Monday, July 27, 2009
၂၇ - ၇ - ၀၉
ပြည်တွင်းသတင်း
သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ click
ဒေါ်အောင်ဆန်းစုကြည်အမှု တနင်္လာနေ့ ဆက်လက်ကြားနာမည် click
ဒေါ်အောင်ဆန်းစုကြည်အမှု အင်္ဂါနေ့ ထပ်မံရုံးချိန်း click
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူအားလုံး ၀တ်ပြုဆုတောင်းကြရန် တိုက်တွန်း click
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အင်းစိန်ထောင်အနီးတွင် အင်အားပြ click
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း click
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲများ နေရာအနှံ့အပြားမှာ ကျင်းပ click
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ရှေ့နေတွေ အပြီးသတ်လျှောက်လှဲ click
မြန်မာနိုင်ငံမှာ ဥပဒေလွှမ်းမိုးမှုရှိမရှိ ဒေါ်အောင်ဆန်းစုကြည်အမှုက ပြသမည် click
ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ click
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့် click
ယုံကြည်ချက်သံတမန်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့် click
ရန်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စာရွက်များ ဖြန့်ကြဲ click
အမေရိကန်က အာဆီယံကို ခါးပိုက်ထဲထည့်ရန် ကြိုးပမ်းဟု နအဖသတင်းစာ ပြော click
တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ဌာနချုပ်သို့ လူသူလက်နက်စာရင်း သွားကောက် click
မွန်ပြည်သူလူထုက မွန်ပြည်သစ်ပါတီကို စစ်အစိုးရလက်အောက်လည်း မနေစေချင်၊ ငြိမ်းချမ်းရေးလည်း မ ပျက်စေချင် click
အင်းစိန်ထောင်အနီး မီးရထားဆေးရုံမှ လူနာများ ဖယ်ရှားခံရ click
မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု မြင့်မားလာ click
ဓာတ်မြေသြဇာများ ဈေးကျသော်လည်း ရခိုင်လယ်သမားများ မ၀ယ်ယူနိုင် click
စက်ရုံအလုပ်ရုံများ မရှိခြင်းက ရခိုင်လူငယ်များကို နေရပ်ရင်း စွန့်ခွာရန် တွန်းအားပေးသလို ဖြစ်နေ click
မြန်မာအလုပ်သမားများကို ရောင်းစားသည့် မလေးရှားအရာရှိ တရားစွဲခံရ click
အလုံပိတ်ကားပေါ်မှာ သေဆုံးသွားသည့် အလုပ်သမား (၅၄) ဦး တင်သွင်းလာသူ ပွဲစားကို ဖမ်းမိ click
ပြည်တွင်းဖြစ် ညစ်ညမ်းဗီဒီယိုများ ပေါများနေ click
ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ရွေးကောက်ပွဲဝင်မည့်သတင်း မမှန် click
လူဘောင်သစ်ပါတီက အရေးပေါ်ထုတ်ပြန်ချက် ကြေညာ၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်မည်ဟုဆို click
ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ လှုပ်ရှားမှု click
