Wednesday, March 10, 2010

၁၀၉/ ၁၁၀ တွေ ရွေးကောက်ပွဲ ကော်မရှင်မှာ အလုပ်ရတော့မယ်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်တရပ် ဖွဲ့စည်းရာမှာ စစ်အစိုးရအနေနဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ထုတ် မြန်မာသတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်နေ့မှာ ကျင်းပမှာလဲ ဆိုတာကိုတော့ ထုတ်ဖော် ကြေညာခြင်း မရှိသေးဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းရေး ဥပဒေကို ဒီနေ့ ထုတ်ပြန် ကြေညာလိုက်တာပါ။ အနည်းဆုံး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၅ ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မဲဆန္ဒနယ်မြေတွေ သတ်မှတ်တာ၊ မဲဆန္ဒရှင် စာရင်းတွေ ပြုစုတာ စတဲ့တာဝန်တွေ အပြင် နိုင်ငံရေးပါတီတွေ ဥပဒေဘောင်အတွင်းကနေ လှုပ်ရှားတာ ဟုတ်၊ မဟုတ်ကိုလည်း ကြီးကြပ် လမ်းညွှန်မှုပေးတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း အဲဒီဥပဒေမှာ ထည့်သွင်းထားပါတယ်။

စစ်အစိုးရက ရွေးချယ်မယ့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် လူကြီးတွေဟာ စစ်အစိုးရနဲ့ ပုလဲနံပသင့်တဲ့၊ လူသိများတဲ့၊ အသက် ၅၀ ပြည့်ပြီး သိက္ခာသမာဓိရှိသူ၊ အတွေ့အကြုံ ရင့်ကျက်သူ၊ နိုင်ငံတော်နဲ့ နိုင်ငံသားများ အားလုံးကို သစ္စာသိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လက်ရှိ အလုပ်အကိုင် မရှိသူ ဖြစ်ရမယ်လို့ စစ်အစိုးရရဲ့ ဥပဒေအမှတ် ၁/၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ref ... VOA News

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

မားဆိုး

မှုန်ရီဝေ ရိုးမနဲ့ လွင်ပြန့်တွေကြား
ကျနော့်အိပ်မက်တွေ မြှုပ်နှံခဲ့ဖူးတယ် အမေ။

ဆောင်းလေညင်းလဲ့တဲ့ အဲဒီညနေခင်းတွေမှာပေါ့
အချိန်မှန်ခေါင်းလောင်းသံကို မျှော်လို့
အမေ့ခြင်းတောင်းလေး ပြေးဆွဲခဲ့ဖူးတယ်။

အဖေ့ရုံးပေါက်ဝမှာ ထိုင်စောင့်လို့
အဖေ ဒီည မသောက်တော့နဲ့နော်လို့ ချွဲခဲ့ဖူးတယ်။

တဘက်ပိတ် မြေနီလမ်းတိုလေးတွေမှာ
နို့ဆီဘူးခွံတလုံးကို လှိမ့်ပိန့်ကန်ဖူးခဲ့တယ်။

အခုတော့လည်း ရင်ဘတ်ကြီးက စောဒကတက်တယ်
“အစကတည်းက ကျနော် ဘာမှမသိဖြစ်ခဲ့ရင်
သိပ်ကောင်းမှာပဲနော် ...” တဲ့
အဲသလိုနဲ့ ကျနော်
အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ်အမေ။

လွတ်လပ်မှုရဲ့ ပကတိသဘောကို နားလည်ခဲ့ပြီးကာမှ
ကျနော် မလွတ်လပ်နိုင်တော့ဘူး အမေ။

ကျနော် သင်ကြားခဲ့ သင်ယူခဲ့တဲ့ အသိတရားတွေက
ကျနော့်ကိုယ်ပိုင်ဘဝလေးတခု
ထုဆစ်ဖို့တောင် မလောက်ငှခဲ့ပါဘူး၊
ကောက်ရိုးနံ့သင်းတဲ့ ညနေခင်းတွေ
ပိုးထိုးလောက်ကိုက်ကင်းဖို့ ဆုတောင်းပေးခဲ့ဖူးတဲ့ ဝန်ထမ်းဆန်
အမေကိုယ်တိုင်လျှော်ပေးထားတဲ့ စစ်ခြင်ထောင် နွမ်းလေးတလုံး
ဘုရားပွဲဈေးတန်းက ရေမုန့်ကြော်တဗန်း ...
ကျနော် မျှော်မှန်းခဲ့တဲ့ နိဗ္ဗာန်ကြီးကို အမေရယ်ချင်နေမလားပဲ
အခုတော့လည်း ရင်ဘတ်ကြီးက မေးတယ်
“ငါ့ဝိညာဉ်ထဲ လေမှုတ်အသက်သွင်း
မင်း ... ဘယ်သူလဲ ...” တဲ့
အဲသလိုနဲ့ ကျနော် အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ် အမေ။

အဖြူရောင် ...
အနီရောင် ...
အပြာရောင် ...
အား .................................
ကျနော် မရှောင်တိမ်းနိုင်ခဲ့သော ဓားလွတ်တွေပေါ့ အမေ
နွမ်းနွမ်းပါးပါး စုဘူးဦးနှောက်လေးနဲ့ကျနော် မှီရာကား တားစီး
ကြုံရာရောက်ရာ ခရီးဆက်ခဲ့မိတယ်လေ
လောကကြီးသုံးပါးမှာ အမှန်တရားလို့ ကျနော် ယုံမှတ်ခဲ့ဖူးတာတွေအားလုံး “လွဲ”
၆၄ ကီလိုလောက်က ဦးနှောက်မှာ ဝန်ပိုတင်မိတယ်ထင်ပါ့။

အစိမ်းရင့်ရင့် ရမ်းကားမှုတွေ
အနီရင့်ရင့် လဲပြိုကျဆုံးမှုတွေ
ဝတ်စုံပြည့် အသုဘရှုသူတွေ
သူ့အရပ်နဲ့ သူ့ဇာတ်
ကလို့ ဆိုလို့ တီးလို့ မှုတ်လို့ ကောင်းနေတုန်း
အိပ်မက်မြူတွေခမျာတော့
ကျနော့်ကို နှုတ်ဆက်လက်ပြသွားကြလေရဲ့ အမေ။

