Sunday, September 13, 2009

မိုးခါးရေ သောက်လိုသူ


မိုးခါးရေ သောက်ခြင်တယ်
ခေတ်နဲ့ လျှော်ညီစွာ
ရော် … ခက် ခက်လှချည့်ရဲ့
ယောယိမ်းလိုက် ဘသားယိမ်းလိုက်
ဒီ တေးသွားတွေသာ
တိမ်ထုဖွဲ့ တည်
အရည်မှုန်ဖြစ် စု ဖွဲ့
ရွာချနေတုန်း …. ။

မိုးခါးရေ သောက်ခြင်တယ်
ရာဇဥမ္မတ္တက မိုးကြိုးထစ်
လျှပ်စစ် ချုန့် ချိန်း
မိုးခါးရေ
မြေပြင်လူသား ဆွဲချမယ်
ကြံရွယ်နေတုန်း …. ။

မိုးခါးရေ သောက်ခြင်တယ်
လူထုအာဏာ
ဂလိုဘယ်လိုက်ဇေးရှင်း
တရွေ့ရွေ့တိုးတက်ရေးလက္ခဏာ
ဘယ်ဟာက
မိုးခါးရေ ဖြစ်မယ်
ခွဲ ခြား စိပ် ဖြာ
ရေ ရေ ရေ ရှာနေတုန်း …. ။

မင်းဟံသာ

No comments:

Post a Comment