လူထုအုံကြွမှုတိုက်ပွဲသာ အဓိကကျဟု လူ့ဘောင်သစ်ပါတီ ပြောကြား click
မြစ်ကြီးနားနှင့် မိုးကောင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များပြား click
မော်လမြိုင်နှင့် ဟင်္သာမြို့နယ်မှ သွေးလွန်တုပ်ကွေး အခြေအနေ click
ဗန်းမော်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသာစွာ များပြားလာခြင်း click
ထိုင်းနိုင်ငံရှိ မြန်မာကျောင်းသူ A(H1N1) ရောဂါ ပျောက်ကင်း click
စားသုံးဆီ (၄) မျိုး စားသုံးရန်မသင့်ဟု ကြေညာ click
တောင်ပြုန်းပွဲတော်ကြီး နီးလာပြီ click
နိုင်ငံတကာသတင်း
မြောက်ကိုရီယားနဲ့ အီရန်အရေး လက်ရှိရပ်တည်ချက် မှန်ကန်ဟု နိုင်ငံခြားရေးဝန်ကြီး ခုခံပြော click
နျူကလီးယားဆွေးနွေးပွဲ ကမ်းလှမ်းချက် အီရန်ကို အမေရိကန်က မကြာမီ တုံ့ပြန်စေလို click
Sunday, July 26, 2009
အမေရိကန်ရောက် မြန်မာမဂ္ဂဇင်း
အမေရီကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့တွင် ရောက်ရှိ နေကြသော မြန်မာပြည်သားများ စုပေါင်း၍ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဖူးပွင့်ဝေ စာစုံမဂ္ဂဇင်း အမှတ် (၁) ကို ထုတ်ဝေ လိုက်ကြောင်း သတင်းရရှိသည်။အဆိုပါ မဂ္ဂဇင်းအား မောင်စွမ်းရည်၊ ညိုယဉ်၊ မာမာအေး တို့မှ နာယက အဖြစ် ဆောင်ရွက်ကြပြီး၊
အကြံပေးများအဖြစ် အောင်ဝေး၊ မောင်စိုးချိန်၊ ကိုရာဇာ၊ သီဟကြည် တို့ ဆောင်ရွက်ကြသည်။ အယ်ဒီတာအဖွဲ့ဝင်များမှာ ကျော်လင်းနိုင်၊ ဆောင်းယွန်းလ၊ မောင်ချမ်းမှိုင်းတို့ဖြစ်ကြပြီး တအုပ်လျင် ၃ ဒေါ်လာနှုန်းဖြင့် ရောင်းချဖြန့်ချီလျက်ရှိကြောင်းသိရသည်။
အဆိုပါ မဂ္ဂဇင်းသည် အမေရိကန်ရောက် ဗမာပြည်သားများ၏ စုပေါင်းထုတ်ဝေခြင်းများတွင် အကျယ်ဆုံး အင်အားစုစည်းနိုင်သည့် ပထမဆုံးမဂ္ဂဇင်းပင်ဖြစ်သည်။
48 - News (26 - 7 - 09 0
ဗမာပြည်သား အလုပ်သမားများအား ရွာအာဏာပိုင်နှင့် ရွာခံထိုင်း ရဲတပ်ဖွဲ့တို့မှာ ရှောင်တိမ်းခိုင်း
ယမန်နေ့က မဲဆောက်မြို့နယ်အပိုင် ကျေဒီခို့ကျေးရွာတွင် နယ်ခြားစောင့်ပုလိပ်တပ်ဖွဲ့များ (တောချေရော) မှ နေထိုင်ခွင့် လက်မှတ်မရှိသော မြန်မာအလုပ်သမားများအာ ၀င်ရောက်ဖမ်းဆီးမည်ဖြစ်သဖြင့် ရွာခံပုလိပ် တပ်ဖွဲ့များနှင့် ကျေးရွာသူကြီးတို့မှ ဗမာပြည်သားအလုပ်သမားများအောင် ရှောင်တိမ်းခိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကျေဒီခို့ကျေးရွာအား နယ်ခြားစောင့်ပုလိပ်တပ်ဖွဲ့များမှ စီမံချက်ဖြင့် ဇူလိုင်လ ၂၆ - ၂၇ - ၂၈ ထို ၃ ရက်အတွင်း ၀င်ရောက်စီးနင်းဖမ်းဆီးမည်ကို ကြိုတင်သိရှိထားသော ရွာခံ ပုလိပ်တပ်ဖွဲ့နှင့် သူကြီးမတို့မှ ကျေးရွာအတွင်းနေထိုင်သည့် ဗမာပြည်သားအလုပ်သမားများအား အထူးတလည် သတိပေးအကြောင်းကြား ကာ ရှောင်တိမ်းခိုင်းထားကြောင်းသိရသည်။