အခုတော့ ရင်ဘတ်ကြီးက ကြွေးကြော်တယ်
“ငါသာလျှင် ငါ့အတ္တနဲ့ ထုဆစ်
ဝတ်လစ်စလစ် သားရိုင်းကောင်ဖြစ်၏” တဲ့
အဲသလိုနဲ့ ကျနော်
အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ် အမေ။

ခုတော့ ကျနော် ရိပ်မိပါပြီ
ဝိုးတဝါးတွေးနိုင်သလောက်တော့ (ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ...)
လက်တိုဂျင်တဘူးထက်ပိုတယ်
ဟာလီဒဗီဆင်ထက်ပိုတယ်
ချက်ကော့ဖ်ထက်ပိုတယ်
ချမ်းသာတလိပ်နဲ့ ဇစ်ပိုတလုံးထက်ပိုတယ်
အဝတ်စနီနီပေါ်က ခွပ်ဒေါင်းတကောင်ထက်ပိုတယ်
ငွေနားကွပ် ခေါင်းတလားတလုံးထက်လည်း ... ပိုတယ်။

အမေရေ ...
လိုနေတာကတော့ အမေ့သားလူ့ငနွား ကျနော့်အဖို့
ခပ်စပ်စပ်ကြိမ်တလုံးနဲ့ နဖားကြိုးတစုံပါပဲ
သဘောတရားနဲ့ ပုံစံခွက်တွေထဲ အနာဂတ်ပျောက်
ချေးကျရာ ပျော်တဲ့ လောက် ...
ကျနော် အိမ်ပြန်ရောက်ဖို့သင့်ပြီလား အမေ။

ဒါပေမယ့်
ရင်ဘတ်ကြီးက ချဉ်ခင်းတပ်တယ်
“ရွှေပလ္လင်ပေါ်မှာ ခဏလောက်ပဲဖြစ်ဖြစ်
ထိုင်ဖူးချင်သေးသတဲ့လေ”
အဲသလိုနဲ့ ကျနော်
အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ်။

မငိုလိုက်ပါနဲ့ အမေ
မနက်ဖန်မှာ ကျနော် ရောက်မလာဖြစ်ရင်
ဒါမှမဟုတ် အမေက ထွက်သွားနှင့်ရရင်
တဦးနဲ့တဦး နှုတ်မဆက်ဖြစ်ခဲ့ကြရင်
အမေ မငိုလိုက်ပါနဲ့နော်။

တကယ်တော့ ဒီခရီးနဲ့ ဒီထီးပါပဲ အမေရယ်
ကျနော်ပိုင်ဆိုင်ရာ ခိုးဝှက်လုယူထားတာ အားလုံးကို ပစ်ချ
အပြာရောင် နဂါးငွေ့တန်းတွေကို ရှေးရှု
ကျနော် သွားရတော့မယ် အမေ။
ဒီတခါတော့ ရင်ဘတ်ကြီးက သက်ပြင်းကြီးချတယ်

“... ... ကိုယ်ကြိုက်ရာ ကိုယ်လုပ် ကောင်လေးရေ ...” တဲ့
အဲသလိုနဲ့ ကျနော်
နောက်အိပ်မက်တခုအတွက် အစပျိုးလိုက်ပါတော့တယ်။ ။

မားဆိုး (၂.၁၁.၂၀၀၉)

(ဗိုလ်ထီးရဲ့ ရွှေရတုမွေးနေ့ လိုက်ဖ်ရှိုးမှာ လွှမ်းမိုးကြီး ဟော်လိုလေးတလုံးနဲ့ ဆိုထားတဲ့ “ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ” သီချင်း လေးကို နားထောင်ရင်း ဗိုလ်ထီးကို သတိတွေရလာလို့ ဒီကဗျာလေး ရေးမိပါတယ်။ ၁၀.၃.၂၀၁၀ မှာ ကျရောက်လာမယ့် ဗိုလ်ထီး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အား ရည်ညွှန်းပါတယ်။)


ref ... drlunswe.blogspot.com

Tuesday, March 9, 2010

ကျေဒီခို့ရွာက လယ်တီဝံသ ညတရားပွဲ ဒုတိယည




၁၃၇၁ ခုနှစ် တပေါင်းလပြည့်ကျော် ၁၀ ရက် ( ၀၉ ၀၃ ၂၀၁၀ ) နေ့တွင် မဲဆော့တ် မြို့နယ် ကျေဒီခို့ကျေးရွာတွင် ကျင်းပ ပြုလုပ်သော ညတရားပွဲ ဒုတိယည စည်ကားသိုက်မြိုက်စွာ ဆင်ယင်ခဲ့သည်ဟု သိရှိရပါသည်။ ဤဒေသတွင် ပဌမဆုံး ကျင်းပသော ညတရားပွဲဖြစ်၍ ပဌမညက တရားနာယူသူ ၈၀ ခန့်သာရှိခဲ့ပြီး ယနေ့ညတွင် ရားနာယူသူ ၂၀၀ ခန့် လာရောက်သည်ဟု တရားပွဲ စီစဉ်သူ အိမ်ရှင် ဦးကျော်ဝင်း မှပြောကြားပါသည်။ ညတရားပွဲ အစဉ်အလာ မရှိခဲ့သော်လည်း ဖြစ်ပေါ်လာသော အစဉ်အလာကောင်းအား ထိန်းသိမ်းကြရန်လိုကြောင်း တရားဟောဆရာတော် လယ်တီဝံသ အရှင်ကောဝိဒ (ဒီပဲရင်း ) မှ သြဝါဒပေး၍ အနှစ် အကာခွဲခြားသိပါ (ကဏှ ဘု၇ားအလောင်းကြံစည်ခန်း ) တရားတော် ကိုဟောကြားတော် မူသည်ဟု သတင်းရရှိပါသည်။



