စတင်ထွက်ရှိခဲ့ပြီး “ဟိုး ဝေးပြီ ဘေဘီ”၊ “ခါး” စသည့် သီချင်းများသည် လူကြိုက်များပြီး ယခုအခါ တကိုယ်တော်အခွေ (၉) ခွေနှင့် အတွဲခွေ (၂၀)ကျော် ပါဝင်သီဆိုခဲ့သည်။
ဖြန့်ချိခဲ့သည့် စက်တင်ဘာ (၉) ရက်နေ့ ညနေပိုင်းတွင်ပင် အငဲ၏ အခွေသစ် MP3 ဖိုင်သာမက သီချင်းစာအုပ်နှင့် မျက်နှာဖုံးများကိုလည်း ကူးယူနားထောင်နိုင်ရန် ပြည်ပအင်တာနက် ဝက်ဘ်ဆိုက်တချို့တွင် တင်ထားသည်ကို ဝမ်းနည်းစွာ တွေ့ရကြောင်း ပြည်တွင်းတေးရေးဆရာတဦးက ပြောသည်။
ခေတ်ပြိုင် ဝဘ်ဆိုဒ်