ကျေဒီခို့ကျေးရွာ ပုလိပ်ဂိတ်သည် မဲဆောက်အသွား အပြန် လိုင်းကားတွင် စီးနင်းလာသော တရားမ၀င်ဗမာ ပြည်သားအလုပ်သမားများအား ဖမ်းဆီးရာတွင် နာမည်ကြီးသော ဂိတ်ဖြစ်သည်။
48 - News (26 - 7 - 09)
အဆိုပါ ကျေဒီခို့ကျေးရွာအား နယ်ခြားစောင့်ပုလိပ်တပ်ဖွဲ့များမှ စီမံချက်ဖြင့် ဇူလိုင်လ ၂၆ - ၂၇ - ၂၈ ထို ၃ ရက်အတွင်း ၀င်ရောက်စီးနင်းဖမ်းဆီးမည်ကို ကြိုတင်သိရှိထားသော ရွာခံ ပုလိပ်တပ်ဖွဲ့နှင့် သူကြီးမတို့မှ ကျေးရွာအတွင်းနေထိုင်သည့် ဗမာပြည်သားအလုပ်သမားများအား အထူးတလည် သတိပေးအကြောင်းကြား ကာ ရှောင်တိမ်းခိုင်းထားကြောင်းသိရသည်။
ကျေဒီခို့ကျေးရွာ ပုလိပ်ဂိတ်သည် မဲဆောက်အသွား အပြန် လိုင်းကားတွင် စီးနင်းလာသော တရားမ၀င်ဗမာ ပြည်သားအလုပ်သမားများအား ဖမ်းဆီးရာတွင် နာမည်ကြီးသော ဂိတ်ဖြစ်သည်။
48 - News (26 - 7 - 09)
ရွာကလေးရဲ့ အမြူတေများ
၂၆ - ၇ - ၀၉
ပြည်တွင်းသတင်း
အမျိုးသားရင်ကြားစေ့ရေးမလုပ်လျှင် ရွေးကောက်ပွဲ တရားမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
ဝန်ကြီးကလင်တန် မြန်မာ့အရေးစွက်ဖက် စစ်အစိုးရသတင်းစာ စွပ်စွဲ click
အာဆီယံမှာ အမေရိကန်ဝင်စွက်ဟု စစ်အစိုးရသတင်းစာ စွပ်စွဲ click
မုန်တိုင်းသင့်မိသားစုတွေ အိုးအိမ်မဲ့ အကူအညီမဲ့နေဆဲ click
စစ်တွေမှ ဆန်ဆိုင်များ ဆန်ကုန်သည်အသင်း မ၀င်လျှင် ရောင်းချခွင့် ပိတ်ပင်မည် click
တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ်ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း click
ပလက်ဝမြို့နယ်က လူငယ်များကို စစ်တပ်ထဲဝင်ရန် အတင်းစည်းရုံးနေ click
နိုင်ငံတကာသတင်း
တရုတ်သံမဏိကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ click
အရှေ့အလယ်ပိုင်းပြဿနာ ဆွေးနွေးဖို့ အမေရိကန်ကိုယ်စားလှယ် ဆီးရီးယားနိုင်ငံ ရောက်ရှိ click
အီရန်လူထုလှုပ်ရှားမှုနဲ့အပြိုင် အနုပညာလှုပ်ရှားမှု click
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် ခရီးလှည့် click
ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် .... (အပိုင်း - ၂)

ဘ ကိုကြီးရေးသည်
ဧရာဝတီ သင်္ဘောအောက်ထပ် စက်ခန်းဘယ်ဖက်ဘေးတွင် ထိုင်စရာနေရာ ခင်းလိုက်သည်။ ဝယ်လာသော လိမ္မော်သီး ၅ လုံးတွဲ ခြင်းငယ် ၂ခုကို စက်ခန်းသံဇကာမှာ တွဲချည်လိုက်သည်။ ခရီးတခုခုမှ ပြန်လာတိုင်း စားစရာ ဝယ်လာတတ်သော အဖေ့ကို သတိတရ ရှိလိုက်သေးသည်။
- တလုံးကို ပြားလေးဆယ် ဆယ်လုံးဈေးက ၃၅ ကျပ် ကြီးမေ၊
နဘေးမှမေးလာသူ အဒေါ်ကြီးအား အဖြေပေးရင်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။
- အင်း… ဈေးတွေကလည်း တက်လာလိုက်တာနော် ..