48 news

Monday, March 8, 2010

ကျေဒီခို့ ကျေးရွာမှ လယ်တီဝံသ တရားပွဲ

၁၃၇၁ ခုနှစ် တပေါင်းလပြည့်ကျော် ၉ ရက်နေ့ ( ၀၈ ၊ ၀၃ ၊ ၂၀၁၀ ) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆော့တ် မြို့နယ် ကျေဒီခို့ကျေးရွာတွင် လယ်တီဝံသ ဆရာတော် အရှင် ကောဝိဒ မှ ကြီးပွါးရေး တရားတော် ဟောကြား ချီးမြှင့်ခဲ့ ပါကြောင်း။ ဤတရားပွဲသည် ကျေးလက်ဒေသအတွင်း ပဌမ ဦးဆုံး ကျင်းပ ပြုလုပ်သော ည တရားပွဲ ဖြစ်ကြောင်း သိရှိရပြီး ကျေဒီခို့ ကျေးရွာ အနီးအပါးမှ တရားနာလာရောက်ကြသည် ဟုသိရှိရပါသည်။ ညတရားပွဲကို ( ၀၈ .. ၀၉ ၊ ၀၃ ၊ ၂၀၁၀ ) နှစ်ည တိုင် ကျင်းပမည်ဟု သိရှိရပါသည်။


48 news

Tuesday, February 9, 2010

လှိုင်သာယာမှာ အလုပ်သမား ဆန္ဒပြပြန်

ခိုင်စု | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်
နယူးဒေလီ (မဇျိမ)

လှိုင်သယာမြို့ရှိ စက်မှုဇုံ ၃ တွင် ယနေ့ နေ့လည်က အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားလျှက် ရှိသည်။

လှိုင်သာယာ စက်မှုဇုံ ၃ ရှိ မြဖက်ရှင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၄၀၀ ခန့်က ဆန္ဒပြ နေကြောင်း စက်ရုံမှ တာဝန်ရှိသူ တဦးက ပြောသည်။

"ဟုတ်ကဲ့ ဆန္ဒပြတာ မှန်ပါတယ်။ ဒီနေ့ နေလည်ထမင်းစားပြီးချိန် ကတည်းကပါ။ ခုထိမပြီးသေးဘူး။ လစာတိုးဖို့ ပြောတာပါ" ဟု ပြောသည်။

ဆန္ဒပြအလုပ်သား ၁၄၀၀ ခန့်သည် နေ့လည် ထမင်းစားပြီးချိန်မှ စ၍ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ပြီး စက်ရုံမှာ ကိုရီးယားနိုင်ငံသားက ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံမှ တာဝန်ရှိသူများနှင့် ယခုချိန်ထိ ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ဇန်နဝါရီလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတခုတွင် အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့သလို၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

Ref ; www.mizzimaburmese.com

Sunday, February 7, 2010

ကျော်သူရဲ့ ရှင်းတန်း

Kyaw Article)

ကျော်သူရဲ့ သတ်ကွင်း

ပုံကိုနှိပ်၍ စာကို အကျယ်ဖတ်ပါ




Monday, December 7, 2009

ရှာရှာဖွေဖွေ အမေရိကန် သမိုင်းတကွေ့









ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား

အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင် ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင် ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေးဆုံးရှုံးခဲ့ရသည်။

သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။
သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။






ပို ၍ ထူးခြားတာက..
လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး
ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။
သူတို့နှစ်ဦးလုံးကိုတောင်ပိုင်းသားများကလုပ်ကြံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။








လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။
ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉
တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။

ဆက်လက်လေ့လာကြပါစို့.....


လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိ ကားပေါ်တွင် လုပ်ကြံခံရသည်။
သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၄င်းကို လုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ ပြေးပုန်းခဲ့သည်။
သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီး လုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။
သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံး မရင်ဆိုင်ရမှီ လုပ်ကြံ သတ်ဖြတ်ခြင်းခံရသည်

မပြီးသေးပါဘူး......


လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။




ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။






ဒီကိစ္စတွေဘယ်သူရှင်းနိုင်ပါသလဲ????
နောက်တစ်ခုဆက်ကြည့်ကြရအောင်
၁။ ဒေါ်လာ ၂၀ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ

၂။ နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။












၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။








၎။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ

တိုက်ဆိုင်လိုက်တာနော်.... သင်ဘဲဆုံးဖြတ်လိုက်ပါတော့
မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်
ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ

ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦ:

ဆက်ကြည့်ပါအုံး......

လူအများအပြားသေဆုံးမှု.....ပင်တဂွန်စစ်ဌာနချုပ်
လူအများအပြားသေဆုံးမှု..... မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး
လူအများအပြားသေဆုံးမှု...... Osama???
ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20
ဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်ဖြစ်စဉ်ကို သင်ရဲ့မိတ်ဆွေတွေဆီမျှဝေလိုက်ပါဗျာ...

with the best wishes,


zaw zzaw aung


ref ....... Forwarded message

Monday, October 5, 2009

ဆိုကရေးတီး ရဲ့ အဆိပ်

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၄ )


ဘ ကိုကြီးရေးသည်

အိမ်နားရောက်လေ ရင်မှာ ဖိစီးမှု တခုဖြစ်လာသလို ခံစားရသည်။ ထိုခံစားမှုက ဘာရယ် အသေချာ မသိသော်လည်း အပြစ်မကင်းသော ကိုယ့်ကိုကိုယ် သိသည့်စိတ်က နိုးဆော်ထားမှန်းလည်း သိနေမိပြန်သည်။ သုံးနှစ်ကျော်မျှ မိသားစုနှင့် ခွဲခွာခဲ့ချိန် အတွင်း သာကြောင်းမာကြောင်း ကလေးမျှ စာတစောင် ပေတဖွဲ့ မရေးမိ အကြောင်းမကြား ဖြစ်ခဲ့သော ကိုယ့်လိုအပ်ချက်တွေကို နောင်တရနေမိသည်။ အိမ်နားအရောက်မှာတော့ အိမ်ရှေ့ကိုထွက်ကြိုနေသော ကြီးဒေါ်ကြီးကိုတွေ့ရသည်။
- ဟယ် မောင်လွင်ရယ် အကြောင်းမကြား ဘာမကြား သေမှန်းမသိ နေမှန်းမသိ၊ နေနိုင်လိုက်တာဟယ်၊
- ဘာပူစရာလဲ အကြီးရာ အကြီးတူ သံမဏိဘဲဟာ၊ အချိန်တန် အိမ်ပြန်လာမှာပေါ့၊
- အေးလေ ပြန်ရောက်ခါမှ ရောက်ပေါ့၊ တကထဲဟယ် .. နေနိုင်ထာ၊ တနှစ်နေလို့ သာကြောင်းမာကြောင်းလေး စာတစောင်လောက် ရောက်ဆို ဟုတ် ဟုတ်သေးတော့၊ မဟုတ်ဘူးလား မောင်ဝင်းသိန်းရဲ့၊
- ဟုတ်တယ် အကြီးရ ဒီကောင် အတော်နေနိုင်တာဘဲ၊ လာတုန်းဆူထားမှ၊
- ဝက်မ အကြီးကိုထောင်ပေးမနေနဲ့၊ အဖေရှိနေလား အကြီး၊
- ရောက်နေပြီ၊ အမြင့်လည်း အစောလေးကတင် ကျောင်းကပြန်ရောက်လာတာ၊
အဖေ့ကို မွေးချင်းများနှင့် ဆွေမျိုးတသိုက်လုံးက နာမည်အဖျားစွတ်ပြီး အမြင့်၊ အမြင့် ခေါ်ကြသည်။ ငယ်စဉ်ကတော့ အဖေ့ကို မိန်းကလေး နာမည်တွေခေါ်သလို ခေါ်နေတာ လုံးဝ မနှစ်ချိုက်ခဲ့၊ အရွယ်လေးနဲနဲရ နယ်ဝေးမှာ မိသားစု ဆွေမျိုးနဲ့ခွဲခဲ့ချိန်မှသာ မိသားစု မေတ္တာတွေကို နားလည်လာရသည်။ အဖေက မွေးခြင်းထဲတွင်ကော တဝမ်းကွဲမွေးချင်း များတွင်ပါ အငယ်ဆုံး ဖြစ်လေသည်မို့ ချစ်စနိုးခေါ်ကြလေမှန်း သိလာရသည်။
- ငါလည်းပြန်တော့မယ် ဝင်းလွင်၊ ညဘယ်အချိန် လာခဲ့ရမလဲ၊
- ဟဲ့ ပြန်မှာလား၊ မင်းတို့မလဲ မောင်လွင်ပြန်လာမှ မျက်နှာတွေ့ရတော့တာ ဘဲကိုး၊
- ပြန်ရမယ်အကြီး၊ ဈေးကြိုပေးရဦးမှာ၊
- အေး ည ၇ နာရီခွဲလောက် ထွက်လာမယ်၊ ကျန်တဲ့ကောင်တွေပါ ခေါ်လာကွ နော..
- အေး ပါကွာ ခုလောက်ဆို ဟိုကောင်တွေလဲ မင်းပြန်ရောက်တာ သိလောက်ရောပေါ့ ၊
အိမ်ပေါ်မှာတော့ အဖေ ရေနွေးကြမ်းတအိုးနှင့် ထိုင်နေသည်ကိုတွေ့ရသည်။ ဘုရား ဝတ်ဖြည့်ပြီး အကြီးနှင့် အဖေ့ကို ဦးချ ကန်တော့လိုက်သည်။ ဒါလည်း ခရီးဝေးပြန်ရောက်တိုင်း ပြုနေကျ ပင်။
- ခွင့်ဘယ်လောက်ရလာလည်း၊
- ခွင့်မဟုတ်ဘူး အဖေ၊ ခုက ဒေးဆော့ နားရက် တလ ရလာတာ၊
- ဒါဆို မင့်း အရင်နှစ်တွေကကော၊
- လစာမပျက် နားရက်က ပါမစ်နစ် ဖြစ်မှ ရတာအဖေ၊ အရင်က နေ့စားလရှင်းဘဲ၊
- ဟ၊ ဟန်ကျသားကွ မင့်းအလုပ်က၊ ဘယ်တွေမှာရောက်ခဲ့လဲ၊ ခုက ဘယ်ကနေပြန်ခဲ့တာလဲ၊
- ရောက်တာတော့ အစုံဘဲ အဖေ၊ ရွှေပြည်သာ၊ နိဗ္ဗာန်၊ ပြည်၊ အခုက ချောက်ကနေ ပြန်လာခဲ့တာ၊ ရော့ ဒီမှာ အကြီး ၊
- ဟဲ့ ဘာအိပ်တုံး ..
- ပိုက်ဆံဘဲ အကြီး ၂၅၀၀၊ ဟိုကလေးတွေ ဘယ်ရောက်နေလဲ အကြီး တယ်ငြိမ်နေပါလား၊
- ဟဲ့ ဌေးလာတာပေါ့လေ၊ မင်းညီတွေတော့ ကျောင်ကပြန်လာပြီး ရေသွားချိုးနေကြတာ၊ သိတာနဲ့ ပြေးလာကြမှာပါ၊ ခေါက်ဆွဲများ ဝယ်လာသေးတယ် ထ္မင်းစားချိန်ကြီးမှန်း သိသားနဲ့ အပိုကုန်အောင် လုပ်တယ်နော်၊
