Wednesday, September 9, 2009

ဆရာတော်ဦးဥတ္တမနေ့ ကျင်းပ


ဆရာတော်ဦးဥတ္တမနေ့ ကျင်းပ
(စက်တင်ဘာ ၉ . ၂၀၀၉ )
အာရှနေဝန်း ဟု တင်စား ဂုဏ်ပြု ခဲ့ကြသော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခြင်း နှစ် ၇၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် တနေရာရှိ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် စည်းကားစွာကျင်းပခဲ့သည်။
အခန်းအနားကို နံက် (၉) နာရီတွင် ဆရာတော်အား ဂါရဝပြု၍ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့၏ ဗုဒ္ဓပူဇာတေး ယိမ်းအက၊ သဘာပတိ ဦးထွန်းဝင်း မှ အဖွင့်မိန့်ခွန်း၊ ဆရာတော်၏ ထေရုပ္ပတိ အကျဉ်း ကိုဖတ်ကြားတင်သွင်း အပြီး အခန်းအနားသို့ တက်ရောက်လာသော သံဃာတော်များထံမှ ၅ ပါးသီလ ဆောက်တည်ခံယူကြသည်။ ဆရာတော်များမှ မေတ္တာပို အမျှပေးဝေအပြီး နံက် ၁၁ နာရီတွင် အခန်းအနားကို ခေတ္တ ရပ်နားသည်။
့ ရပ်နားချိန်အတွင်း သံဃာတော်များအား ဆွမ်းကပ်လှူခြင်း အခန်းအနား တက်ရောက်လာသော ပရိဿတ် ၂၀၀ ကျော်အား ထ္မင်းဘူးများ ဝေငှပေး၍ နေ့လည် ၁၂ နာရီတွင် အခန်းအနား ပြန်လည်စတင်ခဲ့သည်။ ကြွရောက်လာသော ကိုယ်စားလှယ် အသီးသီးမှ မိန့်ခွန်းများ ပြောကြား ခဲ့အပြီး ညနေ ၂ နာရီတွင် အခန်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တော်လှန်ရေး မျိုးစေ့ချ ပေးခဲ့သော ဆရာတော်၏ ဂုဏ်ကျေးဇူးအား ဖျောက်ဖျက်ပြစ်နေသော စစ်အာဏာရှင်တို့အား ရှုံ့ချသောအားဖြင့် ဤအခန်းအနားကိုကျင်းပခြင်း ဖြစ်ကြောင်း အခန်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ဦး ခိုင်စံထွန်းအောင်က ပြောကြားသည်။
48 NEWS (9 – 9 – 09)




No comments:

Post a Comment