- ဘာလို့လဲကြီးမေရဲ့
- ပြီးတဲ့တပတ်ကဘဲ ရန်ကုန်ကို ဘဲဥလာရောင်းရင်း အိမ်ကအဖိုးကြီးအတွက် ဓါတ်စာဝယ်သွားသေးတယ်။
အဲဒီတုံးက တလုံး တမတ်ပဲ ရှိသေးတာ၊ ခု ကြည့်စမ်း တပတ်ထဲ ဆယ်ပြားတက်လာပြီ…
- ဒါကတော့ ကြီးမေရယ် သူတက်ကိုယ်တက်ပေါ့ မဟုတ်ဘူးလား၊ ခုကော ဘာလာရောင်းတာလဲ
- ဒီတခေါက်လဲ ဘဲဥပါဘဲ၊ ဇော်စိမ်းပန်းနဲ့ ဇော်ကြားပါ နဲနဲယူလာခဲ့တယ်လေ၊ အမ်မယ်လေးလေး ကိုယ်အလှည့်ကြတော့ မမြတ်ပါဘူး၊ မရှုံးအောင်တောင် မနဲ ပြူးနေရတာ။ ဒါပေါ့ ခုဘဲဥတွင်မကဘူး ပန်းပါရောင်းနေရပြီ၊ ဒီလိုဈေးတက်တယ်ကြားတာနဲ့လေ
- ဟုတ်ကဲ့
- ကိုယ့်ကို ဘဲဥသွင်းတဲ့သူတွေက ဈေးတက်ပေးဖို့တောင်းကြတာ မောင်ဟိုနင်းရဲ့၊ သူတို့က တခါမှခရီးမထွက်ဘူးဘဲ လေသံကြားနဲ့ ဈေးတိုးတောင်းတာ ဒီမှာကတော့ ခါးကျိုးတော့မယ်။
- ဒီမှာ ဘယ်ဈေးသွင်းရလဲ
- ၂၁ ကျပ် သွင်းရတယ်၊ ရန်ကုန်က လူလည်တွေက ထိုင်ရာမထ ၁၀၀ ကို ၁ ကျပ် ၁ ကျပ်ခွဲ စားနေတာလေ အံ့ရောတော်..
သူအံ့သြ သလို ကျွန်တော်လည်း နဲနဲ အံ့သြ သွားသည်။ ဘဲဥတောင်မှ တလုံး တမတ် ဖြစ်လေပြီဟု တွေးမိသည်။ ဌာနမှာ အလုပ်လုပ်နေစဉ်က ဌာန လုပ်သားမက်စ် မှာသာ ထမင်းစားခဲ့သည်မို့ ဈေးတွေကို မသိတော့သော်လည်း အရင်က ဘဲဥတလုံးဆယ်ပြား ငါးမူးဖိုး ခြောက်လုံးရခဲ့သေးတာ သတိရမိသည်။ သင်္ဘော ဥသြ ဆွဲပြီ၊ ဆိပ်ကမ်းမှ ထွက်တော့မှာမို့ ကိုယ်ရှေ့မှ ဘုံလုံတိုင်တွင် ချည်ထားသော ကြိုးကို သင်္ဘောသားတွေ လာဖြုတ်နေသည်မို့ နဲနဲရှောင်ပေးထားရသေးသည်။ တဆက်ထည်းပင် တွံတေးသိန်းတံ၏ စိုးမိုးမေတ္တာထဲမှ ကိုသိန်းတန် ကိုသိန်းတန် စိုး သင်္ဘောပေါ်တက်ခဲ့မယ် ဆိုသော ဇာတ်ဝင်ခန်း အသံကို ပြန်လည် ကြားယောင်မိပြီး ပြုံးရသေးတော့သည်။
ဧရာဝတီ သင်္ဘောကတော့ စတင်ထွက်ခွာခဲ့ပြီ၊ ညနေ ၃နာရီလောက်ဆိုရင်တော့ ကိုယ့်မြို့ ကလေးဆီ ရောက်တော့မည်။
- ကြီးမေ အိပ်ချင်ရင် ကျွန်တော့် နေရာပါ ယူအိပ်လေ။
- အေးကွယ် အသက်လည်းထောက် ပင်လည်းပင်ပန်း ဆိုတော့ အိပ်ငိုက်ပြီကွယ်၊ သာဓုပါ
ကိုယ်ကတော့ ဘုံလုံတိုင်ပေါ်မှာထိုင်ရင်း ခင်းထားသည့် နေရာကလေးကိုတော့ ဈေးကြို အဒေါ်ကြီးအား ပေးလိုက်သည်။ သဘောင်္စီးရင်း ဘုံလုံတိုင်ပေါ်မှာ အိပ်ငိုက်ရသော အရသာဟာ ဒီလို အခိုက်တွင်သာ ရနိုင်သည်ဘဲ။ ခုကတော့ နေ့လည်ခင်းကြီးမို့ အိပ်တော့မငိုက်၊ ထိုင်ရင်း ဟိုကြည့် ဒီကြည့် အတွေးတွေကိုသာ ဖြန့်ထားလိုက်သည်။ ဒီခရီးနဲ့ ဒီမြင်ကွင်းတွေဟာ အဆန်းတကြယ်တော့ မဟုတ်၊ ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ ရန်ကုန်ဆိပ်ကမ်း မြစ်ပြင်ကျယ်ပေါ်မှ သဘောင်္ ကြီးငယ်တွေ၊ ဘိအင်ဂျင်သံ တဒိုင်းဒိုင်းပေးပြီး ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန် ဆိပ်ကမ်း လူးလာပြေးလွှားနေတဲ့ ငှက်ကူးတို့ ကလေးတွေဟာ ဒီမှာဖက်မတော့ ကရိန်းတိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ ရန်ကုန်ဆိပ်ကမ်းရယ် ရွှေတိဂုံ စေတီတော်ရယ်ကို နောက်ခံပြုပြီး ရွေ့လျှားနေလေရဲ့၊ ဟိုမှာဖက်ကမ်းမတော့ တောတန်းလေးကြားက ခေါင်းပြူနေတဲ့ ဆိတ်ကြီးခနောင်တို လှေဆိပ် နဲ့ သီလဝါ မီးပြကို နောက်ခံပြုပြီး အဆုန် အဆန် ကူးလူးနေပုံ သဘာဝ ပန်ချီကားဟာ ဒီခရီးမှာ မြင်နေကျပါဘဲ။ နေ့ခင်း ခရီးမှာတော့ လှုပ်ရှားသက်ဝင်မှုတွေနဲ့ ဒီမြင်ကွင်းဟာ ညခင်းခရီးမှာ ဆိုရင်တော့ မီးရောင်တွေနဲ့ ရွှေရောင်ဝင်းမှည့် နေတဲ့ ရွှေတိဂုံစေတီတော် နောက်ခံ ရန်ကုန် ဆိပ်ကမ်းရဲ့ မီးရောင်စုံ အလှနဲ့ ဆိုတော့ တမျိုးတဖုံ လှပေတာဘဲဟုလည်း တွေးမိသေးတော့သည်။
ရန်ကုန်ဆိပ်ကမ်းက တဖြေးဖြေး ဝေး၍ ကျန်ခဲ့ပြီ၊ တွံတေးတူးမြောင်းနှင့် လှိုင်မြစ်တို့ဆုံသည့်နေရာ အရောက် ရေဝဲရှိရာနေရာမှာ သင်္ဘောအင်ဂျင် စက်ရှိန်မြင့်လာသည်။ ခရီးသည်တွေ လှုပ်ရှားလာပြီး ရေဝဲကို ထကြည့်ကြသည်။ ထိပ်လန့်သလို ရှိသော အသံများ အီခနဲ ထွက်ပေါ်လာသည်၊ တခေါက်တခါသာရောက်ဖူးသုများအတွက်တော့ ဤ၀ဲသည် အသဲတုန်စရာဖြစ်သော်လည်း ကျွန်တော့်အတွက်တော့ အဆန်းတကြယ်မဟုတ်တော့ ဒီခရီး ဒီနေရာမှာ ဖြစ်နေကျပင်၊ ဟိုအရင်နှင့် အခု ဘာမျှ ကွာခြားတာမရှိပေ။ ဧရာဝတီသင်္ဘောက ဆက်လက်ခုတ်မောင်းလာခဲ့ပြီး များမကြာခင်ပင် တွံတေးမြို့ သို့ ရောက်တော့မည်။ တွံတေးတွင်တော့ ဧရာဝတီက ၅ မိနစ်လောက် ဆိုက်ကပ်ရပ်နားလေဦးမည်။ တနာရီ ရေမိုင် ၂၀ နှုံးဖြင့် ဧရာဝတီ သဘောင်္ကြီးက မှန်မှန်ချီတက် လာခဲ့သည်။ အရှေ့ ဝေးဝေး တပြလောက်မှာ တွံတေးမြို့ကိုလှမ်းမြင်နေရလေပြီ၊ ဧရာဝတီပေါ်မှ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာပြန်သည်။ တွံတေးမြို့တွင် ဆင်းကြမည့် ခရီးသည်များက အထုပ်အပိုးတွေ သိမ်းဆည်းနေပြီး တချို့ကတော့ သင်္ဘောဘေးဘယ်ညာ နှစ်ဖက်သို့ ထလာကာ အရှေ့ဆီသို့ မျှော်ကြည့်နေကြ၍ သင်္ဘော အနည်းငယ် လူးသွားရသည်။
- ဟဲ့ မောင်ဟိုနင်း တွံတေးရောက်တော့မလား၊
- ဟုတ်ကဲ့ ရောက်ခါနီးပြီဗျ
- အင်း.. ခုမှဘဲ ခေါင်းနောက်နေတာ နဲနဲပြေပေတော့တယ်
ပြောပြောဆိုဆိုပင် အိပ်နေရာမှနိုးလာသော အဒေါ်ကြီးက နံဘေးတွင် လာပြီး မျက်နှာသစ်နေလေသည်။ တွံတေး ဖက်သို့ လှမ်းကြည့်ဲပီး
- ဟော ဟော လာနေကြပြီကွဲ့
- ဟုတ်ကဲ့