အကြီးကိုတော့ ဘာမှပြန်မပြောဖြစ်တော့၊ ဒီလိုပြောလေဦးမည်ဟု သိပြီးသားမို့ အသာငြိမ်နေတာက ပိုပြီး ကောင်းလေမည်၊ သို့မဟုတ်လျှင် အပြစ်တင်စကားတွေ အမျှင်ဆက်လာချေဦးမည်ပင်။ စကားလက်စ မသတ်ခင်မှာပင် ကလေးတသိုက်၏ စီစီလောင်လောင် အသံတွေ ကြားနေရသည်။ အဖေကတော့ ခတ်ပြုံးပြုံးပင် ကြည့်နေလေသည်။
- ဟော ဟော ပြောရင်းနဲ့ လာကြပါပြီ စီလောင်မာကြွက်တို့ တတွေ၊ ဟဲ့ နင်တို့ အကိုကြီးပြန်ရောက် နေပြီဟဲ့၊
- ကိုကြီးရေ.. ကိုကြီးရေ
အော်ရင်းဟစ်ရင်း အိမ်ပေါ်ကို အပြေးတက်လာကြသော ညီတွေညီမတွေ၊
- ဟဲ့ ဟဲ့ ရေစိုတွေသွားလဲကြဦး တကထဲတော် …
- ဟာ … ရေတွေဘယ်လောက် ငုပ်လာလည်းကွာ မျက်စိတွေလည်း နီနေကုန်ပြီ၊ အငယ်မကတော့ ခုထိ ပုတုံး သေးတုံးဘဲ နော်၊ မင်းကတော့ ကိုကြီးကိုတောင် မှီနေပါရောလားဟ၊
- ကိုကြီး ဘာတွေဝယ်လာလဲ၊ စားစရာဘာဝယ်လာလည်း၊
- ပါတာပေါ့ အကြီးလုပ်ပေးလိမ့်မယ်။
- အင်းလေ .. ဘာတွေလဲလို့ဆို ၊
- ဟယ် .. ပြောနေရင်းနဲ့တောင် အမေးထူနေသေးတယ်၊ စကားဖေါမနေကြနဲ့ အဝတ်မြန်မြန်လဲ၊ ထမင်းစားဖို့ပြင်ရမယ်၊ မောင်လွင်လဲ ရေချိုးလိုက်ဦး၊ ဒီမှာဘဲချိုးလိုက်တော့ ကမ်းနားကို မဆင်းနေနဲ့တော့၊
အကြီးရဲ့ ဒီလိုလေသံတွေလဲ မကြားရတာ ကြာတောင့်ကြာလှနေပြီ၊ ရေမိုးချိုးပြီး ခဏနေတော့ မိသားစု ထမင်းဝိုင်း ဖွဲ့ကြတော့သည်။ ဒီလို မိသားစု စုံစုံလင်လင် ဝိုင်းဖွဲ့ မစားရတာ အတော်ကြာခဲ့ပြီမို့ စိတ်ထဲမှာ ရွှင်လန်းနေမိတော့သည်။ မိသားစုတခုလုံး စုံစုံညီညီ နှင့် လက်ရေတပြင်စီး နေခဲ့သော ကာလတွေကို ထားရစ်ခဲ့ပြီး ကိုယ်စိတ်ကိုယ့်ကိုယ် နေလာခဲ့စဉ်ကတော့ ဒီလို အခြေအနေတွေကို တခါမျှ ပြန်လည် လွမ်းဆွတ်ခဲ့ခြင်း မရှိခဲ့ပါဘဲလျှက် ခုလိုအခြေအနေကို ပြန်လည် မဖဲခွါ လိုတော့သလိုပင် ဖြစ်နေရသည်။
ညနေခင်းမှာ မြို့ငယ်ကလေးက တိတ်ဆိပ် ညိမ်သက်နေသည်။ တလျှောက်လုံး တာဝန်ကျခဲ့ရာ အညာမြေနှင့် မြေလတ်ဒေသများဆီ မှာတော့ ကားသံ တဝီဝီ လူသံတစီစီ နှင့် လှုပ်ရှားနေလေမည်။ ကိုယ့်မြို့ ကလေးကတော့ အေးချမ်းသည် ခေါ်ရလေမလား သက်ဝင်လှုပ်ရှားမှု မရှိဘူး ပြောရလေမလား၊ မည်သို့ပင် ဆိုစေ အေးချမ်း ဆိပ်ငြိမ်နေတာတော့ အမှန်ပင်။ မြို့ကလေး၏ အသက်ဝင် လှုပ်ရှားနေရာ အပိုင်းကတော့ သင်္ဘောဆိပ် တဝိုက်မျှသာ ဖြစ်လေသည်။ ဈေးနှင့် သင်္ဘောဆိပ် အပိုင်းမှလွဲလျှင် ကျန်ရပ်ကွက်များကို မြို့ပြ အခင်းအကျင်းဟု ပြောလို့ ရစရာ အကြောင်းမမြင်သော မြို့ကလေးပင်။
ကလေးတွေ မေးသမျှဖြေ ၊ အဖေတို့ အကြီးတို့နှင့် စကားစမည်ပြောရင်း ညနေခင်း အချိန်တွေကို ကျော်လွန်စေပြီး သူငယ်ချင်းတွေ လာခေါ်ချိန်ကို စောင့်နေလိုက်သည်။ ဒီညတော့ မြို့ကလေးရဲ့ လ္ဘက်ရည်ဆိုင် ရင်ခွင်တွေဆီ ပြန်လည် ခိုဝင်ဖြစ်လေဦးမည်။ မြို့ကလေးမှာ ကျောင်းသားဘဝက ထိုင်ခဲ့သော ဆိုင်တွေ ရှိနေလေဦးမည်လား၊ တွေးနေမိသေးသည်။ မြို့ကလေးရဲ့ အနေအထားကတော့ ပိုမို အိုဟောင်းလာတာ အပြင် အသစ်၊ အသစ်သော ပြောင်းလွဲတာတွေတော့ ထင်သာမြင်သာ မရှိပေ။

