

၁၃၇၁ ခုနှစ် တပေါင်းလပြည့်ကျော် ၁၀ ရက် ( ၀၉ ၊ ၀၃ ၊ ၂၀၁၀ ) နေ့တွင် မဲဆော့တ် မြို့နယ် ကျေဒီခို့ကျေးရွာတွင် ကျင်းပ ပြုလုပ်သော ညတရားပွဲ ဒုတိယည စည်ကားသိုက်မြိုက်စွာ ဆင်ယင်ခဲ့သည်ဟု သိရှိရပါသည်။ ဤဒေသတွင် ပဌမဆုံး ကျင်းပသော ညတရားပွဲဖြစ်၍ ပဌမညက တရားနာယူသူ ၈၀ ခန့်သာရှိခဲ့ပြီး ယနေ့ညတွင် တ ရားနာယူသူ ၂၀၀ ခန့် လာရောက်သည်ဟု တရားပွဲ စီစဉ်သူ အိမ်ရှင် ဦးကျော်ဝင်း မှပြောကြားပါသည်။ ညတရားပွဲ အစဉ်အလာ မရှိခဲ့သော်လည်း ဖြစ်ပေါ်လာသော အစဉ်အလာကောင်းအား ထိန်းသိမ်းကြရန်လိုကြောင်း တရားဟောဆရာတော် လယ်တီဝံသ အရှင်ကောဝိဒ (ဒီပဲရင်း ) မှ သြဝါဒပေး၍ အနှစ် အကာခွဲခြားသိပါ (ကဏှ ဘု၇ားအလောင်းကြံစည်ခန်း ) တရားတော် ကိုဟောကြားတော် မူသည်ဟု သတင်းရရှိပါသည်။

48 news
No comments:
Post a Comment