အရှေ့ မြစ်ပြင်ထဲတွင် လှေငယ် ၁၅ စီးခန့် ဧရာဝတီ သင်္ဘောဆီသို့ ဦးတည်၍ မြစ်ကမ်းဘေး နှစ်ဖက်ဆီမှ အပြင်းအထန်လှော်ခတ်လာကြသည်။ ဤနေရာရောက်တိုင်းပင် စိုးရိမ်စိတ်၊ တက်ကြွရွှင်လန်းစိတ်၊ ကြင်နာ၊ စာနာစိတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရဘူးလှပြီ။ ဒီဖက်ပိုင်း ရေလမ်းခရီးတွင်တော့ ဒီမြင်ကွင်းမျိုး ၂ ခု မရှိချေ။ သူတို့သည် တနာရီ ရေမိုင် ၂၀ နှုံး ဖြင့် ပြေးလွှားနေသော ဧရာဝတီ သင်္ဘောကြီးအား အမိဖမ်းကြမည့် ဈေး တံငါသည်များ၊ တနည်းအားဖြင့် ရေပြင်ကျယ်တွင် သင်္ဘောကြီးကိုဖမ်းမည့် လှေငယ်တံငါသည်များ။ သန်မာ ဖြတ်လတ်သော ယောက်ျားသား ၂ ဦး စီ ဦးတတက် ပဲ့တတက် လှော်ခတ်၍ လှေလည်တွင် ဈေးသည် ၁ဦး ၂ ဦး စီ စီးနင်းလာသော လှေငယ်များသည် ဧရာဝတီ သင်္ဘော၏ ဘေးသို့ ချည်းကပ်နိုင်ရန် အမြင့်ဆုံး အလျှင် များဖြင့် ပြေးဝင်လာကြသည်။ သင်္ဘောထိုးခွဲ၍ ဖြာထွက်သွားသော လှိုင်းလုံးများကို ဖီလာဖြတ်ကာ သင်္ဘောဘေးသို့ ကပ်ဝင်လာသော ပဌမဆုံးလှေမှ ဦးစီးသည် ၃ ပေခန့် မြင့်သော သင်္ဘော ကုန်းပတ်ပေါ်သို့ လှိုင်းအရှိန်နှင့် လှေအရှိန်ကိုယူကာ ဖြတ်ကနဲ ခုန်တက်လိုက်သည်။ သင်္ဘောပေါ်မှ ခရီးသည်တို့၏ စိုးရိမ်သံများ ဘုရားတသံများက အီကနဲ ထွက်လာသည်။ တပါတည်းကိုင်လာသော လှေကြိုးကို သင်္ဘော ထရံထောင်တိုင်တွင် ဆက်ကနဲ တပတ်လည် ပတ်လိုက်ပြီး လှေရှိန်ရပ်စေရန် ကိုယ်ကို နောက်သို့ယိမ်းကာ ဂွဲသတ် တောင့်ပေးလိုက်သည်။ သင်္ဘောအရှိန်က လှေငယ်ကို ဆောင့်အဆွဲတွင် ရေလည်သို့ ယိမ်းထားသောကိုယ်လုံးသည် သင်္ဘောနံကာသို့ ကြိုးဆွဲသောအရှိန်နှင့် ကပ်ဝင်လာသည်၊ ထိုအရှိန်နှင့်ပင် လက်ရန်းတန်းများကိုကျော်ကာ သင်္ဘောအတွင်းသို့ ဖြတ်ကနဲ ခုန်ဝင်၊ ကြိုးစကို ဆွဲဆွဲယူလိုက်ပြီး လှေငယ်အကွာအဝေးကို ချိန်ယူလိုက်ကာ ပဲ့ပိုင်းသို့ပြေး၍ ပဲ့ပိုင်းကာတန်းနှင့်လှေကို တွဲချည်လိုက်သည်။ နောက်လှေများကလည်း တစီးပြီးတစီး ကပ်ဝင်လာသည်၊ ခရီးသည်တို့၏ ဘုရားတသံ ထိပ်လန့်သံများ ကလည်း အီကနဲ အီကနဲ ညံစီသွားတော့သည်။ ခဏတာ အတွင်း ပဲ့ပိုင်းမှ တက်လာကြသော ဈေးသည်တို့၏ ဈေးခေါ်သံများ အစာစာ ပေါ်လာတော့သည်။ ၁၅ မိနစ်၊ မိနစ် ၂၀၊ စာမျှသာ ဈေးရောင်းရရေးအတွက် စွန့်စွန့်စားစား တက်လာကြသော်လည်း တပြားတချပ်ဖိုးမျှ မရောင်းလိုက်ရသူများလည်း ရှိလေသည်။ ဒီတစီးမှာ မရောင်းရတော့လည်း နောက်အစီးတွေမှာတော့ ရောင်းကြရပေမပေါ့ ဟုသာ ဖြေတွေးလေး တွေးပေးရုံမှလွဲ၍ ကိုယ်တိုင်လည်း ဘာမျှ မတတ်နိုင်သော အခြေအနေများပါပင်။
ဆက်လက်ဖေါ်ပြပါမည် …….