အခန်း ( ၅ )
- ငါ မော်လမြိုင် သွားမယ်၊ ဘယ်သူ လိုက်မလဲ၊
- လိုက်တော့ လိုက်ခြင်သားကွာ၊ ဟိုမှာ ဘာသွားလုပ်မှာလည်း၊ အလုပ်ရှိနေပြီလား။
- ဘာမှတော့ သေချာ မသိသေးဘူး ဟိုမှာ ဘော်ဒါတယောက်ရှိနေတယ်၊ ဟိုရောက်မှ အခြေအနေကြည့်လုပ်ရမှာဘဲ။
- တို့နဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ၊ ဒီမှာလဲ အလုပ်တွေရှိနေတာ။
- ဝင်းသိန်း .. ဝက်မကြီး မင်းလိုက်မလား၊
- ငါတော့ မလိုက်ပါဘူး၊ လိုက်သွားလို့လဲ ဖြစ်မယ် မထင်ဘူးကွာ။
- ဘာလို့လဲဟ၊
- အေး .. သူ့ အဖေက ကျန်းမာရေး မကောင်းတော့ဘူး၊ ဒီကြားထဲ သူ့ညီက မိန်းမခိုးလာခဲ့ပြီး အိမ်ပေါ်မှာ။ တောက လယ်ထောက်ခတွေရယ်၊ သူ့လုပ်စာရယ်ဘဲ ရှိနေတော့တာ။
- ဒါဆို မင်းကကော …
- ဟားဟားဟား ….. မင်းက ဘာမှ မသိသေးဘဲ ခေါ်ခြင်နေတာကိုးကွ၊
- ဘာဖြစ်လဲဟ
- ဒီကောင် မိန်းမယူတော့မလို့ကွ၊
- ဟာ ဟုတ်လား ဟေ့ ယောင်၊
- မဟုတ်သေးပါဘူးကွာ၊
- မဟုတ်သေးပါဘူးဆိုတာ၊ နောက်ဟုတ်တော့မှာ လို့ပြောတာ၊ ခုတော့မဟုတ်သေးဘူးပေါ့၊
- မဟုတ်ပါဘူးကွာ၊ ငါ လ္ဘက်ရည်ဆိုင်ဖွင့်မလို့ကွ၊
- မင်းက ဘယ်မှာဖွင့်မှာလည်း၊ ဆိုင်ခန်းငှားမှာလား၊
- မဟုတ်ပါဘူးကွာ၊ ဆိုင်ခန်းမငှားနိုင်ပါဘူး၊ အိမ်မှာဘဲ ရှေ့ချမ်းကို ပြင်ပြီး ဆိုင်ဖွင့်မှာ၊
- ဒါဆို ငါဘယ်သူ့ခေါ်သွားရပါ့မလဲ၊ ဟို တကောင်ကလဲ မလာသေးဘူးဟ၊
- အေး ဟုတ်တယ်၊ အဲဒီကောင်ကိုခေါ်သွား၊ ဒီကောင် လိုက်ယောင်နေတာကွ၊ ဘာမှ ဟုတ်တိပတ်တိ ဘာမှ လုပ်နေတာမရှိဘူး။
- ဘယ်သူလဲဟ၊ ကျော်သေးကို ပြောနေတာလား၊
- အေး ဟုတ်တယ်။
- အေး ဒီကောင် ဘာတွေလုပ်နေလဲ၊
- မင်း ပါလေရာကြီးကို သိတယ်မဟုတ်လား၊
- အင်းသိတယ်၊ ကြက်ခြေနီလိုက်၊ မီးသတ်လိုက် လုပ်နေတာလေ။
- အေးအခု လမ်းစဉ်လူငယ် ခေါင်းဆောင် သင်တန်းက ပြန်လာပြီး လမ်းစဉ်လူငယ် တီးဝိုင်းခေါင်းဆောင်ဖြစ်နေတာကွ၊
- ဟန် .. ပလွေတောင် အသံထွက်အောင် မမှုတ်တတ်ဘဲနဲ့များကွာ၊
- ဟား ဟား ဟား ဟား ၊ ဟုတ်တယ်လေ၊ ဘာဖြစ်ဖြစ် ခု တီးဝိုင်းခေါင်းဆောင်ကွ၊ မနှစ်က ဘောလုံးကွင်ထဲမှာ ကွင်းဖွင့်ပွဲလုပ်တော့ မင်းကိုမြင်စေခြင်လိုက်တာကွာ၊
- ဘာလို့လဲကွ၊
- ဘင်ခရာဝိုင်းရှေ့ကနေ ကားယားကားယားနဲ့ တုတ်တချောင်း လှည့်လိုက် မြှောက်လိုက် ဖမ်းလိုက် လုပ်နေတာ၊ ကွင်းကို လှည့်ရင်းတို့နားရောက်လာတော့ ညာဘယ် ညာဘယ် ဝိုင်းအော် ပေးလိုက်တာ မင်းကောင် တုတ်လွတ်ကျပြီး အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်တာပေါ့ကွ။
- ဟား ဟား ဟား တွေ့ခြင်လိုက်တာကွာ၊ အဲဒါ ကျော်သေးနဲ့ ဘာဆိုင်လဲကွ၊
- မင့်း ကောင်က အဲဒီမှာ ဂစ်တာလိုက်တီးနေတာ၊ ပါလေရာကြီး တပည့်ပေါ့ကွ၊
- ဟေ တို့နဲ့ တဲ့တာမှ မဟုတ်ဘဲနဲ့ ဒီကောင်ဘာလုပ်တာလဲဟ၊
- အေး မနှစ်ကဘဲ ရံပုံငွေ တီးဝိုင်း ထောင်မယ် ဆိုပြီး ဂစ်တာတွေ ဘာတွေ ပါလာတော့ ပါလေရာကြီးက ကျော်သေးကို ခေါ်သုံးတာဘဲကွ၊ ကိုယ့် ရပ်ကွက်သား အချင်ချင်း ဘဲ ဘာညာပေါ့ကွာ၊ ဒီလိုနဲ့ ဂစ်တာလိုက်တီးဖြစ်တာ။
- အဲဒါ ကျော်သေးက ဝက်ပိန်ရယ် အပုလေးရယ် တရုတ်မရယ်ကိုပါ ဆွဲထည့်လိုက်ပြန်ရော။
- ဟာ ဒီကောင်တွေကွာ၊ သူတို့ဝိုင်းက တီးရော တီးရလို့လား၊
- ဒီမှာတော့ ဆွမ်းပတ်တွေမှာ အလကားလိုက်တီးတာတောင် အလောင်ခံရလို့ မတီးရပါဘူး။ တောက ဥက္ကဌတွေ အတွင်းရေးမှူးတွေရဲ့ သား သမီးတွေ မင်္ဂလာဆောင်တုန်းကတော့ လိုက်တီးရသေးတယ်။
- ဟေ့ယောင်တွေ ဟိုမှာ လာနေပါပြီဗျာ ကိုကျော်သေး။
- ဟေ့ယောင် ကျော်သေး ဒီကိုလာကွ၊ ညီလေးရေ ပေါ့ကျ ဝမ်း လုပ်ဦးဟေ့၊
- ဟာကွာ မင်းတို့က ငါ့ကိုတောင် မစောင့်နေကြဘူး။
- လာပါ လာပါ ဂီတမှူးကြီး၊ ပါလေရာကြီးရဲ့ ဒဘဲ့၊
