DKBA နောက်ဆက်တွဲ မဲဆောက် ၂ ထပ်အချုပ်က ဗမာပြည်သားတွေ အသဲကွဲ
DKBA အတွင်း အကွဲအပြဲများ၏ နောက်ဆက်တွဲအဖြစ် မဲဆောက်မြို့နယ်အတွင်းမှ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးထားသည့် ဗမာပြည်သားအလုပ်သမားများအား ဗမာပြည် ဘက်ကမ်းသို့ ပြန်မပို့နိုင်သည်မှာ ၃ ရက်ခန့် ရှိပြီး အဆိုပါ ၂ ထပ် အချုပ်တွင် အဖမ်းဆီးခံ ဗမာပြည်သားများမှာ ဇူလိုင်လ ၂၆ ၇က်တွင် ဘန်ကောက်မှ ဖမ်းဆီးခံရသူ ၂၈၇ ယောက်အပါအ၀င် စုစုပေါင်း ၇၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ၇ ရက်ခန့်က မဲဆောက်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိသော တရားမ၀င်နေထိုင်သူ ဗမာပြည်သား များအား တဖက်ကမ်းဖြစ်သည့် မြ၀တီကမ်းစပ် ငြိမ်းချမ်းရေးဂိတ်သို့ ပြန်ပို့၍ ထိုင်းအာဏာပိုင်များ အပြန်တွင် မြ၀တီ ဘက်ကမ်းရှိ DKBA စခန်း သုံည ဂိတ်မှ DKBA တပ်ဖွဲ့ဝင်များဖြစ်သည့် ကျော်ဦးနှင့် အောင်ကျော်တို့မှ သေနတ်ပစ်ဖေါက်ခဲ့သည်။ ၎င်းတို့ သေနတ်ပစ်ဖေါက်ရခြင်းမှာ နိုင်ငံရင်း ပြန်ပို့ခံရသူ ဗမာပြည်သားများအား ၎င်းတို့ စခန်းဂိတ်မှ ပြန်မပို့သောကြောင့်ဖြစ်သည်။ DKBA တပ်ဖွဲ့များသည် နေရင်းနိုင်ငံ ပြန့်ပို့ခံရသူ ဗမာပြည်သားများထံမှ ဆက်ကျေးငွေအဖြစ် တဦးလျင် (ယခင်ဈေး) ၁၃၀၀ ဘတ် ကောက်ခံကာ စားသောက်နေကြခြင်းဖြစ်သည်။
ထိုသို့ သေနတ်ပစ်ဖေါက်မှုဖြစ်ပွားပြီး နောက်ပိုင်း နေရင်းနိုင်ငံပြန်ပို့ရေး အားလုပ်ကိုင်နေသေးသော်လည်း လွန်ခဲ့သည့် ၃ ရက်ခန့်မှ စတင်ကာ DKBA မှ နေရင်းပြန် ဗမာပြည်သားများအား ဆက်ကြေးငွေ ၂၀၀၀ ဘတ် အထိ တိုးမြင့်ကောက်ခံလာသည့်အတွက် ထိုင်းအာဏာပိုင်များမှ ဗမာပြည်သားများအား နေရင်း ပြန်ပို့ရေး အစီအစဉ်အား ခေတ္တရပ်ဆိုင်းထားသဖြင့် မဲဆောက်မြို့ ၂ ထပ် အချုပ်တွင် ဖမ်းဆီးခံ ဗမာပြည်သားများ ဤကဲသို့ သောင်တင်နေရခြင်းဖြစ်သည်။
48 – News (27 – 7 – 09)
ပခန်းကောင်ကျေးရွာတွင် အလုပ်သမားများနှင့် တပ်မတော်သားများ ပူးပေါင်း
ထိုင်းနိုင်ငံ၊ ဖုတ်ဖက်မြို့နယ်အတွင်းရှိ ပခန်းကောင်ကျေးရွာမှ ထိုင်းနိုင်ငံသား ယာခင်းပိုင်ရှင်များအား ဒေသခံ ထိုင်းတပ်မတော်သားများမှ ဗမာပြည်သား အလုပ်သမားများအား တနေ့လုပ်ခ၀င်ငွေအဖြစ် အနည်းဆုံး ၁၀၀ ဘတ်ပေးရမည်ဖြစ်ကြောင်း တောင်းဆိုခဲ့သည်။
ယမန်နေ့ (၂၆ - ၇ - ၀၉) နံနက် ၃း ၃၀ နာရီတွင် ပခန်းကောင်ကျေးရွာသို့ ထိုင်းတပ်မတော်မှ တပ်ဖွဲ့တဖွဲ့ဝင်ရောက်လာပြီး ကျေးရွာတွင်းမှ အိမ်ရှိလူကုန်အား ရွာလည်လမ်းတွေ စုဝေးစေကာ ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပခန်းကောင်ကျေးရွာတွင် မုန်းလူမျိုးများအများစုနေထိုင်ပြီး လွေ့၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ ငရုပ် … စသော ရာသီ သီးနှံများစိုက်ပျိုးကြသည်။ ထိုယာခင်းများတွင် ဗမာပြည်သားများမှ နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်နေရပြီး တနေ့လုပ်အားခအဖြစ် ၈၀ ဘတ်သာ ရရှိခဲ့ခြင်းဖြစ်သည်။
48 – News (27 – 7 – 09)
No comments:
Post a Comment