Saturday, July 25, 2009
ယာတောရဲ့အလည် ငါပြောမယ် ရွှေရင်ဘုရင်ရဲ့ နင်ဆင်ခြင်ဥိး
ယနေ့ နံနက် ၃း ၀၀ ခန့်က

၄၄ ကီလို ကျေးရွာနေ အစိန်း ခြံဝင်းအတွင်း နေထိုင်သည့်

ဗမာပြည်အလုပ်သမားများ၏ နေအိမ်များအား

ထိုင်းအာဏာပိုင်များက မီးရှို့ လူများအား ဖမ်းဆီးသွား

၄၄ ကီလိုမှာ လူတွေဖမ်း အိမ်တွေကိုမီးနဲ့တိုက်
၂၆ - ၀၇ - ၀၉
ယနေ့နံက် ၃ နာရီ အချိန်ခန့်က ဖုတ်ဖတ်မြို့နယ်၊ ၄၄ ကီလို ကျေးရွာမှ မျှော့လူမျိုး အစိန်း ၏ခြံဝင်းတွင် နေထိုင်ကြသော ဗမာပြည်သား အလုပ်သ္မားများကို ထိုင်းအာဏာပိုင် များက ဝင်ရောက်စီးနင်း ဖမ်းဆီးပြီး နေအိမ် များကို မီးတိုက်သွားကြောင်း သတင်းရရှိပါသည်။
ဖုတ်ဖတ်မြို့နယ်၊ ၄၄ ကီလို ကျေးရွာတွင် နေထိုင်သည့် မျော့လူမျိုး အစိန်းသည် ယာခင်းပိုင်ရှင်ဖြစ်ပြီး ရာသီ အလိုက် သီးနှံများ စိုက်ပျိုးသူဖြစ်ကာ ၎င်းနေထိုင်သည့် အိမ်ခြံဝင်းအတွင်းတွင် တောင်ယာလုပ်ငန်းခွင် လိုအပ်ချက်အရ ဗမာပြည်သားအလုပ်သမား ၁၀၀ ကျော်ခန့် တဲအိမ်များထိုးကာ နေထိုင်ခဲ့သည်။ ယခုကာလသည် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားဌာနနှင့် ထိုင်းပြည်ထဲရေးဌာနတို့မှ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လက်မှတ်များ လုပ်ပေးနေသည့်ကာလဖြစ်သည်။ အစိန်းဝင်းအတွင်း နေထိုင်သည့် ဗမာပြည်သားအလုပ်သမားများသည် အဆိုပါ နေထိုင်ခွင့်လက်မှတ်အား တရားဝင် လုပ်ကိုင် ခဲ့ပြီးဖြစ်သော်လည်း နေထိုင်ခွင့်လက်မှတ်အား ခြံပိုင်ရှင်ဖြစ်သူ အစိန်းမှ မထုတ်ပေးသေးသည့်အတွက် လက်မှတ်မဲ့ တရားမ၀င်နေထိုင်သူများအဖြစ် ထိုင်းအာဏာပိုင်များက ယူဆကာ ယခုကဲ့သို့ ကိုင်တွယ်ဖြေရှင်း ခဲ့ခြင်းဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဗမာပြည်သားအလုပ်သမားများ ကား ၂ စီးစာ ဖမ်းဆီးခံခဲ့ရပြီး အစိန်းဝင်းအတွင်း ဆောက်လုပ်ထားသော နေအိမ်အားလုံးနီးပါးအား မီးတိုက်ဖျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ စီးနင်းမှုအား ကိုင်တွယ်သူများသည် ကျေးရွာအာဏာပိုင်များနှင့်အတူ ထိုင်းနိုင်ငံ တပ်မတော်သားများလည်း ပါဝင်ခဲ့ကြောင်း ပြောကြားသည်။
