Saturday, September 26, 2009

န၀ရတ်က ၃၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သန်လျင်တွင် အလှူလုပ်


(ဓာတ်ပုံ-အလင်းတန်းဂျာနယ်)
စက်တင်ဘာ ၂၇
သရုပ်ဆောင် န၀ရတ်က ယခုလ ၆ ရက်နေ့က ကျရောက်သည့် သူ၏ မွေးနေ့တွင် ဗုဒ္ဓဘာသာ ကလေး ၂၀ ခန့် သင်္ကန်းဆီးနိုင်ရန် ကူညီခဲ့သည်ဟု အလင်းတန်းဂျာနယ် အမှတ် ၅၇၁ တွင် ရေးထားသည်။

ကလေးများမှာ ရန်ကုန်တိုင်း၊ သံလျင်မြို့ ကညင်ပင် ဘုန်းကြီးကျောင်းဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်ဟု ဆိုသည်။

“သန်လျင်က ကလေး နှစ်ဆယ်လောက်ကို အစ်မရဲ့ အစ်မက ကျောင်းထားပေးထားတာ ရှိတော့ အဲဒီလို နွမ်းပါးတဲ့ ကလေးတွေကို ကိုရင်ဝတ်ပေးချင်တယ် ဆိုတဲ့ စိတ်လေး ဖြစ်လာတယ်။ အဲဒါနဲ့ မွေးနေ့ မတိုင်ခင် ညနေပိုင်းမှာ သွားပြောလိုက်တာ မွေးနေ့မှာ နွမ်းပါးတဲ့ ကလေး နှစ်ဆယ်လောက်ကို ကိုရင်ဝတ်ပေးနိုင်ခဲ့တယ်” ဟု မင်းသမီး န၀ရတ်က အလင်းတန်းသို့ ပြောပြသည်။

ထိုသို့ အလှူလုပ်ရာတွင် ဒေသခံ အရပ်သားများကို ဒံပေါက်ထမင်းဖြင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။

န၀ရတ်၏ အမည်ရင်းမှာ စပယ်ကိုကို ဖြစ်ပြီး ၁၉၇၇ ခုနှစ်ဖွား ဖြစ်သည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ဖူးသည်။
Ref ... မိုးမခအထောက်တော် အမှတ် ၀၀၆

No comments:

Post a Comment