- တော်စမ်း ဟိုကောင်တွေ ဘာ ချွန်ထားလဲ။ မင်းတို့ ကောင်တွေ ဘာမှလဲ မသိဘဲနဲ့ ငါက ပါလေရာကြီးကို အသုံးချနေတာကွ၊
- အမ်မာ … ကြီးကြီးကျယ်ကျယ် ဘာတွေများ အသုံးချနေပါလိမ့်နော်၊
- ဒီလိုကွ၊
သူငယ်ချင်းတွေထဲမှာတော့ ကျော်အေးက အကောင်အသေးဆုံး၊ ဒါကြောင့်မို့ ကျော်အေး နာမည်ပျောက်ပြီး ကျော်သေးလို့သာခေါ်ကြသည်။ သူက စပ်စပ်ဆော့ဆော့လည်း နိုင်သေးသည်၊ ဘာလေးဖြစ်ဖြစ် ဝင်လုပ်လိုက်ရမှ ကျေနပ်သူ၊ နဲနဲလည်း ကြီးကြီး ကျယ်ကျယ်ပြောတတ်သူ၊
- ညီလေးရေ ရေနွေးထည့်ပေးဦးကွ၊ မင်းတို့ကလည်းကွာ ရေနွေးမရှိတော့တာမထည့်ခိုင်းဘူး ..
- အေးပါ၊ လုပ်စမ်းပါဦး မင့်း အသုံးချပုံကိစ္စ ၊
- ဒလိုကွ ၊ သူတို့ တီးဝိုင်းက ဘာမှတီးရတာမဟုတ်ဘူးလေ၊ ပစ္စည်းတွေကရှိနေတာမဟုတ်လား၊ ဒီတော့ ငါက ဟိုကောင်တွေကိုပါ ဒီရံပုံငွေ တီးဝိုင်းမှာဝင်ခိုင်းလိုက်တော့ တို့ခြေ တို့လက်ဖြစ်တာပေါ့ မဟုတ်ဘူးလား၊ မင်းတို့က ဘာသိလဲ … အခု တို့ အငြိမ့်ထဲမှာလိုက်ပြီး ဂစ်တာတီးတာ ပါလေရာ ကြီးတို့ဆီက ဂစ်တာတွေပေါ့ကွ ဟဲ ဟဲ ဟဲ
- အေးကွ ဒါလည်းပိုင်ပြန်တာဘဲဟ
- ဒလို ကျတော့လဲ တို့ကောင်က ဘယ်ညံ့မလဲ၊
- ဒါပေါ့ကွ မင်းတို့က ဘာမှမသိဘဲနဲ့၊ နေဦး ဟေ့ယောင် ဝင်းလွင်၊ မင်းက ဘယ်ကနေ ကိုယ်ယောင်လာပြတာလဲ၊ မင်းကသွားလိုက်ရင် တမေ့တမောဘဲ၊
- အေးလေ မင်းတို့ကို လွမ်းလွန်လွန်းလို့ ပြန်လာတာပေါ့ကွာ ဟဲဟဲ ဟဲ
- တော်လိုက်တော့၊ မင်းက သတင်းမကြား ဘာမကြားနဲ့ ငါဆို အကြီးကို ရှောင်နေရတယ်၊ တွေ့တာနဲ့ မေးတော့တာဘဲ၊ မင်းတို့ဆီ မှာ မောင်လွင်အကြောင်း သတင်းမရဘူးလား ဘာညာ မေးတော့တာကွာ၊ မင်းကလဲ အတော်နေနိုင်တာကိုးကွ၊
သူငယ်ချင်းတွေက အိမ်မှာ ဝင်ထွက် နေနေကျပင်၊ ကိုယ်ကလဲ ကိုယ်ပင်၊ ထွက်ပြီဆို နောက်ပြန်လှည့်မကြည့်တတ်တဲ့ အကျင့်ဆိုးကလဲရှိနေသေးသည်မို့ ပြောသမျှ ငြိမ်ခံနေလိုက်ရုံသာ ရှိတော့သည်။
- မင်းက ပြန်သွားဦးမှာလား၊ ဒီမှာပြန်မနေတော့ဘူးလားကွ၊
- အဲဒါပြောမလို့ဘဲ၊ ပြန်သွားဦးမှာ၊
- အေးပေါ့၊ အလုပ်ရှိနေတာဆိုတော့ပြန်သွားရမှာပေါ့၊ ပါမစ်နစ် ဖြစ်ပြီဆိုတော့ ထောတာပေါ့ကွ၊
- မဟုတ်ဘူးကွ ဒီကောင်ပြောတာက ဒီတခါ အလုပ်ထဲပြန်သွားမှာမဟုတ်ဘူးတဲ့၊
- ဒါဆိုဘယ်သွားဦးမှာမို့လဲ၊ အလုပ်ပြန်မဝင်တော့ဘူးလား၊
- အေး၊ ငါက မင်းကိုပါ ခေါ်သွားမလားစဉ်းစားနေတာ၊ မော်လမြိုင်ဖက် သွားမလို့လေ၊
- မလိုက်ဘူး ဟေ့ယောင်၊ လုံးဝ မလိုက်ဘူး၊ မင်းဟာက ဘယ်သွားသွား တပျောက်ဘဲ၊
အသည်းအသန် ငြင်းလိုက်သော ကျော်လေးကြောင့် သူငယ်ချင်းတသိုက် ဝိုင်းရယ်ကြရသေးသည်။
- ရီမနေကြနဲ့ ငါတကယ်ပြောတာ၊ လုံးဝဘဲ၊
- မင်းကလဲကွာ ငါနဲ့ လိုက်ရမှာ သူရဲသဘက်နဲ့ လိုက်ရမဲ့အတိုင်းဘဲကိုးကွ၊
- အဲဒီထက်ဆိုးတယ်ကွ၊
- အပိုတွေပြောမနေနဲ့၊ လိုက်သာသွား၊ တို့တောင်လိုက်ခြင်တာ၊
- အေးလေ မင်းတို့လိုက်သွားလိုက်ပေါ့ကွ၊ ပြီးရောပေါ့၊
- တို့က မဖြစ်လို့ပေါ့ကွာ၊ ဒီမှာလဲအလုပ်တွေနဲ့လေ၊
- သြော် …… ငါကတော့ အလုပ်မရှိလို့ပေါ့လေ၊ မင်းတို့ပြောပုံက၊
- အေးလေ ဘာအလုပ်ဟုတ်လို့လဲ၊ မင်းဟာက ၊
- ခုက ဇါတ်ထဲမှာပါလိုက် တီးနေရပြီကွ၊ မင်းတို့က ..
- ကြားပါတယ်ကွာ မင်းဇါတ်ထဲမှာ ဂစ်တာလိုက်တီးတုန်းက အကြောင်းတွေ၊
- ဘာ ဖြစ်လဲကွ လုပ်စမ်းပါဦး၊
- ဒီကောင် အရှေ့ပိုင်းက ဇာတ်ထဲမှာ ဂစ်တာလိုက်တီးတုံးကကွာ …
- ဘာမှမဟုတ်ဘူးဟေ့ယောင် ဇါတ်ထဲကကောင်တွေ ငါ့ဘက်အိပ်ကို ပြဇာတ်ထွက်တော့ အိပ်သုံးစရာမရှိလို့ဆိုပြီးယူသုံးတာ၊ နောက် မနက်လင်းတော့ ရွာထဲက အရက်ဆိုင်မှာ လိုက်ရွေးလိုက်ရတာ၊ ဒီကောင်တွေ ဒါပြောမလို့၊ ငါသိသားဘဲ၊
ဆက်လက် ဖေါ်ပြပါမည် ...