အဆိုပါ စီးနင်းမှုသည် ၄၄ ကီလိုကျေးရွာတွင် ယခု တလအတွင်း ၃ ကြိမ်မြောက်စီးနင်းမှုဖြစ်ပြီး မီးတိုက်အကြမ်းဖက်မှုမှာ ပထမအကြိမ်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ဒေသအတွင်း မီးတိုက် အကြမ်းဖက်မှု အားဖြင့် ယခုလအတွင်း တတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ် မီးတိုက်ဖျက်ဆီးမှုများမှာ ဇူလိုင်လ ဒုတိယအပတ်တွင်ဖြစ်ပွားခဲ့ပြီး ဘန့်နူကျေးရွာနှင့် ဘန့်ကျက်ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
ဖုတ်ဖတ်မြို့နယ်၊ ၄၄ ကီလို ကျေးရွာတွင် နေထိုင်သည့် မျော့လူမျိုး အစိန်းသည် ယာခင်းပိုင်ရှင်ဖြစ်ပြီး ရာသီ အလိုက် သီးနှံများ စိုက်ပျိုးသူဖြစ်ကာ ၎င်းနေထိုင်သည့် အိမ်ခြံဝင်းအတွင်းတွင် တောင်ယာလုပ်ငန်းခွင် လိုအပ်ချက်အရ ဗမာပြည်သားအလုပ်သမား ၁၀၀ ကျော်ခန့် တဲအိမ်များထိုးကာ နေထိုင်ခဲ့သည်။ ယခုကာလသည် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားဌာနနှင့် ထိုင်းပြည်ထဲရေးဌာနတို့မှ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လက်မှတ်များ လုပ်ပေးနေသည့်ကာလဖြစ်သည်။ အစိန်းဝင်းအတွင်း နေထိုင်သည့် ဗမာပြည်သားအလုပ်သမားများသည် အဆိုပါ နေထိုင်ခွင့်လက်မှတ်အား တရားဝင် လုပ်ကိုင် ခဲ့ပြီးဖြစ်သော်လည်း နေထိုင်ခွင့်လက်မှတ်အား ခြံပိုင်ရှင်ဖြစ်သူ အစိန်းမှ မထုတ်ပေးသေးသည့်အတွက် လက်မှတ်မဲ့ တရားမ၀င်နေထိုင်သူများအဖြစ် ထိုင်းအာဏာပိုင်များက ယူဆကာ ယခုကဲ့သို့ ကိုင်တွယ်ဖြေရှင်း ခဲ့ခြင်းဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဗမာပြည်သားအလုပ်သမားများ ကား ၂ စီးစာ ဖမ်းဆီးခံခဲ့ရပြီး အစိန်းဝင်းအတွင်း ဆောက်လုပ်ထားသော နေအိမ်အားလုံးနီးပါးအား မီးတိုက်ဖျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ စီးနင်းမှုအား ကိုင်တွယ်သူများသည် ကျေးရွာအာဏာပိုင်များနှင့်အတူ ထိုင်းနိုင်ငံ တပ်မတော်သားများလည်း ပါဝင်ခဲ့ကြောင်း ပြောကြားသည်။
အဆိုပါ စီးနင်းမှုသည် ၄၄ ကီလိုကျေးရွာတွင် ယခု တလအတွင်း ၃ ကြိမ်မြောက်စီးနင်းမှုဖြစ်ပြီး မီးတိုက်အကြမ်းဖက်မှုမှာ ပထမအကြိမ်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ဒေသအတွင်း မီးတိုက် အကြမ်းဖက်မှု အားဖြင့် ယခုလအတွင်း တတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ် မီးတိုက်ဖျက်ဆီးမှုများမှာ ဇူလိုင်လ ဒုတိယအပတ်တွင်ဖြစ်ပွားခဲ့ပြီး ဘန့်နူကျေးရွာနှင့် ဘန့်ကျက်ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
48 – News (26 – 7 – 09)


Subscribe to:
Posts (Atom)