သီတင်း ကျွတ်ပြီ သဟာဆွေ





Sunday, October 4, 2009

အိန္ဒိယမှာ ဒိုင်နိုဆောဥတွေ တွေ့ပြီ


အိန္ဒိယ တောင်ပိုင်းမှာ နှစ် ၆၅ သန်း သက်တန်းမျှ ရှိပြီဖြစ်တဲ့ ဒိုင်နိုဆောဥ ရာနဲ့ချီတွေ့ရှိပြီလို့ ဘူမိဗေဒ သိပ္ပံ ပညာရှင်များက ကြေညာပါတယ်။
ရုပ်ကြွင်းတွေ့ရှိမှု သမိုင်းကို ပြောင်းလဲစေတဲ့ ဒီတွေ့ရှိမှုကို ဒေါက်တာ အမ်၊ယူ ရာမ်ကူးမား ဦးဆောင်တဲ့ အိန္ဒိယ သိပ္ပံပညာရှင်များက အိန္ဒိယ တောင်ပိုင်း တမီလ်း နာဒူး ပြည်နယ် မှာရှိတဲ့ ရှေးဟောင်း မြေအောက်မြစ်ကြောင်းကို တူးဖေါ်စဉ်တွေ့ခဲ့ ကြရတာဖြစ်ပါတယ်။ တူးဖေါ်ရေးသမားတွေဟာ ပုတ်သင်ဥနဲ့တူတဲ့ ဥတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဓါတ်ပုံတွေနဲ့ နမူနာအထောက်အထားတွေကို တက္ကသိုလ်တွေဆီ ပေးပို့စစ်ဆေးစေခဲ့ရာမှာ ဒီဥတွေဟာ ဒိုင်နိုဆောဥတွေဘဲလို့ အတည်ပြုပေးခဲ့ကြပါတယ်။
ဥတွေဟာ ဘောလုံးတလုံးရဲ့ အရွယ်ပမာဏ ၁၃ - ၂၃ စင်တီမီတာဆိုဒ် ဘဲဥပုံရှိပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရာမ်ကူးမားက ဘီဘီစီကို ခုလိုပြောပြပါတယ် …
အရေးပါတဲ့ တွေ့ရှိချက်ကတော့ မတူကွဲပြားတဲ့ ဒိုင်နိုဆောတွေဟာ ဒီနေရာမှာ နှစ်အစဉ်အဆက် (သို့) ခေတ်အလိုက် လာပြီး ဥ ဥချထားတဲ့ပုံရပါတယ်။
နောက်အရေးကြီးတဲ့တချက်က ဒီဥတွေမှာ မီးတောင်ချော်သင့် လက္ခဏာတွေနဲ့ မီးတောင်ပေါက်ကွဲမှု လက္ခဏာတွေတွေ့ရှိတာပါ၊ “ဒီဥတွေဟာ မကွဲအက်ဘဲ ပုံမပျက်တည်ရှိနေပါတယ်” ဘာကြောင့် ပုံမပျက်တည်နေနီုင်တာလဲ၊ ကျွန်တော်တို့ ဒီတွေ့ရှိမှုကနေ ဆက်လက် လေ့လာခြင်ပါတယ် ။
ပညာရှင်များကတော့ ဒီဥတွေဟာ သီးနှံစားတဲ့ ဆောရိုပေါ့ မျိုးစိတ် ဒိုင်နိုဆောဥတွေဘဲလို့ ယုံကြည်ယူဆကြပါတယ်။

Ref.
BBC News, Delhi .. By Jyotsna Singh

ခုတော့အိပ်ဦး

Sunday, September 27, 2009

၂၇ - ၀၉ - ၀၉



ပြည်တွင်းသတင်း

အဖွဲ့ချုပ် (၂၁) နှစ်ပြည့် အခမ်းအနားနဲ့ ပြည်တွင်းသတင်းများ click
စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောမည် click
ဥရောပမှာ မြန်မာ့အရေး ဆွေးနွေး click
အသျှင်ဦးဂမ္ဘီရနှင့် အသျှင်စန္ဒြာမုနိတို့အား ဦးဥတ္တမဆု ချီးမြှင့် click
နစက တပ်သားတဦး မိမိကိုယ်ကို အဆုံးစီရင် click
NLD ရဲ့ (၂၁) နှစ်ကြာ ဆောင်ရွက်ချက် ကျေနပ်စရာမရှိ click
ရွေးကောက်ပွဲဥပဒေအပေါ်တည်ပြီး NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်မည် click
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ NLD တောင်းဆို click
မြန်မာ့အရေး နိုင်ငံတကာကြိုးပမ်းမှုမှာ အာဆီယံက အရေးပါ click
မြန်မာစစ်အစိုးရကို ဖိအားပိုပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း click
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတချို့ စောင့်ကြည့်ခံနေရ click
အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက် click
လူငယ်အဖွဲ့များ စုပေါင်းဝတ်ပြုဆုတောင်း click
ဂျီ (၂၀) အစည်းအဝေးနဲ့ မြန်မာ့အရေးဆန္ဒပြပွဲ (ဓာတ်ပုံသတင်း) click
ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေအချို့ ပိတ်ထားရ click
ကမ္ဘာ့သတင်း
ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီ click
အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ် click
အာဖဂန်က တပ်ဖွဲ့ရုတ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ကြီး လက်မခံ click
ဖိလစ်ပိုင်မုန်တိုင်း (၇၀) ကျော် သေဆုံး click